spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းရာမညဒေသအတွင်းရှိ လူနည်းစုလူမျိုးစုလူငယ်များ "K-Word မှသည် Identity" ခေါင်းစဉ်ဖြင့် ကမ်ပိန်းပြုလုပ်

    ရာမညဒေသအတွင်းရှိ လူနည်းစုလူမျိုးစုလူငယ်များ "K-Word မှသည် Identity” ခေါင်းစဉ်ဖြင့် ကမ်ပိန်းပြုလုပ်

    -

    ရာမညဒေသအတွင်းရှိ လူနည်းစုလူမျိုးစုလူငယ်များ ဦးဆောင်၍ "K-Word မှသည် Identity" ခေါင်းစဉ်ဖြင့် ဇွန်လ ၂ ရက်နေ့မှစ၍ ကမ်ပိန်းအစီစဉ်တစ်ခုပြုလုပ်နေကြောင်း လူမှုကွန်ရက်မှ ထုတ်ပြန်ချက်အရ သိရသည်။

    ရာမညဒေအပါအဝင် နိုင်ငံတစ်ဝှမ်းရှိ လူနည်းစု လူမျိုးစုတို့သည် ပညာရေးကဏ္ဍတွင် လည်းကောင်း၊ ကျန်းမာရေးကဏ္ဍတွင် လည်းကောင်း၊ စီးပွားရေးအားဖြင့် သော်လည်းကောင်း ခေတ်အဆက်ဆက် ခွဲခြားခံနေရပြီး ဖိနှိပ်ခံနေရသည်။

    ယခုကမ်ပိန်းသည် ရာမညဒေသတွင်း နေထိုင်နေကြသည့် လူနည်းစုလူမျိုးစုများအနေဖြင့် စစ်အာဏာရှင်ကို တိုက်ထုတ်နေကြသည့် အခြားလူမျိုးစုတို့နှင့်အတူ အာဏာရှင်စနစ်ကို ပူးပေါင်းတိုက်ထုတ်၍ လူမျိုးစုအားလုံး အနာဂတ်ဖက်ဒရယ်တည်ဆောက်ရာတွင် တန်းတူညီမျှမှုရရှိရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ကမ်ပိန်းအစီစဉ်တွင် ဦးဆောင်ပါဝင်နေသူလူငယ်တစ်ဦးက ဆိုသည်။

    "ဒီလူနည်းစုတွေကလေ တော်လှန်ရေးအခန်းကဏ္ဍ၊ ဖက်ဒရယ်တည်ဆောက်ရေးအခန်းကဏ္ဍ၊ လက်ရှိစစ်အာဏာရှင်ကို တော်လှန်နေကြတဲ့ချိန်မှာ အားလုံးပါဝင်ဖို့ နှိုးဆော်တာ၊ ဒီတော်လှန်ရေး အရွေ့မှာလည်း တန်းတူညီမျှတဲ့ အခွင့်အရေးရဖို့အတွက် အားလုံးပါဝင်ကြဖို့ လုပ်ဆောင်တာ"ဟု ဆိုသည်။

    နိုင်ငံရေးအသိုင်းအဝိုင်းကြားတွင် သတ်မှတ်ခြင်းမခံခဲ့ရသည့်လူနည်းစုတို့၏ လူမျိုးစုဟုဆိုရာတွင် တမိလ်၊ ကျူလီယာ၊ တလေဂူ၊ ဘင်္ဂလီ၊ စူရ်တီ၊ မေမန်၊ ပထန်၊ ဟင်ဒူစတန်နီ၊ ပသျူး၊ ဆစ်ခ်၊ မဂိုသျှီအာ၊ ဘာဘူ၊ ဂူဂျရာတီနှင့် အခြားလူမျိုးတို့ပါဝင်ကြောင်းလည်း သိရသည်။

    ထို့အပြင် K-word ဆိုသည့် စကားလုံးသည် ခေတ်အဆက်ဆက် လူမျိုးစုအဖြစ် သတ်မှတ်ခြင်းမခံခဲ့ရသည့် ဟိန္ဒူ၊ အစ္စလာမ်စသည့် လူမျိုးစုတို့ကို ချိုးနှိမ်စွာ ခေါ်ဆိုအသုံးပြုသည့်စကားလုံးဖြစ်သည်ဟု ကမ်ပိန်းအစီစဉ်တွင် ပါဝင်နေသူတို့ပြောပြချက်အရ သိရသည်။

    ထို့ကြောင့် ယခု ကမ်ပိန်းအစီစဉ်ကို “K-word မှသည် Identity” ဟူသည့် စာသားဖြင့် စာရွက်၊ ကတ်ထူ၊ လုံခြည်၊ လက်ဖဝါး၊ စသည်တို့ပေါ်တွင် ထင်သာမြင်သာစွာရေးပြီး အတူတကွ ပါဝင်ဝန်းရံနိုင်ရန်လည်း တိုက်တွန်းထားသည်။

    “ဒီလူနည်းစုတွေကလည်း ဒီအရွေ့မှာ ပိုပြီးပါဝင်လာဖို့ လိုသလို ကိုယ့်ရဲ့အခွင့်အရေး၊ ကိုယ့်ရဲ့တရား မျှတမှုရဖို့အတွက် ကိုယ်ကိုယ်တိုင်လည်း ပါဝင်ဖိုလိုမယ်။ လူတစ်ယောက်ချင်းစီတိုင်းကလည်း ခွဲခြားမှုတွေ ဖိနှိပ်မှုတွေ မလုပ်ဘဲနဲ့ လူသားတစ်ယောက်လို့ မြင်ပြီးတော့ အားလုံးတန်းတူပါဝင်ဖို့ လိုအပ်တယ်။ နောက်ပြီး State holder တွေကလည်း အခန်းကဏ္ဍတွေအတွက် constitution ရေးဆွဲတဲ့ အခါမှာ ဒီလူနည်းစုတွေရဲ့ အသံကို မျက်ကွယ်မပြုဘဲ သူတို့ရဲ့အသံပါဝင်ပြီး တန်းတူဖြစ်အောင် All clusive ဖြစ်အောင် ဆွဲခေါ်ပေးကြပါ”ဟု အထက်ပါလူငယ်က ဆိုသည်။

    ဖိနှိပ်ခံခဲ့ရသည့် လူမျိုးစုတို့အတွက် ကမ်ပိန်းအစီစဉ်များကို ၁၉၃၀ ခုနှစ်မှစကာ ခေတ်အဆက်ဆက် မတူကွဲ ပြားသည့် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် လုပ်ဆောင်လာခဲ့ကြပြီး လက်ရှိတွင် နှစ်ပေါင်း ၉၀ ကျော် ဝန်းကျင်ခန့် ရှိလာပြီးဖြစ်သည်ဟု ကမ်ပိန်းတွင် ပါဝင်သူတို့ပြောပြချက်အရ သိရသည်။

    စနစ်ဆိုး၏ အစိုးရတို့ထံမှ အသိအမှတ်ပြုခြင်းမခံခဲ့ရသည့်လူမျိုးစုတို့ကိုလည်း တရားဝင် အသိအမှတ် ပြုခံထားရသည့် တိုင်းရင်းသားလူမျိုးစုကဲ့သို့ အနာဂတ်ဖက်ဒရယ်တည်ဆောက်ရာတွင် တန်းတူညီမျှမှု ရရှိအောင် အားလုံးပါဝင်ကြိုးစားလုပ်ဆောင်သင့်ကြောင်း နှိုးဆော်တိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks