spot_img
Friday, June 13, 2025
More
    spot_img
    Homeသတင်းမွန်နာမည်ကြီးအလှဖန်တီးရှင်၊ ဟာသဆယ်လီ စိုင်းမွန် ကွယ်လွန်

    မွန်နာမည်ကြီးအလှဖန်တီးရှင်၊ ဟာသဆယ်လီ စိုင်းမွန် ကွယ်လွန်

    -

    မွန်နာမည်ကြီး အလှဖန်တီးရှင်တစ်ဦးဖြစ်သည့်အပြင် ဟာသဆယ်လီအဖြစ် မွန်ပြည်သူလူထုအကြား လူသိများသည့် စိုင်းမွန်သည် ယနေ့ဇွန်လ ၈ ရက်နေ့နံနက်ပိုင်း၌ ထိုင်းနိုင်ငံအတွင်းရှိ ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်ဟု သတင်းအရင်းအမြစ်များအရ သိရသည်။

    ယမန်နေ့ ဇွန်လ ၇ ရက်နေ့က ၄င်းနေထိုင်ရာ မဟာချိုင်နေအိမ်တွင် သတိလစ် မေ့မြောနေသည့် ဆိုင်းမွန်ကို ဆွေးမျိုးအသိုင်းအဝိုင်းမှ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထားခဲ့ပြီး ယနေ့ထိုင်းစံတော်ချိန် နံနက် ၈ နာရီဝန်းကျင်းအချိန်ခန့်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

    ရောဂါအခံကြီးကြီးမားမားမရှိသော်လည်း ယခုသေဆုံးခြင်းသည် ဦးနှောက်ပိုးဝင်သည့်ပုံစံဖြစ်ကြောင်း စိုင်းမွန်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    “သတိမေ့ပြီး ဆေးရုံးပြေးတင်တော့ ဆရာဝန်တွေက ဦးနှောက်ပိုးဝင်တာတဲ့၊ ဦးနှောက်ပိုးဝင်ပြီး အနာလိုမျိုးဖြစ်သွားတာတဲ့၊ အဲ့ကြောင့် ဆုံးသွားတာ” ဟု ဆိုသည်။

    ထို့အပြင် ယခုရက်ပိုင်းတွင် ကျန်းမာရေးမကောင်းနေသဖြင့် လူမှုကွန်ရက်ပေါ်တွင် ဟာသ video နှင့် အလှူ၊မင်္ဂလာဆောင် video များမတင်နိုင်သေးကြောင်း စိုင်းမွန်မှ ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြောဆိုထားသေးသည်။

    လက်ရှိတွင် စိုင်းမွန်၏ရုပ်အလောင်းကို ဘုန်းကြီးကျောင်းတစ်နေရာတွင် ထားရှိထားပြီး သဂြိုလ်မည့် နေရက်နှင့် နေရာတို့ကိုလည်း ဆက်လက်အသိပေးသွားမည်ဟု စိုင်းမွန်၏ဆွေမျိုးအသိုင်းအဝိုင်းမှ လူမှုကွန်ရက်ပေါ်တွင်ပြောဆိုထားသည်။

    လက်ရှိတွင် မဟာချိုင်မြို့အတွင်း တစ်နိုင်တစ်ပိုင်အလှပြင်ဆိုင်ဖွင့်ထားသည့်အပြင် အလှူ၊မင်္ဂလာဆောင်တို့တွင် နေအိမ်အထိဝန်ဆောင်မှုပေး ပြင်ဆင်နေပြီး ဟာသ video များကိုလည်း ရိုက်ကူးတင်ဆက်လေ့ရှိသည်။

    မွန်နာမည်ကြီးအလှဖန်တီးရှင်၊ ဟာသဆယ်လီ စိုင်းမွန်သည် မုဒုံမြို့နယ် ကွမ်ကဗွီးရွာ ဇာတိတစ်ဦးဖြစ်ပြီး အသက် ၃၅-၄၀ ဝန်းကျင်အရွယ်ရှိသူဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,000SubscribersSubscribe
    spot_img

    Latest posts