spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းအာယုတောင်ရွာ ဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စစ်ဆေးမှု တင်းကြပ်ထားသလို လက်နက်ကြီးဖြင့်လည်း ပစ်ခတ်နေ

    အာယုတောင်ရွာ ဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စစ်ဆေးမှု တင်းကြပ်ထားသလို လက်နက်ကြီးဖြင့်လည်း ပစ်ခတ်နေ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အာယုတောင်ကျေးရွာထိပ်ရှိ စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ဆေးမှုတင်းကြပ်ထားသည့်အပြင် လက်နက်ကြီးဖြင့်လည်း ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံတို့က ပြောသည်။

    အာယုတောင်ကျေးရွာထိပ်ရှိ စစ်ကောင်စီ ခမရ-၃၄၃ တပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ဂိတ်စခန်းကို ရေးဘီးလူးအဖွဲ့က ဇွန်လ ၈ ရက်နေ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။

    အဆိုပါ ဂိတ်စခန်းတိုက်ခိုက်ခံရပြီး ညနေပိုင်းအချိန်တွင် စစ်ကောင်စီ ခမရ-၃၄၃ တပ်ရင်းနှင့် ခမရ-၅၈၇ တပ်ရင်းတို့မှ လက်နက်ကြီးဖြင့် ၃ ကြိမ်ခန့် ပစ်ခတ်သည်ဟု ဆိုသည်။

    လက်ရှိတွင်လည်း အာယုတောင်ရွာအဝင်အထွက်နေရာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က စောင့်ဆိုင်းနေပြီး လမ်းသွားလမ်းလာများကို ရပ်တန့်ကာ စစ်ဆေးမေးမြန်းမှုများ တင်းကြပ်ထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “အခုက သစ်စက်စခန်းရှေ့မှာရော တခြားရွာအဝင်အထွက်နေရာမှာရောက တစ်နေရာကို သူတို့(စစ်ကောင်စီ) က အင်အား ၁၀ ယောက်ကျော်လောက် စောင့်နေကြတယ်။ စောင့်နေကြပြီးတော့ ခြံသွားလာနေသူတွေကို ပေးရပ်ခိုင်းတယ်။ လူစုထိုင်ခိုင်းပြီးတော့ စစ်ဆေးနေတယ်။ ခြံသွားတဲ့ ထောက်ခံကဒ်ပြား ရှိတဲ့သူတွေကို တစ်ချက်လောက် ထိုင်စစ်တယ်။ မရှိတဲ့သူတွေကိုတော့ အကြာကြီးစစ်ဆေးနေတယ်။ အခုလည်း အာယုတောင်အနီးမှာ ပစ်ခတ်သံတွေ ကြားနေရတယ်” ဟု ၎င်းက ပြောသည်။

    ရေးမြို့နယ်အတွင်း အဓိကလှုပ်ရှားနေသည့် ရေးဘီးလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း၊ ဂိတ်စခန်းများကို ဝင်ရောက်စီးနင်း ရှင်းလင်းသွားမည့်အပြင် စစ်ဆင်ရေးလည်း ဖော်ဆောင်လာမည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများ အသွားအလာ သတိပြုကြရန် ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “မနေ့က အာယုတောင်စခန်းကို ဝင်ရှင်းတယ်။ ကျနော်တို့ဘက်ကတော့ ဒီရက်ပိုင်းအတွင်း စကစစခန်းတွေကို ဝင်သိမ်းတော့မှာလို့ ကြိုတင်သတိပေးထားပြီးသားပါ။ စစ်ဆင်ရေးကတော့ ကြီးမားလာတော့မှာပါ။ အဲတော့ မွန်လူထုတွေအနေနဲ့ အသွားအလာလေးတော့ သတိပြုစေချင်ပါတယ်” ဟု ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

    လက်ရှိတွင် အယုတောင်ကျေးရွာအုပ်စုရှိ ကွန်ဒူး၊ ဘုရားကုန်း၊ ဖော်ထော်၊ ကွမ်းသစ်တော၊ အယုတောင် စသည့်နေရာများရှိ စစ်ကောင်စီ ဂိတ်စခန်းများကို တော်လှန်ရေးအဖွဲ့တို့က လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်းကြောက်လန့်ပြီး စခန်းတွင် မနေထိုင်ရဲကြတော့ဘဲ စခန်းစွန့်ခွာထွက်ပြေးနေကြသည်ဟုလည်း သိရသည်။

    ရေးဘီးလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၊ ရဲနှင့် စစ်ကောင်စီထောက်တိုင်များကို ပစ်ခတ်ရှင်းလင်းလေ့ရှိသည့်အပြင် ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks