spot_img
Monday, March 2, 2026
More
    spot_img
    Homeမေးမြန်းချက်“ တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေမှာ တိုင်းရင်းသားတွေများတော့ မိခင်ဘာသာစကား၊ တိုင်းရင်းသားဘာသာစကား၊ နိုင်ငံခြားဘာသာစကားသုံးမျိုးစလုံးကို သင်ရိုးညွှန်းထဲ ထည့်သွင်းပြီးတော့ကလေးတွေ ပညာရေးနဲ့အဆက်မပြတ်အောင် သင်ကြားပေးနေပါတယ်” MSFC...

    “ တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေမှာ တိုင်းရင်းသားတွေများတော့ မိခင်ဘာသာစကား၊ တိုင်းရင်းသားဘာသာစကား၊ နိုင်ငံခြားဘာသာစကားသုံးမျိုးစလုံးကို သင်ရိုးညွှန်းထဲ ထည့်သွင်းပြီးတော့ကလေးတွေ ပညာရေးနဲ့အဆက်မပြတ်အောင် သင်ကြားပေးနေပါတယ်” MSFC ပညာရေးဌာနမှတာဝန်ရှိသူ ဆရာမမယ်အိ

    -

    မွန်-ကရင်ပြည်နယ်အစပ်ရှိ တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေတို့တွင် စစ်ဘေးရှောင် ကလေးများအတွက် မွန်ပြည်ဖယ်ဒရယ်ကောင်စီ(MSFC)မှ ပညာဆက်လက်သင်ကြားခွင့်ရှိရန် ၂၀၂၃ ခုနှစ်မှစ၍ ဆောင်ရွက်ပေးနေပြီး မိခင်ဘာသာစကားဖြင့် အသုံးပြုသင်ကြားပေးနေကြောင်း အဖွဲ့တာဝန်ရှိသူတို့မှ သိရသည်။

     တော်လှန်ရေးအင်အားစု စိုမိုးနယ်မြေအတွင်း မွန်နှင့်ကရင်အပါအဝင် အခြားတိုင်းရင်းသားတို့လည်း နေထိုင်နေသည့်အတွက် ၎င်းတို့၏ မိခင်ဘာသာစကားအပြင် နိုင်ငံခြားဘာသာစကားတို့ကိုလည်း သင်ရိုးညွှန်းတမ်းအလိုက် ထည့်သွင်းသင်ကြားပေးလျှက်ရှိသည်။

    ထို့အပြင် MSFC မှ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့တွင် အဆင့်မြင့်ပညာ၊ အသက်မွေးပညာ၊ အခြေခံပညာ၊ ကျောင်သားများ (အဆင့်မြင်/ အခြေခံ) တိုင်းရင်းသား ပညာရေးနှင့်အခြားအစုအဖွဲ့ကဏ္ဍတို့ပါဝင်သည့် ဖက်ဒရယ်ပညာရေးကောင်စီကို ဖွဲ့စည်းခဲ့ကြောင်း MSFC မှ ပြီးခဲ့သည့် ဇွန် ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။

    ဖွဲ့စည်းထားသည့် ဖက်ဒရယ်ပညာရေးကော်မတီမှ ပညာရေးအကောင်ထည်ဖော်မှုအပိုင်းနှင့် တော်လှန်ရေးစိုးမိုးနယ်မြေအတွင်းရှိ ကျောင်းနေအရွယ်ကလေးများအတွက် ပညာသင်ကြားပေးနေသည့်အခြေအအနေနှင့်ပတ်သတ်၍ MSFC ပညာရေးဌာနမှတာဝန်ရှိသူ ဆရာမမယ်အိနှင့် ဆက်သွယ်မေးမြန်းထားသည်။

    မေး။   ။ မွန်ပြည်ဖယ်ဒရယ်ကောင်စီအနေနဲ့ စစ်ဘေးရှောင်ကလေးနဲ့ ပဋိပက္ခဖြစ်ပွားတဲ့နေရာက ကလေးတွေ ပညာဆက်လက်သင်ယူနိုင်ဖို့ ဘယ်လိုမျိုးဆောင်ရွက်ပေးနေတာရှိလဲ။

    ဖြေ။   ။ "ဟုတ်ကဲ့ မွန်ပြည်ဖယ်ဒရယ်ကောင်စီအနေနဲ့တော့ပညာရေးကဏ္ဍပိုင်း အကောင်အထည်ဖော်နေပါတယ်၊ ဘယ်လိုပြောရမလဲကျမတို့ဘက်မှာ စိုးမိုးနယ်မြေ၊လွတ်မြောက်နယ်မြေတွေလည်း တိတိပပအရမ်းကြီးမပေါ်လာသေးဘူးဆိုတော့ ပညာရေးနဲ့ပတ်သက်ပြီးတော့ လုပ်တော့လုပ်နေတယ် သူတို့ united တွေလိုတော့ အများကြီးလုပ်နေတာမျိုးမရှိဘူး၊ တစ်ပိုင်တစ်နိုင်အနေနဲ့ လုပ်ပေးနေတာတော့ရှိပါတယ် ကျမတို့ MSFC အနေနဲ့ပေါ်ပေါက်လာတဲ့ ဘယ်ပညာရေးအဖွဲ့အစည်းနဲ့မဆို ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိပါတယ်။”

    မေး။  ။ ဆိုတော့ ကလေးတွေကို မြေပြင်မှာ ဘယ်သင်ရိုးညွှန်းတမ်းတွေသုံးပြီးတော့ သင်ကြားပေးနေတာရှိလဲ။

    ဖြေ။  ။ " သင်ရိုးညွှန်းတမ်းတွေက အရင်အစိုးက NLD လက်ထက်ရှိထားတဲ့သင်ရိုးညွှန်းတမ်းကိုသုံးတယ်၊ G 9 ကိုကျတော့စစ်ကောင်စီဆွဲထားတာမလို့ကျမတို့မသုံးဘူး၊ ကျမတို့ MOE ဘက်ကနေပညာရှင်တွေ ဆွဲထားတဲ့သင်ရိုးညွှန်းတမ်းကိုသုံးတယ်၊ G 10၊ G 11၊ G 12 တွေကျတော့ ကျမတို့အစိုးရကနေရေးဆွဲ ထားတာကိုသုံးပါတယ် ဒါတွေကလေအရင်ပညာရေးစနစ်လို့ပြောလို့မရဘူး သင်နည်းတွေကအစလုံးဝပြောင်းသွားပြီးပေါ့နော်၊ ပြောရမယ်ဆိုရင်အရင်စနစ်ဟောင်းအတိုင်း သင်တာကတော်တော်ရှားသွားပြီး ၊ ကျမတို့ပညာရေးစနစ်အသစ်တိုင်းကိုသင်ကြားရေးကိုလုပ်ဆောင်ပါတယ်။ ကျမတို့ဒီ MSFC ကတော့ State holder အနေနဲ့ပဲရှိတာပေါ့နော်၊ အထူးသဖြင့် ဆိုရင်ကျမတို့ ဘက်မှာတိုင်းရင်းသားတွေများတဲ့ အခါကျတော့ မိခင်ဘာသာစကား၊ တိုင်းရင်းသားဘာသာစကား နိုင်ငံခြား ဘာသာစကားသုံးမျိုးစလုံးကို သင်ရိုးညွှန်းထဲထည့်သွင်းပြီးတော့Curriculum ကနေအဆင့်ဆင့်အစအစအရာရာပြင်ဆင်ပြီးတော့ အကောင်းမွန်ဆုံးဖြစ်အောင်လုပ်ဆောင်သွားဖို့ရှိပါတယ်”

    မေး။   ။ ဘယ်အချိန်ကစပြီး ပညာရေးကဏ္ဍကို စတင်အကောင်အထည်ဖော်နေသလဲ။ လက်ရှိမှာ ဘယ်အတိုင်းအတာထိရောက်ရှိနေပြီးလဲ။

    ဖြေ ။   ။ “၂၀၂၃ ကတည်းကဖြေးဖြေးချင်းစနေတာတွေရှိတယ် ၄ ကျောင်းရှိတယ်၊ ၂၀၂၄ ကတော့ ၁၀ ကျောင်းလောက်ရှိသွားတယ်၊ မွန်ပြည်နယ်ရဲ့ ပညာရေးအနေအထားကို ကြည့်လိုက်ရင်တော့ လုံးဝရပ်တန့်သွားတာမျိုးတော့ မရှိနေဘူး၊ ရေးဘက်မှာဆိုရင် Home Base learning ကိုတော့ ၂၀၂၂ ကတည်း ကစ ပြီးလုပ်နေတာရှိတယ် အဲ့လိုမျိုး တစ်ပိုင်တစ်နိုင် ကိုယ့်မြို့နယ်အလိုက်လုပ်နေပါတယ်၊ ဒီနှစ်ကျမတို့အနေနဲ့ ကျောင်းဘယ်နှစ်ကျောင်း ရှိလဲဆိုတာတိတိကျကျမပြော နိုင်သေးပါဘူး၊ မူလတန်းကျောင်းတွေကများတယ်။ အလယ်တန်းကျောင်းတွေလည်းရှိပါတယ်၊ ကလေးတွေရှိတဲ့ အတန်းတွေအထိကို အကုန်လုံးသင်ပေးတာတွေရှိတယ်၊ အတန်းကြီးတွေကျတော့အရေအတွက်နည်းတယ်ပေါ့၊ ပုံမှန်အနေနဲ့ကျတော့ မူလတန်းကျောင်းတွေလည်း ဖွင့်ထားတယ်၊ အချို့ ကျောင်းတွေကကျတော့ အလယ်တန်းနဲ့အထက်တန်းတွေပေါ့အဲ့လိုတော့ရှိတယ်။ အခုကျမတို့ကောင်စီအနေနဲ့က မွန်ပြည်နယ်မြောက်ခြမ်းကော၊ တောင်ခြမ်းကောအချို့သော လွတ်မြောက်နယ်မြေ၊ တော်တော်များများစိုးမိုးမှုရှိထားတဲ့နယ်မြေတွေမှာ စာသင်ကျောင်းတွေဖွင့် ထားတာတော့ရှိပါတယ်၊ အဲ့ဒီစာသင်ကျောင်းတွေက ကလေးတွေကိုဆိုရင် ကျောင်းသားတွေအတွက် စာရေးကိရိယာတွေ ထောက်ပံ့ပေးတယ်၊ဆရာ၊ ဆရာမအတွက်ဆိုရင်လစာတွေထောက်ပံ့ပေးတာတွေ ရှိပါ တယ်၊ ဆက်လက်ပြီးတော့လည်းပဲအဲ့လိုဒေသတွေမျိုးမှာ ကျောင်းတွေဆက်လက်ဖွင့်ပေး ဖို့တော့ လုပ်ဆောင်ပေးနေတာရှိပါတယ်။”

    မေး။   ။အခုလိုတော်လှန်ရေး စိုးမိုးနယ်မြေမှာရှိတဲ့ စာသင်ကျောင်းတွေဆိုရင် လေကြောင်းအန္တရာယ်နဲ့ ပိုမိုရင်ဆိုင်နေရတဲ့အခြေအနေဆိုင်တော့ ဒါနဲ့ပတ်သတ်ပြီး ဘာတွေပြင်ဆင်ထားလဲ ဖြည့်စွက်ပြောပေးပါအုံး။

    ဖြေ။   ။ “အခြေအနေတွေကတော့သိတဲ့အတိုင်းပဲ စစ်ကြောင်းတို့ဘက်မှာတော့ မွန်မြောက်ပိုင်းမှာတော့ လေယာဉ်ဗုံးကြဲတာတွေရှိလာတယ်ပေါ့နော် Air strike တွေကိုသတိထားပြီးလုပ်ဆောင်နေရတဲ့ အနေအထား စစ်ကြောင်းထိုးတာတွေရှိတယ်။ နယ်မြေအနေအထားကတော့ အရမ်းကြီးစိတ်ချရတဲ့ အခြေအနေ မဟုတ်ဘူး စိုးရိမ်းပူပန်ပြေးလွှားနေရတဲ့အနေအထားပါပဲ၊ အဲ့ဒီကြားထဲမှာမှ ကျမတို့ဆရာ၊ ဆရာမတွေကနေပြီး ကလေးတွေရဲ့ပညာရေး၊ အဆက်မပြတ်ရအောင် ထိန်းသိမ်းပြီးသင်ကြားပေးနေတဲ့ အနေအထားမှာရှိပါတယ် ဒီလိုကာလမျိုးမှာကလေးတွေရဲ့အသက်ကလွဲပြီးရင် ဘာမှအရေးမကြီးပါဘူး ပညာရေးကလည်းရပ်တန့်လို့မရတဲ့ပညာရေးဖြစ်တယ်၊ ကလေးတွေက အသက်ကြီးလာတာနဲ့အမျှ တစ်နှစ်နဲ့တစ်နှစ်ကြီးလာတဲ့အခါ ပညာရေးမရှိမဖြစ်လိုအပ်တာမှန်ပေမဲ့ ကလေးတွေရဲ့ဘေးကင်း လုံခြုံမှုကိုဦးတည်ပြီးဆောင်ရွက်သွားပါမယ်။”

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks