spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းထိုင်း-ကမ္ဘောဒီးယား နယ်စပ်အရေးကို ငြိမ်းချမ်းရေးနည်းလမ်းဖြင့်သာ ဖြေရှင်းမည်ဟု ထိုင်းအစိုးရဆို

    ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အရေးကို ငြိမ်းချမ်းရေးနည်းလမ်းဖြင့်သာ ဖြေရှင်းမည်ဟု ထိုင်းအစိုးရဆို

    -

    ထိုင်းအစိုးမှ  မေလ ၂၈ ရက်နေ့ အူဘွန်ရာချာဌာနီပြည်နယ်၊ ချွန်းဘော့နယ်စပ်ဒေသ၌ ဖြစ်ပွားခဲ့သည့် ထိုင်းနှင့်ကမ္ဘောဒီးယားပစ်ခတ်မှုအပေါ် တင်းမာမှုမဖြစ်စေရန်နှင့် မူလအနေအထားပြန်လည်ရောက်ရှိရန် ငြိမ်းချမ်းရေးနည်းလမ်းဖြင့်သာ ဖြေရှင်းလိုကြောင်း ယမန်နေ့ ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက တရားဝင်ထုတ်ပြန်ပြောဆိုသည်။

    ထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်က စစ်ပွဲသည် နောက်ဆုံးရွေးချယ်မှုသာဖြစ်ရမည်ဟု ဆိုထားပြီး၊ နယ်နမိတ်ပြဿနာများကို  (MOU) စာချုပ်များ၊ နယ်နိမိတ် သတ်မှတ်စာချုပ်များနှင့် Joint Boundary Commission (JBC) ကဲ့သို့သော နှစ်ဖက်သဘောတူကော်မတီများဖြင့် ဖြေရှင်းသွားမည်ဟု ဆိုသည်။

    ထိုင်းအစိုးရအနေဖြင့် နယ်နိမိတ်ပြဿနာများကို တတိယနိုင်ငံအဖွဲ့အစည်း သို့မဟုတ် နိုင်ငံတကာတရားရုံးများက ဝင်ရောက်ဖြေရှင်းရန် မလိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

    သို့သော် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်အနေဖြင့် နယ်စပ်အရေးအခင်းနှင့် ပတ်သက်၍ နောက်ထပ်တိုက်ခိုက်မှု မဖြစ်ပွားစေရေးအတွက် အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာတရားရုံးကြီး (International Court of Justice(ICJ))တွင် ဖြေရှင်းရန် မျှော်လင့်ကြောင်း ဇွန်လ ၂ ရက်နေ့က လွှတ်တော်အမတ်များနှင့် တွေ့ဆုံချိန်တွင် ပြောကြားထားသည်။

    ထို့ကြောင့် ကနဦးအနေဖြင့် လာမည့် ဇွန်လ ၁၄ ရက်နေ့တွင် JBCအဖွဲ့အစည်းနှင့်တကွ နှစ်နိုင်ငံအကြားပြဿနာကို ဖြေရှင်းရန် ကမ္ဘောဒီးယားနိုင်ငံတွင် အစည်းအဝေးတစ်ရပ် ပြုလုပ်သွားမည်ဟု သိရသည်။

    ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် မေလ ၂၈ ရက်နေ့တွင် နယ်စပ်ဒေသ၌ ဖြစ်ခတ်မှုဖြစ်ပွားပြီးချိန်မှစ၍ နှစ်နိုင်ငံလုံးမှ စစ်တပ်အဖွဲ့တို့ကို ရှေ့တန်စစ်မျက်နှာပြင်တွင် တိုက်ခိုက်ရေးတပ်ဖွဲ့များ ဖြန့်ကြန့်ထားကြောင်းသိရသည်။

    ထိုင်းအစိုးရအဖွဲ့မှလည်း ကမ္ဘောဒီးယားနှင့် ဖြစ်ပွားနေသည့် နယ်စပ်ဒေသအငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဆွေးနွေးလိုသည့်အပြင် လက်နက်ကိုင်တိုက်ခိုက်မည်ဆိုပါက ပြန်လည်တိုက်ခိုက်မည်ဖြစ်ကြောင်းလည်း ပြောဆိုထားသေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts