spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းကျုံဒိုး- ကော့ကရိတ်ကို လက်မလွှတ်ရန်အတွက် စစ်တပ်မှအင်အားဖြည့်ခုခံနေ

    ကျုံဒိုး- ကော့ကရိတ်ကို လက်မလွှတ်ရန်အတွက် စစ်တပ်မှအင်အားဖြည့်ခုခံနေ

    -

    ကရင်ပြည်နယ်၊ ကျုံဒိုး- ကော့ကရိတ်လမ်းပိုင်းရှိ စစ်ကောင်စီဂိတ်စခန်းနှင့် တပ်စွဲထားသည့်နေရာတို့ကို တော်လှန်ရေး မဟာမိတ်အဖွဲ့တို့မှ ယနေ့အထိ ပူးပေါင်းတိုက်ခိုက်နေဆဲဖြစ်ပြီး၊ စစ်ကောင်စီဘက်မှလည်း အပြင်းအထန်အင်းအားဖြည့်တင်းခုခံလျှက်ရှိသည်ဟု မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

    ဓါတ်ပုံ- စစ်ကောင်စီအဖွဲ့တို့ တပ်စွဲရာနေရာ

    အာရှလမ်းမကြီးကို လက်ရှိတော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ပိုမိုထိန်းချုပ်ထားနိုင်ပြီး ကော့ကရိတ်ဘက်ရှိ စစ်ကောင်စီတပ်စခန်းတို့တွင် အင်အားနည်းနေသည့်အခြေအနေကြောင့် ကျုံဒိုးဘက်မှသာ စစ်ကြောင်းထိုးခြင်းလုပ်ဆောင်နေသည်။

    ကျုံဒိုးမြို့ကို လက်မလွှတ်ရန်နှင့် အာရှလမ်းမကို ပြန်လည်ထိန်းချုပ်ရန်အတွက် ဂျိုင်းမြစ်ဒေသတစ်လျှောက်တွင် လက်နက်အင်အားပိုမိုတပ်ဆင်ပြီး ကျုံဒိုးမြို့တွင်းရှိတပ်ရင်းတို့တွင်လည်း အင်အားအလုံးအရင်စုဆောင်ခြင်းနှင့် ဘုန်ကြီးကျောင်း၊ စာသင်ကျောင်းတို့တွင် နေရာယူလျှက်ရှိကြောင်း ကျုံဒိုးမြေပြင်ရောက် တော်လှန်ရေးရဲဘော်တစ်ဦးက IMNA ကိုပြောသည်။

    "မြို့ထဲမှာတော့ ၅၄၅ တပ်ရင်းထဲမှာ အင်အားအလုံးအရင်တွေ စုစည်းထားတာတွေ့ရတယ်၊ ဒါ့အပြင် ကျုံဒိုးမြို့ အထက ကျောင်းနဲ့ ကျောင်းဘေးက ပေါ်တောမှုဘုန်းကြီးကျောင်း၊ ရသေကျောင်း အနေရာနဲ့ အနီးတစ်ဝိုက်က နေအိမ်တွေမှာ သူတို့နေရာယူ အင်အားဖြည့်တင်းထားတာကိုက တွေ့ရတယ်။’’ ဟု ဆိုသည်။

    ထို့အပြင် အရပ်သားပုံစံဖြင့် ကုန်တင်ကားများအသုံးပြု၍ အင်အားဖြည့်တင်းခြင်း၊ ရိက္ခာပို့ဆောင်ခြင်းများတို့လုပ်ဆောင်နေကြောင်းလည်း ကျုံဒိုးဒေသရှိ တော်လှန်ရေးရဲဘော်တစ်ဦးက IMNA ကိုပြောသည်။

    အဆိုပါဒေသတွင် ပြင်းထန်တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်ချေရှိပြီး၊ ယမန်နေ့ ဇွန်လ ၁၂ ရက်တွင် ကျုံဒိုးမြို့နယ် ၊ ယမန်နေ့အထိ စစ်ကောင်စီ၏ ၅၄၆ တပ်ရင်းအရှေ့ဘက်တွင်လည်း နှစ်ဖက်တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်းသိရသည်။

    “မနေ့ မနက်ပိုင်းလောက်က ချောင်းဖျားလမ်းဘတ်ကို စစ်ကြောင်းထိုးစစ်ဆင်ဖို့ စစ်ကားတွေ သွားနေတာတွေ့ရပါတယ်။ ၅၄၅ ကဒုံးဖြင့်တိုက်ခိုက်တယ်၊ နာရေးအိမ်ဒုံးဖြင့်တိုက်ခိုက်ခံရတယ်၊သေဆုံးသူများပြားတယ်၊ နောက်ပြီး ထုံးစံအတိုင်း လက်နက်ကြီးအသံတွေေ လယာဉ်အသံတွေနဲ့ သေနတ်အသံတွေ ပုံမှန်အတိုင်းကြားနေရဆဲပါ”ဟု ၎င်းကပြောသည်။

     စစ်ကောင်စီအဖွဲတို့ လေကြောင်း ရေကြောင်းအသုံးပြုနေကြောင်းနှင့် ဒေသခံတို့ သတိရှိရန်လည်း အထက်ပါတော်လှန်ရေးရဲဘော်က တိုက်တွန်းထားသည်။

    ဧပြီလ၁၄ ရက်နေ့မှပြီး KNLA  နှင့် PDF ပူးပေါင်းတပ်တို့က ကော့ကရိတ်မြို့နယ် စစ်စခန်း၊ ဂိတ်များကို တိုက်ခိုက်နေပြီး၊ တိုက်ပွဲများမှာကော့ကရိတ်မြို့အနောက်ဘက် ကျုံဒိုးကြားရှိ အာရှလမ်းပိုင်း၊ ကော့ကရိတ်မြောက်ဘက် ကော့ကရိတ်-မြဝတီဒေါနတောင်လမ်းဟောင်း၊ ကော့ကရိတ်မြို့ အရှေ့ဘက် အာရှလမ်းမကြီးတို့တွင် ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့သည်။

    တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့်အချိန်မှစပြီး စစ်ကောင်စီမှ ကော့ကရိတ်မြို့အဝင်အထွက်ကိုပိတ်ပင်ခဲ့သလို ကုန်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းကိုလည်းတားမြစ်တ၏ထားသောကြောင့် တောလမ်းအသုံးပြုပြီးစားနပ်ရိက္ခာ တင်သွင်းနေရသည့်အတွက် ဈေးနှုန်းသည်လည်း အဆမတန်မြင့်တက်နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks