spot_img
Sunday, June 8, 2025
More
    spot_img
    Homeသတင်း"လူနာတွေကို အချိန်နဲ့တပြေးညီကူညီနိုင်ဖို့ကျနော်တို့မှာ without ယာဉ်တွေပဲရှိပါတယ်ဗျ။ ပုံမှန်တစ်ရက်ကို သုံးစီးတက်လာနိုင်တဲ့အနေအထားမျိုးမှာ တစ်စီးမှ မတက်နိုင်တော့ နီးစပ်ရာကားနဲ့ပဲ ရှိသမျှရွာကလူတွေကို ပတ်ပြီးတော့ကြိုနေရတဲ့ အနေအထားမျိုးပါ"ဘားအံမှ...

    "လူနာတွေကို အချိန်နဲ့တပြေးညီကူညီနိုင်ဖို့ကျနော်တို့မှာ without ယာဉ်တွေပဲရှိပါတယ်ဗျ။ ပုံမှန်တစ်ရက်ကို သုံးစီးတက်လာနိုင်တဲ့အနေအထားမျိုးမှာ တစ်စီးမှ မတက်နိုင်တော့ နီးစပ်ရာကားနဲ့ပဲ ရှိသမျှရွာကလူတွေကို ပတ်ပြီးတော့ကြိုနေရတဲ့ အနေအထားမျိုးပါ"ဘားအံမှ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦး

    -

    စစ်ကောင်စီအဖွဲ့မှ လိုင်စင်မဲ့ယာဉ်ဖမ်းဆီပြီး အရေးယူ သိမ်းဆည်းနေခြင်းကြောင့် ကရင်ပြည်နယ်တွင် လူမှုကယ်ဆယ်ရေးအဖွဲ့အများစု ရပ်နားထားရပြီး လူနာပို့ဆောင်ရေးကိစ္စအတွက် နည်းပေါင်းစုံ ဖြေရှင်းနေရကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တို့၏ ပြောပြချက်အရ သိရသည်။

    လိုင်စင်မဲ့ယာဉ်များကိုဖမ်းဆီးအရေးယူရန် ပြီးခဲ့သည့်မေ ၂၀ ရက်နေ့ကနေပြည်တော်တွင်ပြုလုပ်သည့် အစည်းအဝေးတွင်စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှပြောဆိုခဲ့ပြီးနောက် ကရင်နှင့် မွန်ပြည်နယ်တို့တွင် လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှု အရှိန်မြှင့်လုပ်ဆောင်လာနေကြောင်း သိရသည်။

    လက်ရှိတွင် ကယ်ဆယ်ရေးအဖွဲ့တို့ နီးစပ်ရာ လိုင်စင်ရှိလူနာတင်ယာဉ်တို့ကို အလှည့်ကျအသုံးပြုနေရသည့်အပြင် လမ်းတစ်ဝက်တွင် change  down ပြုလုပ်ပြီး ပို့ဆောင်နေရသဖြင့် အရေးပေါ်လူနာများအတွက် လမ်းကြောင်းနှောင့်နှေးမှုရှိပြီး အသက်အန္တရာယ် စိုးရိမ်နေရသည်။

    ဘားအံမြို့တွင် ဇွန်လ ၁ ရက်နေ့မှစပြီး ဖမ်းဆီးစစ်ဆေးမှုပိုမိုတင်းကြပ်ထားပြီး၊ မော်တော်ဆိုင်ကယ်အပါအဝင် ယာဉ်အားလုံးကို ယနေ့အထိ တင်းတင်းကြပ်ကြပ် ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်သည်ဟု ဘားအံမှ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

    ၁။ မေး။  ။ လိုင်စင်မဲ့ယာဉ်တွေ တင်းတင်းကြပ်ကြပ်လိုက်လံဖမ်းဆီးစစ်ဆေးနေချိန်မှာ ဆရာတို့ကယ်ဆယ်ရေးအဖွဲ့တွေ လက်ရှိကြုံတွေ့နေရတဲ့အခြေအနေလေးသိလိုပါတယ်ရှင့်။

    ဟုတ်ကဲ့ လက်ရှိကတော့သူတို့စီမံချက်အရပုံမှန်စစ်ဆေးနေပါတယ်ခင်ဗျာ။ ကျနော်တို့မှာဆိုရင် လိုင်စင်မရှိတဲ့အသင်းတွေများတယ်။ ကျနော်တို့ဘားအံ မြို့နယ် ကရင်ပြည်နယ်ထဲမှာဆိုရင် စုစုပေါင်း အသင်းပေါင်းရာချီရှိပါတယ်။ ရာချီရှိတဲ့အနေအထားမျိုးမှာ တစ်သင်းကိုကားတစ်စီးနှုန်းနဲ့ဆိုရင် အသင်းရာနဲ့ချီရပ်နားထားရတဲ့အနေအထားမျိုးမှာပါဗျ၊ ပုံမှန်တစ်ရက်ကို သုံးစီးတက်လာနိုင်တဲ့အနေအထားမျိုးမှာ တစ်စီးမှ မတက်နိုင်ဘဲ ရပ်နားထားတော့ နီးစပ်ရာကားနဲ့ပဲ ကျနော်တို့ လာသမျှအသင်း ရှိသမျှရွာကလူတွေကို ပတ်ပြီးတော့ကြိုနေရတဲ့ အနေအထားမျိုးရှိတဲ့အခါ နည်းနည်းတော့ကြန့်ကြာမှုရှိတယ်ဗျ။

    မေး။   ။ ဆိုတော့ ဒီအခြေအနေအပေါ် ဘယ်လိုဖြတ်ကျော်နေရတာရှိလဲ။

    ဖြေ။  ။ လူနာတွေကို အချိန်နဲ့တပြေးညီကူညီနိုင်ဖို့ကျနော်တို့မှာ without ယာဉ်တွေပဲရှိပါတယ်။ လိုင်စင်ပါလူနာတင်ယာဉ်မရှိတဲ့အတွက်ကြောင့်မို့လို့ လူနာတွေအတွက် အခက်အခဲဖြစ်ရတယ်။ ရှိတဲ့ယာဉ်နဲ့ ကျနော်တို့လစ်ဟင်းမှု လျော့နည်းအောင် အတတ်နိုင်ဆုံးရသမျှကျနော်တို့ လိုင်စင်ကားလေးတွေနဲ့ပေါ့နော် လိုင်စင်ကားရှိတဲ့အသင်းတွေနဲ့ မရတော့တဲ့အခါကျ ကျနော်တို့နီးစပ်ရာ ဆရာတော်တွေရဲ့လိုင်စင်တွေနဲ့သော်လည်းကောင်း၊ အရပ်ဖက်ကကားတွေ၊ အိမ်စီးကားတွေနဲ့လည်းစသဖြင့် ဆေးရုံရောက်အောင်ပို့ ပေးနေပါတယ်ဗျ။ ရသလောက်ပေါ့နော်ကျနော်တို့ အဖမ်းအဆီးမရှိတဲ့နေရာလောက်အထိ၊ သူတို့ရွာကနေတက်လို့ရတဲ့နေရာလောက်အထိ သွားကြိုပြီးတော့သူတို့သွားချင်တဲ့ဘားအံအရေးပေါ် ဆေးရုံတို့အချို့ Accident တို့အရေးပေါ်တို့ဆိုရင် အရေးပေါ်ဆေးရုံကို change down လုပ်ပြီးတော့ သွားရောက်ကူညီပေးနေပါတယ်။

     မေး – အရေးပေါ်လူနာတွေအတွက် တစ်ဆင့်ပြီးတစ်ဆင့်ပို့နေရတဲ့အနေထားဆိုတော့ ဘယ်လိုအခက်ခဲမျိုးရှိနေလဲ။

    ဖြေ- လက်ရှိမှာတော့လူနာတွေက လမ်းကြောင်းမှာလာတဲ့ဟာတွေကိုကျနော်တို့ change ပေးဖို့ချိတ်ထားတဲ့ကားရှိတယ်ဆိုရင် နည်းနည်းအဆင်ပြေတယ်၊ မချိတ်ရသေးဘူးဆိုရင်တော့ ဆိုင်းငံ့ရတာပေါ့၊ ဒီရက်ပိုင်းအတွင်းမှာတော့ လူနာကိုတော့အတတ်နိုင်ဆုံးနည်းနဲ့ ရသလောက်တော့ ဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ။ လူနာတွေကတော့သက်တောင့်သက်သာမဖြစ်ပါဘူးဗျ။ ဘာလို့လဲဆို သက်တောင့် သက်သာဖြစ်ရတဲ့လူနာတင်ယာဉ်မဟုတ်ပါဘူးခင်ဗျ အခုလက်ရှိနောက်ဆုံး လူနာတင်ယာဉ်မဟုတ်တဲ့ Vigo တွေကားအမြင့်တွေ လိုင်စင်ရှိတဲ့ကား ဘယ်လိုကားမဆိုပေါ့နော် ရှိတဲ့ကားနဲ့တင်ရတယ် ကျနော်တို့ဆိုအရင်တုန်း အရင်ခေတ်ကလိုမျိုးလာတဲ့ကားနဲ့ လာတဲ့သဘောမျိုးပေ့ါနော်”

     မေး။   ။ ဘားအံမှာဖမ်းဆီးခံထားရတဲ့ လူနာတင်ယာဉ်တွေလည်း ရှိတယ်လို့ကြားရတော့ ဘယ်လိုညှိနှိုင်းတာတွေ လုပ်ဆောင်ခဲ့ရသေးလဲ။

    ဖြေ။    ။ လက်ရှိကတော့ညှိနှိုင်းဆဲပဲပေါ့ အဖြေကတော့တိကျတဲ့အဖြေ ဘာမှမပေးသေးဘူး။ သူတို့ကစီမံချက်အရဖြစ်တာကြောင့်မို့လို့ ကျနော်တို့ မောင်းနှင်ခွင့်အတွက် သေချာတဲ့အဖြေရမလာဘူးခင်ဗျ၊ အဲ့တော့ ညှိနှိုင်းကာလဆဲ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူနာတွေလုံးဝ မသွားရလေ မဖြစ်ဖို့ကိုတော့ ကျနော်တို့ကယ်ဆယ်ရေးအသင်းတွေကနေပြီးတော့ရတဲ့နည်းလမ်းနဲ့ ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်ခင်ဗျ”

     မေး။   ။လက်ရှိ စစ်ကောင်စီအဖွဲ့တွေ လူနာတင်ယာဉ်ပါမကျန် လိုင်စင်မဲ့ဖမ်းဆီးစစ်ဆေးမှုတင်းကြပ်နေတဲ့အပေါ် ဘာများမှတ်ချက်ပေးချင်တာရှိလဲ။
    ဖြေ။   ။ တစ်နိုင်ငံလုံးအတိုင်းအတားမှာ ၉၉ ရာခိုင်နှုန်းလောက်က Without တွေဖြစ်တယ်။ လူနာတင်ယာဉ်အထဲက သူတို့စီမံချက်အရစိစစ်ပြီးပြီး ကိစ္စပြီးသွားတဲ့အခါကျရင်လူနာတင်ယာဉ်တွေကို တမျိုးတဖုံပြန်လည်စီစဉ်ပေးမလားဆိုတဲ့အချက်တစ်ချက်ပေါ့နော်၊ နောက်တစ်ချက်က လက်ရှိ ရှိနေတဲ့လူနာတင်ယာဉ်တွေကိုပိုသေချာတဲ့ အထောက်အထားလေးရှိခဲ့ရင်ခွင့်ပြုပေးနိုင်မလား ဆိုတဲ့ အချက်လေးပြောချင်ပါတယ်၊ ဒီကားကကျနော်တို့ဥပဒေအရ မှတ်ပုံတင်ခြင်း ဆိုင်ရာအရ ဆောင်ရွက်ထားတာမဟုတ်တဲ့ အတွက်ကြောင့်မလို့ သူတို့လုပ်ငန်းကိုကျနော်တို့ အနေနဲ့ဘယ်လိုမှ မှတ်ချက်မပေးလိုပါဘူး အဓိကတော့ကျနော်တို့လူနာတင်ယာဉ်ကိုသေချာတဲ့ ခိုင်လုံတဲ့အထောက်အထားရှိခဲ့မယ်၊ ဒီအသင်း အဖွဲ့ကမှန်ကန်မယ်၊ ဒီအသင်းအဖွဲ့တွေရဲ့ကားဖြစ်ကြောင်း ထောက်ခံနိုင်မယ်၊သူတို့ဘက်က ပြန်လည် စိစစ်ပြီးတော့ထောက်ခံမယ်ဆိုရင်ကျနော်တို့ကို ဆက်လက်အသုံးပြုခွင့်ပေးစေချင်ပါတယ်အဲ့တာလေးပါပဲ။

     မေး။   ။ နောက်ဆုံး ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါအုံးနော်။

    ဖြေ။   ။ ကျနော်တို အသင်းအဖွဲ့ရဲ့ ကားကိုသီးသန့်ကြီးအသိပေးခံရတာတွေ ရှိဖူးတော့၊ ဆက်မသွားတော့ဘူး ထပ်မံဖမ်းဆီးခံရတာမျိုးမရှိဘူး၊ လက်ရှိမြို့ပေါ်မှာတော့ရတဲ့ကားနဲ့ သွားနေတယ် လိုင်စင်ကားဖြစ်တဲ့အတွက်ကြောင့်မလို့ စစ်ဆေးမေးမြန်းခြင်းမျိုးမရှိဘူး၊ အဓိကတော့ကျနော်တို့အသင်းမှာလိုင်စင်ကားတွေ လူနာတင်ယာဉ်ပါလိုင်စင်တွေရှိမယ်ဆိုရင် ကျနော်တို့ပိုပိုပြီးတော့ ကူညီဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်၊ ထောက်ပံ့ပေးနိုင်တဲ့ အလှူရှင်တွေသော်လည်းကောင်း ၊ အခြားဒီအသင်းတွေကိုဌားရမ်းအသုံးပြုခွင့်သော်လည်း ကျနော်တို့ အသင်းတွေရပ်တန့်မသွားဖို့ လူနာတင်ယာဉ်တွေထပ်မံဝယ်ပေးသွားဖို့ လိုင်စင်ပါကားတွေကလည်း ဈေးတအားကြီးနေတဲ့အခါကျ အလှူရှင်တွေရှိလာနိုင်ရင် ကျနော်တို့လုပ်ငန်းတွေ ရပ်တန့်မသွားပါဘူး။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,900SubscribersSubscribe
    spot_img

    Latest posts