spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းရေနစ်သေဆုံးမှု ဆက်တိုက်ရှိနေပြီး ရေကြောင့် မတော်တဆထိခိုက်သေဆုံးမှု သတိရှိရန် ကယ်ဆယ်ရေးအဖွဲ့တို့တိုက်တွန်း

    ရေနစ်သေဆုံးမှု ဆက်တိုက်ရှိနေပြီး ရေကြောင့် မတော်တဆထိခိုက်သေဆုံးမှု သတိရှိရန် ကယ်ဆယ်ရေးအဖွဲ့တို့တိုက်တွန်း

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ရေနစ်သေဆုံးမှု မကြာခဏဖြစ်ပွားနေပြီး ရေစီးသန်သည့်ချောင်း၊မြောင်းနှင့် ဆည်တို့တွင် ရေဆင်းကူးခြင်း သတိပြုရန်လိုအပ်သည်ဟု လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့က တိုက်တွန်းပြောဆိုသည်။

    မေလ နောက်ဆုံးအပတ်မှစ၍ ယမန်နေ့ ဇွန်လ ၃ ရက်နေ့အထိ မုဒုံကန်ကြီးနှင့် ဝင်ဖနုံဆည်အတွင်း ရေဆင်းကူးသူ ၃ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ကိုရင်တစ်ပါးအပါအဝင် အသက် ၁၇ ဝန်းကျင်အရွယ် လူငယ်တို့ဖြစ်ကြောင်း သိရသည်။

    မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စမ်းချောင်း၊ ဆည်၊ ရေတံခွန် စသည့်နေရာတို့တွင် ရေအမြင့်ပေထိုးတက်နေပြီး ခန့်မှန်းမနိုင်သည့် ရေဘေးအန္တရာယ်တို့ကြောင့် ဒေသခံတို့အပြင် ရေနှင့်အကျွမ်းတဝင်မရှိသူတို့ ရေဆင်းကူးခြင်းနှင့် ငါးဆင်းဖမ်းခြင်း အထူးသတိရှိရန် မော်လမြိုင်မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “မိုးများလာရင် ဆည်တို့၊ ရေကန်တို့ကလည်း ရေများလာတဲ့အချိန်ဖြစ်တယ်၊ အဓိကက ကလေးတွေ ပေါ့နော် ဒီကာလမှာ ရေဆင်းကူးတာတွေ၊ ငါးနှိုက်၊ ဖားနှိုက်တာတွေက အတတ်နိုင်ဆုံး မိဘတွေက ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်မယ်။ ဘာလို့ဆို မိုးလည်းဆက်ရွာနေတဲ့ချိန်ဆို၊ ရေစီးသန်တဲ့နေရာတွေက ယူမမှီတာတွေဖြစ်တတ်တယ်”ဟု ဆိုသည်။

    အထူးသဖြင့် အရက်သေစာသောက်စားထားသူ၊ အတက်ရောဂါရှိသူနှင့် မိဘအုပ်ထိန်းသူတို့ စနစ်တကျထိန်းသိမ်းစောင့်ရှောက်ခြင်းမရှိသည့် ကလေးသူငယ်တို့ကို ရေကူးခွင့်မပြုရန်လည်း တိုက်တွန်းထားသည်။

    ထို့ကြောင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့အနေဖြင့်လည်း မိုးတွင်းကာလအတွင်း အရေးပေါ်တစ်စုံတစ်ရာဖြစ်ပွားရာတွင် အချိန်မှီကူညီနိုင်ရန် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ထားကြောင်းလည်း ဆက်ပြောသည်။

    ရေးမှ ပရဟိတအဖွဲ့ဝင်တစ်ဦးက " ကျောင်းပိတ်ရက်တွေမှာဆိုရင် ချောင်းတွေမှာ လုံခြုံရေးတင်းကြပ်ထားရတဲ့နေ့တွေဖြစ်တာပေါ့နော်၊ ရေနက်တဲ့နေရာတွေမသွားဖို့လည်း ကျနော်တို့ထပ်ခါထပ်ခါသတိပေးတာမျိုးတွေလုပ်တယ်၊ လော်စပီကာနဲ့ အော်ပြောရတာမျိုးတွေလည်း ရှိတယ်ပေါ့၊ ဒါပေမဲ့ မလိုက်နာတော့ မဖြစ်သင့်တာတွေ ဖြစ်သွားတတ်တာမျိုးတွေရှိတယ်"ဟု ဆိုသည်။

    နှစ်စဉ် ဝါဆိုလအတွင်း ရုံးပိတ်ရက်တို့တွင် ပြည်သူတို့ အပန်းဖြေသွားလာမှုများသည့် ပေါင်မြို့နယ်အတွင်းရှိ ဇင်းကျိုက်၊ဆင်ရွာရေတံခွန်နှင့် သံဖြူဇရပ် ဘင်္ဂလန်ရေတံခွန်တို့တွင် ရေနစ်မြုပ်မှုနှင့် မတော်ထဆထိခိုက်မှု အများဆုံးဖြစ်ပွားနေကြောင်း သိရသည်။

    လူမှုကူညီရေးအဖွဲ့များ မိုးရာသီတွင် ဖြစ်ပေါ်နိုင်သည့် သဘာဘေးအန္တရာယ်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းတို့ကို ယမန်နေ့ ဇွန်လ ၃ ရက်နေ့တွင် သံလွင်မြစ်အတွင်း ပြုလုပ်ခဲ့ကြသေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts