Wednesday, April 1, 2026
More
    spot_img
    Homeသတင်းထိုင်း- မြန်မာ နယ်စပ်တပ်စခန်းတစ်ခုကို KNU မှထပ်မံသိမ်းပိုက်၊ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိ

    ထိုင်း- မြန်မာ နယ်စပ်တပ်စခန်းတစ်ခုကို KNU မှထပ်မံသိမ်းပိုက်၊ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိ

    -

    KNU ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေးနယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ အမိုနယ်စပ်(သို့)ပွိုင့် ၂၅၆၆  စစ်ကောင်စီ ရှေ့တန်းစစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၏ ဦးဆောင်မှုနှင့်အတူ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့ကသိမ်းပိုက်ရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်မှထုတ်ပြန်ထားသည်။

    ပွိုင့် ၂၅၆၆ ထိုင်း-မြန်မာနယ်စပ်စခန်း ခလရ ၂၅ ကို ပြီးခဲ့သည့် ဇွန်လ ၈ ရက် နေ့ကပင် စတင်ထိုးစစ်ဆင်ခဲ့ပြီး ယမန်နေ့ဇွန်လ ၁၀ ရက်နေ့ နေ့လည်ပိုင်းတွင် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

    အဆိုပါတပ်စခန်းတွင် စစ်ကောင်စီ အင်အား ၄၀ ခန့်ရှိနေပြီး၊ မဟာမိတ်ပူးပေါင်းအဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့တို့က လက်နက်ခဲယမ်းများနှင့်အတူ ထိုင်းဘက်သို့ထွက်ပြေးသွားခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာကပြောသည်။

    “ ကျနော်တို့သိမ်းတဲ့အချိန်မှာ သူတို့ အကုန်လုံးထွက်ပြေးတယ်၊ လက်နက်တွေလည်းယူဆောင်သွားတယ်၊ များသောအားဖြင့် ထွက်ပြေးတာက ထိုင်းကိုထွက်ပြေးတယ်၊ ဒဏ်ရာရသူတွေရှိတယ် စခန်းမှာတော့အလောင်း ၁ လောင်းပဲတွေ့တယ်” ဟု ၎င်းကပြောသည်။

    ထို့ကြောင့် စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှု အတိအကျမသိရသေးကြောင်းနှင့် လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိထားကြောင်း ပဒိုစောအယ်နာက ဆက်ပြောသည်။

    အဆိုပါ အမိုစစ်တပ်စခန်းသိမ်းတိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၄)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ၊ဒရုန်းတပ်ဖွဲ့ KDSF၊ မဟာမိတ်တပ်များဖြစ်သည့် TPLF၊ FFD Drone နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

     ပြီးခဲ့သည့်မေလတွင်လည်း ထိုင်း-မြန်မာနယ်စပ်ရှိ ထီးထနှင့် ထီးခီးနယ်စပ်စခန်းကို KNU/KNLA နှင့်မဟာမိတ်ပူးပေါင်းအဖွဲ့တို့မှသိမ်းပိုက်ရရှိခဲ့ပြီး ဦးဆောင်လည်ပတ်နိုင်ရန် ပြင်ဆင်နေဆဲဖြစ်သည်။

    ၂၀၂၁ ခုနှစ် နောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့သည် နယ်စပ်တစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ခဲ့ရာ ၂၀၂၄ ဒီဇင်ဘာလအထိ မာနယ်ပလောဌာနချုပ်ဟောင်းကိုပြန်သိမ်းနိုင်ခဲ့သည့်အပြင် တပ်မဟာ (၇)မှ တပ်စခန်းအများစုတို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

    အလားတူ KNU နှင့်မဟာမိတ်ပူးပေါင်းအဖွဲ့တို့မှ ပူးပေါင်းသိမ်းပိုက်နိုင်ခဲ့သည့် ဒူပလာယာခရိုင်ရှိ တပ်စခန်းအချို့တို့ စစ်ကောင်စီလေကြောင်း ပစ်ခတ်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည့် အခြေအနေတို့လည်း ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks