spot_img
Friday, June 13, 2025
More
    spot_img
    Homeသတင်းထိုင်းနှင့်ကမ္ဘောဒီးယားတို့ နိုင်ငံသားနေထိုင်ခွင့်ကာလကို အပြန်အလှန်ကန့်သတ်နေ

    ထိုင်းနှင့်ကမ္ဘောဒီးယားတို့ နိုင်ငံသားနေထိုင်ခွင့်ကာလကို အပြန်အလှန်ကန့်သတ်နေ

    -

    ထိုင်းနှင့် ကမ္ဘောဒီးယားတို့ နိုင်ငံသားများ ပြည်တွင်းနေထိုင်ခွင့်ကာလကို အပြန်အလှန်ကန့်သတ်နေကြောင်း နှစ်ဖက်နိုင်ငံမှ ထုတ်ပြန်ပြောဆိုချက်များအရ သိရသည်။

     ထိုင်းနိုင်ငံသားများအတွက် ဗီဇာကင်းလွတ် နေထိုင်ခွင့်ကာလကို ရက်ပေါင်း ၆၀ မှ ၇ ရက်သို့ လျှော့ချလိုက်ကြောင်း ကမ္ဘောဒီးယား လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန(Cambodian Immigration Department) မှ ဦးစီးအရာရှိကြီး ဗီယက်ဆနာဆို့ (Veasna Sok) က ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ကြေငြာခဲ့သည်။

     ဗီယက်ဆနာဆို့၏ ပြောဆိုချက်အရ ထိုင်းအစိုးရမှ ဇွန် ၈ ရက်နေ့မှ စတင်၍ ကမ္ဘောဒီးယားပြည်သူများအတွက် ဗီဇာကင်းလွတ်နေထိုင်ခွင့်ကို ရက်သတ္တပတ်သာ ချမှတ်လိုက်ပြီး၊ ထိုကာလပြီးဆုံးပါက ထိုင်းနိုင်ငံမှ ပြန်လည်ထွက်ခွာရမည်ဖြစ်ပြီး နယ်စပ်ဖြတ်သန်းခွင့်ကဒ် သို့မဟုတ် ဗီဇာအသစ်ပြုလုပ်မှသာ ဝင်ရောက်နိုင်မည်ဟု သတ်မှတ်ထားကြောင်း ဆိုသည်။

    ထို့ကြောင့် ထိုင်းဘက်မှ လုပ်ရပ်ကိုတုန့်ပြန်သည့်အနေဖြင့် ကမ္ဘောဒီးယားအစိုးရမှ ထိုင်းနိုင်ငံသားများအတွက် ဗီဇာကင်းလွတ်နေထိုင်ခွင့်ကို ၇ ရက်သို့ ပြန်လည်ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

    ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ  နယ်နမိတ်အငြင်းပွားမှုများကို (International Court of Justice – ICJ) သို့ ဆွေးနွေးရန် ပေးပို့ခဲ့သည့် အကြောင်းကြားစာအပေါ် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ထောက်ခံပေးရန်လည်း တောင်းဆိုထားသေးသည်။

     ငြိမ်းချမ်းရေးနည်းဖြင့် ပြဿနာများဖြေရှင်းရန် ဆန္ဒရှိသော်လည်း၊ နိုင်ငံပိုင်နက်အပေါ်  ကျူးလွန်လာပါက တပ်ဖွဲ့အားဖြင့် တုန့်ပြန်ရန် အသင့်ရှိကြောင်း ယနေ့ ဇွန်လ ၉ ရက်နေ့တွင် ကမ္ဘောဒီးယားအစိုးရက ထုတ်ပြန်ကြေငြာထားသည်။

    ထိုင်းတပ်ဖွဲ့များအနေဖြင့် မေလ ၂၈ ရက်နေ့၌ ဖြစ်ပွားခဲ့သောပစ်ခတ်မှုအတွင်း ကမ္ဘောဒီးယားတပ်များက ထိုင်းနယ်မြေအတွင်း ဝင်ရောက်ထားကြောင်း ဓာတ်ပုံအထောက်အထားများနှင့်တကွ ထုတ်ပြခဲ့သည်။

    ထိုင်းအကြီးအကဲများအနေဖြင့် ၎င်းတို့အသုံးပြုသည့် မြေပုံသည် 1:50,000 L7018 စီးရီးမြေပုံဖြစ်ပြီး၊ မြေပြင်နယ်နမိတ်များကို ပိုမိုမှန်ကန်စွာ ရှင်းလင်းနိုင်သည်ဟု ဆိုသည်။

    ကမ္ဘောဒီးယားဘက်မှာမူ 1907 ခုနှစ်က ဖရန်စီ-သီအံသဘောတူစာချုပ်အတွဲပါ 1:200,000 စကေးမြေပုံကို ကိုးကားအသုံးပြုနေသည်ဟု ထိုင်းဘက်က ရှင်းလင်းထားသည်။

    ပြီးခဲ့သည် ဇွန်လ ၇ ရက်နေ့တွင်လည်း ထိုင်းဘက်မှ နယ်စပ်ဂိတ်ဖွင့်ချိန်ကို မနက် ၆ နာရီမှ ည ၁၀ နာရီအစား မနက် ၈ နာရီမှ ည ၄ နာရီအထိ ကန့်သတ်လိုက်ပြီး၊ ထိုအခြေအနေအပေါ် တုံ့ပြန်၍ ကမ္ဘောဒီးယားဘက်ကလည်း မနက် ၉ နာရီမှ ည ၄ နာရီအထိသာ ဖွင့်လှစ်ခဲ့သည်။

    အဆိုပါနယ်စပ်သွားလာမှုကန့်သတ်မှုများကြောင့် ဇွန် ၈ ရက်နေ့မနက်ပိုင်းတွင် ထိုင်း–ကမ္ဘောဒီးယား မိတ်ဖက်တံတား နယ်စပ်ဂိတ်၌ လူပေါင်း ၂,၀၀၀ ကျော် Sa Kaeo ခရိုင်ရှိ Aranyaprathet ဧရိယာတွင် စောင့်ဆိုင်းနေခဲ့ရသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,000SubscribersSubscribe
    spot_img

    Latest posts