spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းမုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်းတိုက်ပွဲအတွင်း ရာမညမွန်တပ်တော် ဒု-ဗိုလ်တစ်ဦး ကျဆုံး

    မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်းတိုက်ပွဲအတွင်း ရာမညမွန်တပ်တော် ဒု-ဗိုလ်တစ်ဦး ကျဆုံး

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်း၊ နှီးပဒေါနှင့် ရောင်းဒေါင်းကျေးရွာကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ရာမညမွန်တပ်တော်က ဒု-ဗိုလ်တစ်ဦး ကျဆုံးသွားသည်ဟု ရာမညမွန်တပ်တော် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

    ဇွန် ၁၁ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်က မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်း၊ ရောင်ဒေါင်းကျေးရွာနှင့် နှီးပဒေါကျေးရွာကြားတွင် အင်အား ၃၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသည့်ကားကို ရာမညမွန်တပ်တော်က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

    ထိုသို့ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ တစ်နာရီခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု အများအပြားရှိကြောင်း ရာမညမွန်တပ်တော်ဘက်ကလည်း ဒု-ဗိုလ်တစ်ဦး ကျဆုံးသွားခဲ့ကြောင်း ရာမညမွန်တပ်တော် ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောသည်။

    “တစ်နာရီအတွင်း ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေက အရမ်းကိုမှ ပြင်းထန်တဲ့အခြေအနေ ဖြစ်ခဲ့တယ်။ ရန်သူဘက်က မော်တော်ယာဉ်မှာရော၊ ခြံတွေမှာရော အများအပြား သေကြေနေကြတာ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ စာရင်းအတိအကျရဖို့ စုံစမ်းနေဆဲပဲ ဖြစ်တယ်။ ကျနော်တို့ရာမညမွန်တပ်တော်ဘက်ကလည်း ဒု-ဗိုလ်အဆင့်ရှိ ရဲဘော်တစ်ယောက်က အမျိုးသားလွတ်မြောက်ရေးအတွက် အသက်ပေးဆပ်ခဲ့ရတယ်” ဟု ၎င်းက ပြောသည်။

    သံဖြူဇရပ်နှင့် မုဒုံမြို့နယ်တစ်ဝိုက်တွင် စစ်ကောင်စီလက်အောက်ခံအဖွဲ့တို့က လိုင်စင်မဲ့ယာဉ်များကို စစ်ဆေးဖမ်းဆီးသည့်အကြောင်းပြချက်ဖြင့် ပြည်သူများထံ ငွေညှစ်တောင်းခံနေခြင်းကြောင့် ယခုလို တိုက်ခိုက်ရခြင်း ဖြစ်သည်ဟု နိုင်ကောင်းစကားက ဆက်ပြောသည်။

    တိုက်ပွဲအတွင်း အဘစ်ကျေးရွာရှိ စစ်ကောင်စီအမြှောက်တပ်တို့မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် တိုက်ပွဲဖြစ်ပြီးနောက် ကားလမ်းတလျှောက် စစ်ကောင်စီတို့က လုံခြုံရေး ပိုမိုတင်းကြပ်ထားကြောင်း သိရသည်။

    ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ကလည်း ရောင်းဒေါင်းကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို NMSP-AD ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တစ်ဦး သေဆုံးကာ၊ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    မုဒုံ-သံဖြူဇရပ်ကားလမ်းတလျှောက် လုံခြုံရေးကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဖြတ်သန်းသွားလာနေသည့် စစ်ကောင်စီ ယာဉ်တန်းများကို NMSP-AD မကြာခဏ ကြားဖြတ်တိုက်ခိုက်လေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks