spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းပုလဲတွင် ဂျက်ဖိုက်တာတစ်စင်းကို PLA ပစ်ချ

    ပုလဲတွင် ဂျက်ဖိုက်တာတစ်စင်းကို PLA ပစ်ချ

    -

    စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းတိုက်ပွဲအတွင်း စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စင်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဇွန်လ ၁၀ ရက်နေ့က ပစ်ချခဲ့ကြောင်း PLA က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်သည်။

    ကန့်ဒေါင့်ရွာစခန်းကို PLA နှင့် ပူးပေါင်းတပ်တို့က ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့ကစပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။

    ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းဖြင့် ပစ်ကူလာစဉ် PLA က ပစ်ချလိုက်ခြင်းဖြစ်သည်။

    PLA ပြောရေးဆိုခွင့်ရှိသူ ဒေါ်နီနီကျော်က “ကန်ဒေါင့်စခန်းတိုက်ပွဲက တအားပြင်းထန်တယ်။ ဇွန်လ ၂ ရက်နေ့ကနေ ဆက်တိုက်တိုက်နေတာ။ နေ့စဉ်နဲ့အမျှ ဗုံးမိုးတွေရွာနေတာ။ အဲ့ကြားထဲမှာ ကျွန်မတို့ PLA က ရွပ်ရွပ်ချွံချွံဦးဆောင်ပြီးတိုက်ပွဲဝင်နေပါတယ်။ အဲ့ကြားထဲကနေ ဒီနေ့မှာ ဂျက်ဖိုက်တာတစ်စင်းကို ပစ်ချလိုက်တာဖြစ်ပါတယ်” ဟု ပြောသည်။

    ပစ်ချခံရသည့် စစ်ကောင်စီ ဂျက်ဖိုက်တာ အမျိုးအစားနှင့် သေဆုံးမှု ရှိ မရှိကို စိစစ်နေဆဲဟု PLA ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks