spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းကော့ကရိတ်၊ ပန်ရပ်ရွာကို စစ်ကောင်စီက ကလပ်စတာဗုံးဖြင့် တိုက်ခိုက်ခဲ့ဟုဆို

    ကော့ကရိတ်၊ ပန်ရပ်ရွာကို စစ်ကောင်စီက ကလပ်စတာဗုံးဖြင့် တိုက်ခိုက်ခဲ့ဟုဆို

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ပန်ရပ်ကျေးရွာကို စစ်ကောင်စီက ကလပ်စတာဗုံး အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်သည်။

    ယမန်နေ့ ဇွန်လ ၉ ရက်နေ့ မွန်းလွဲပိုင်းက ပန်ရပ်ကျေးရွာရှိ ကိုယ်ထူကိုယ်ထဖြင့် စာသင်နေသည့် နေအိမ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

    ဗုံးကြဲခံရသည့် ဧရိယာတစ်ဝိုက်တွင် ကျန်ရစ်ခဲ့သည့် ဗုံးခွံအစိတ်အပိုင်းများကို ကြည့်ချင်းအားဖြင့် မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ စစ်ကောင်စီ ကာကွယ်ရေးပစ္စည်းစက်ရုံး ကပစ-၂၁ မှ ထုတ်လုပ်သည့် MAB-26 C 6 Cluster Bomb အမျိုးအစားဖြစ်သည်ဟု MSDI က ဆိုသည်။

    MAB-26 C 6 Cluster Boomb သည် 26-lb အလေးချိန်ရှိသည့် ၁၂၀ မမ ဗုံးသီး ၁၀ လုံးပါ ပဒေသာဆင့်ကွဲ ကလပ်စတာဗုံးအမျိုးအစားဖြစ်ပြီး တရုတ်နည်းပညာအကူအညီဖြင့် တပ်ဆင်ထုတ်လုပ်ထားသည်ဟု MSDI မှ စစ်ဘက်သုသေသနတာဝန်ခံ ကိုနောင်ရိုးက ပြောသည်။

    “မနေ့က ကျန်ခဲ့တဲ့ဗုံးအစိတ်အပိုင်းတွေ ကပစ-၁၂ ကနေ ထုတ်တဲ့ ကလပ်စတာဗုံး အမျိုးအစားဖြစ်နေတာ တွေ့ရတယ်ပေါ့လေ။ ကလပ်စတာဗုံးက ပေါက်ကွဲမှုအားပြင်းတဲ့ ဗုံးမျိုးမဟုတ်ပေမဲ့ ဧရိယာကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိခိုက်မှုများပြားစေဖို့ ဆင့်ကွဲပေါက်ကွဲစေတဲ့ ပဒေသာဗုံးမျိုးတွေ ဖြစ်တယ်။ ဆင့်ကွဲပေါက်ကွဲမှု သေးသေးလေးတွေနဲ့ နေရာကျယ်ကျယ်ပြန့်ပြန့်မှာ သက်ရောက်ပေါက်ကွဲစေဖို့ ရည်ရွယ်ထုတ်လုပ်ထားကြတာဖြစ်တယ်” ဟု လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ကလပ်စတာဗုံးကို နိုင်ငံတကာက ပိတ်ပင်ကန့်သတ်ထားသော်လည်း စစ်ကောင်စီက အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ရာတွင် ပိုမိုအသုံးပြုနေသည် တွေ့ရှိရကြောင်းလည်း ၎င်းက ဆိုသည်။

    လက်ရှိတွင် မွန်နှင့် ကရင်အစပ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးတစ်ဝိုက်တွင် ကရင်အမျိုးသားအစည်းအရုံး KNU ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီကြား တိုက်ပွဲဖြစ်ပွားနေသည်။

    စစ်ကောင်စီက တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသည့် KNU ထိန်းချုပ်နယ်မြေထဲက စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။

    “ဗုံးကြဲခံရတဲ့နေရာက KNU အုပ်ချုပ်ပိုင်းနယ်မြေ ကိုယ်ထူကိုယ်ထကျောင်း ဖြစ်တယ်။ အရင်ကတော့ စာသင်ကျောင်းမှာ စာသင်တယ်။ ကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲခံရမှာ ကြောက်လို့ အိမ်မှာ ပြောင်းသင်တာ။ ကလေးတွေက ဘာအပြစ်မှ မရှိဘူး။ KNU အုပ်ချုပ်မှုအောက်က ကျောင်းဖြစ်နေလို့ကို လာကြဲသွားတာပါ။ အခုက ကိုယ်ကလေးတွေ နေတဲ့ကျောင်းမှာ ဘယ်အချိန် ဗုံးလာကြဲသွားမလဲဆိုတာ မိဘတွေက စိုးရိမ်းနေရတယ်” ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

    ကော့ကရိတ်မြို့နယ်၊ ပန်ရပ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် အသက် ၇ နှစ်အရွယ် မစုပုံ၊ အသက် ၇ နှစ်အရွယ် ဝေယံအောင်၊ အသက် ၈ နှစ်အရွယ် လရိပ်ချို၊ အသက် ၂၄ နှစ်အရွယ် ဆရာမ မိုးသူဇာနှင့် အသက် ၆၆ နှစ်အရွယ် ဦးကုလား စုစုပေါင်း ၅ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks