spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းအိန္ဒိယတွင် Air India လေယာဉ်ပျက်ကျမှုကြောင့် လူ ၂၄၀ ကျော် သေဆုံး

    အိန္ဒိယတွင် Air India လေယာဉ်ပျက်ကျမှုကြောင့် လူ ၂၄၀ ကျော် သေဆုံး

    -

    အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ အာမက်ဒါဘတ်(Ahmedabad)မြို့တွင် ဇွန်လ ၁၂ ရက်နေ့က Air India လေကြောင်းလိုင်း ခရီးသည်တင်ယာဉ်တစ်စင်း ပျက်ကျမှုကြောင့် ခရီးသည်အပါအဝင် လူ ၂၄၀ ကျော် သေဆုံးကြောင်း သိရသည်။

    အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ် (Gujarat)ပြည်နယ်၊ အာမက်ဒါဘတ်လေဆိပ်မှ လန်ဒန်မြို့ ၊ ဂတ်ဝစ် (Gatwick) လေဆိပ်သို့ ပျံသန်းသည့် အဆိုပါလေယာဉ်သည် ပျံသန်းပြီး မိနစ်အနည်းငယ်အကြာတွင် အာမက်ဒါဘတ် ဆေးကျောင်းဆောင်ပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။

    လေယာဉ် မပျက်ကျမီ လေယာဉ်မှူးက အာဘတ်ဒါဘတ်လေကြောင်းထိန်းချုပ်ရေးဌာနသို့ အရေးပေါ်အကူအညီ တောင်းခဲ့သေးသော်လည်း နောက်ပိုင်းတွင် အဆက်အသွယ် ပြတ်သွားခဲ့သည်။

    “လေယာဉ်ပေါ်တွင် နို့စို့အရွယ်ကလေးနှစ်ဦး အပါအဝင် ခရီးသည် ၂၃၂ ဦး ၊ လေယာဉ်အမှုထမ်း ၁၀ ဦး စုစုပေါင်း ၂၄၂ လိုက်ပါသွားပြီး ဗြိတိန်နိုင်ငံသားတစ်ဦး အသက်ရှင်လျက်တွေ့ရှိခဲ့ပါတယ်။ သေဆုံးသူအရေအတွက် အတိအကျကို ရေတွက်နေဆဲဖြစ်ပြီး လေယာဉ်ပိလို့ အဆောက်အအုံထဲမှာ သေဆုံးသူတွေပါ ပါဝင်သည့်အတွက် ပြန်လည်ရေတွက်နေဆဲ ဖြစ်တယ်လို့” ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

    ဆေးကျောင်းသားများနေထိုင်သည့် အဆောင်ပေါ်သို့ ပျက်ကျခဲ့ခြင်းကြောင့် ကျောင်းသားများစွာ ထိခိုက်မှုရှိကြောင်း၊ ကျောင်းသား ၅၀ မှ ၆၀ ခန့်ကို ဆေးရုံပို့ခဲ့ရကြောင်း အိန္ဒိယဆေးဘက်အသင်းအဖွဲ့က ပြောသည်။

    လေယာဉ်ပျက်ကျမှု အကြောင်းရင်းကို ရှာဖွေရန်အတွက် အိန္ဒိယအရပ်ဘက်လေကြောင်းဦးစီးဌာနက အဆင့်မြင့်စုံစမ်းရေးကော်မတီတစ်ရပ်ဖွဲ့ထားပြီး အမေရိကန်အခြေစိုက် လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Boeing နှင့် GE Aerospace လေကြောင်းနည်းပညာရှင်များလည်း ပါဝင်လာမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

    အိန္ဒိယတွင် အဆိုးဆုံးလေကြောင်းမတော်တဆမှုက ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်က ဖြစ်ပွားခဲ့သည်။

    ဆော်ဒီအာရေဗျလေကြောင်းလိုင်းပိုင်လေယာဉ်နှင့် ကာဇက်စတန်လေကြောင်းလိုင်းပိုင်လေယာဉ်တို့ ဟာယာနာပြည်နယ်တွင် ပျံသန်းနေရင်း တိုက်မိခဲ့ပြီး လေယာဉ်နှစ်စင်းတွင် လိုက်ပါလာသူ ၃၄၉ ဦးစလုံး သေဆုံးခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks