spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားရေးရာအဖွဲ့ချုပ် (MAU) သည် ရွေးကောက်ပွဲနှင့် မသက်ဆိုင်ကြောင်း ပြောရေးဆိုခွင့်ရှိသူတို့ဆို

    မွန်အမျိုးသားရေးရာအဖွဲ့ချုပ် (MAU) သည် ရွေးကောက်ပွဲနှင့် မသက်ဆိုင်ကြောင်း ပြောရေးဆိုခွင့်ရှိသူတို့ဆို

    -

    မွန်အမျိုးသားရေးရာအဖွဲ့ချုပ် ( Mon Affairs Union- MAU) ၏ လုပ်ငန်းဆောင်တာများသည် အာဏာသိမ်း စစ်ကောင်စီတို့ ကျင်းပမည့်ရွေးကောက်ပွဲနှင့် မသက်ဆိုင်ကြောင်း MAU ပြောရေးဆိုခွင့်ရှိသူတို့က ဆိုသည်။

     မွန်ပြည်သစ်ပါတီမှ ကိုယ်စားလှယ် ၅ ဦး၊ မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ် ၅ ဦး၊  မွန်အရပ်ဘက်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် ၉ ဦး စုစုပေါင်းကိုယ်စားလှယ် ၁၉ ဦးပါဝင်သည့် လုပ်ငန်းကော်မတီဖြင့် မွန်အမျိုးသားရေးရာအဖွဲ့ချုပ် (MAU)ကို ပြီးခဲ့သည့်ဇွန်လ ၆ ရက်နေ့က ပုံစံအသစ်ဖြင့်ပြန်လည်ဖွဲ့စည်းထားကြောင်း သိရသည်။

    ပြန်လည်ဖွဲ့စည်းထားသည့် မွန်အမျိုးသားရေးရာအဖွဲ့ချုပ် (MAU)သည် လူမျိုးအကျိုးသာ သယ်ပိုးဆောင်ရွက်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကိစ္စ ဆောင်ရွက်သွားရန်မရှိကြောင်း MAU ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ဆိုသည်။

    “ရွေးကောက်ပွဲကိစ္စက ဘာမှစဉ်းစားထားတာမရှိဘူး။ MAU အဖွဲ့က အဲ့ဒီကိစ္စတွေကို လုပ်ဆောင်ဖို့ မဟုတ်ဘူး။ မွန်လူမျိုးအရေးအတွက် လုပ်ဆောင်ဖို့ပဲ စဉ်းစားထားတာ။ ရွေးကောက်ပွဲက နိုင်ငံရေးပါတီနဲ့ပဲဆိုင်တာ” ဟု ၎င်းက ပြောသည်။

    ပြန်လည်ဖွဲ့စည်းမှုအရ MAU တွင် နာယကအဖွဲ့ သံင်္ဃာတော် (၃) ပါး၊ ဥက္ကဌ အဖွဲ့ (၃) ဦး၊ အထွေထွေ အတွင်းရေးမှုး(၃) ဦးနှင့် အလုပ်မှုဆောင်အဖွဲ့ (၁၃) ဦး တို့ ပါဝင်ကြောင်းလည်း သိရသည်။

    အဆိုပါ ဥက္ကဌအဖွဲ့တွင် နိုင်ဝင်းလှ( ဥက္ကဌ)၊ နိုင်တလညီ ( ဒု-ဥက္ကဌ ၁) ၊ နိုင်မွန်ရာဇာ ( ဒု-ဥက္ကဌ ၂ )၊ အတွင်းရေးမှုးအဖွဲ့တွင် နိုင်စံတင် ( အထွေထွေအတွင်းရေးမှူး )၊ နိုင်ဝဏ္ဏမာန် ( တွဲဖက်အတွင်းရေးမှူး ၁ )၊ နိုင်အောင်မငေး ( တွဲဖက်အတွင်းရေးမှူး ၂ ) အဖြစ် တာဝန်ခန့်အပ်ထားသည်။

    မွန်အမျိုးသားရေးရာအဖွဲ့ချုပ် ( Mon Affairs Union- MAU) ကို ပုံစံအသစ်ဖြင့် ဖွဲ့စည်းရာတွင် အစုအဖွဲ့ ( ၃ ) ဖွဲ့ကိုသာ အခြေခံထားသဖြင့် မွန်လူမျိုးအားလုံးကို ကိုယ်စားမပြုနေကြောင်းလည်း မွန်ပြည်သူအချို့ ထောက်ပြပြောဆိုလျှက်ရှိသည်။

    နိုင်စံတင်က “ အစုအဖွဲ့ ၃ ဖွဲ့နဲ့ ဖွဲ့တဲ့ပုံစံကလေ မွန်အမျိုးသားကွန်ဖရင့်၂၀၂၂ ညီစားမှာကတည်းက အများသဘောနဲ့ ချမှတ်ထားတဲ့အတိုင်း ပုံစံအသစ် ဖြစ်တယ်ပေါ့နော်၊ MAU ကလည်း မွန်လူမျိုးရေးတွေကို ညှိနှိုင်းပေးတဲ့အဖွဲ့တစ်ခုပဲ ဖြစ်ရမယ်။ ဘယ်ပါတီ၊ ဘယ်အဖွဲမှ MAU အပေါ်လွှမ်းမိုးလို့မရဘူး၊ လူမျိုးရေးအတွက် ညှိနှိုင်းတဲ့ နေရာတစ်ခုပါ ” ဟု ဆက်ပြောသည်။

    ပြီးခဲ့သည့် (၂၀၀၈-၂၀၁၃) မွန်အမျိုးသားရေးရာအဖွဲ့ချုပ် ( Mon Affairs Union- MAU)ကို မွန်ပြည်သစ်ပါတီ၊ နယ်စပ်နှင့် ထိုင်းနိုင်ငံ၊ ပြည်တွင်း၊ ပြည်ပမှ အစုအဖွဲ့ (၄) ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသည်။

    အစုအဖွဲ့ ၄ ဖွဲ့ဖြင့် အခြေခံဖွဲ့စည်းထားသည့်ခြင်းကို ပြည်တွင်းရှိနိုင်ငံရေးပါတီခေါင်းဆောင်တို့က သဘောမကျ၍ စည်းလုံးညီညွှတ်ရေးပျက်ပြားမှုဖြစ်လာပြီး၂၀၁၃ ခုနှစ် မွန်အမျိုးသားညီလာခံ ကျင်းပပြီးနောက် မွန်အမျိုးသားရေးရာအဖွဲ့ချုပ် ( Mon Affairs Union- MAU) အဖွဲ့ကို ရပ်နားထားခဲ့ရကြောင်းသိရသည်။

    ပေါလောကုန်းတွင် ကျင်းပသည့် မွန်အမျိုးသားညီလာခံတွင် လည်းကောင်း၊ ၂၀၂၂ ညီစားစခန်းတွင် ကျင်းပသည့် မွန်အမျိုးသားညီလာခံတွင်လည်းကောင်း မွန်အမျိုးသားရေးရာအဖွဲ့ချုပ် ( Mon Affairs Union- MAU)ကို ပုံစံအသစ်ဖြင့် ပြန်လည်ဖွဲ့စည်းရန် ညှိနှိုင်းရေးဆွဲလာခဲ့သည်။

    ပုံစံအသစ်ဖြင့် ပြန်လည်ဖွဲ့စည်းမည့် MAU တွင် မွန်အစုအဖွဲ့အားလုံးကိုယ်စားပြု ပါဝင်နိုင်ရန် မွန်ပြည်သစ်ပါတီဥက္ကဌနိုင်ဟံသာက သူ၏သဘောထားအမြင်ကို ဆွေးနွေးတင်ပြခဲ့သော်လည်း လက်ရှိ မွန်အမျိုးသားရေးရာအဖွဲ့ချုပ် ( Mon Affairs Union- MAU) တွင် နယ်စပ်၊ထိုင်းနိုင်ငံနှင့် ပြည်ပရှိ မွန်ပြည်သူလူထုတို့ကို ကိုယ်စားပြုသည့် အစုအဖွဲ့တို့ ပါဝင်နိုင်ခြင်းမရှိပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks