spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းမဟာချိုင်တွင် ရထားကြိတ်ခံရ၍ မွန်အမျိုးသမီးတစ်ဦးသေဆုံး

    မဟာချိုင်တွင် ရထားကြိတ်ခံရ၍ မွန်အမျိုးသမီးတစ်ဦးသေဆုံး

    -

    ထိုင်းနိုင်ငံ၊ စာမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်တွင် ယနေ့မေလ ၃၁ ရက်နေ့ မနက် ၈ နာရီဝန်းကျင်၌ မြန်မာလုပ်သား မွန်အမျိုးသမီးတစ်ဦး ရထားကြိတ်ခံရ၍ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ရသည်ဟု သိရသည်။

    မဟာချိုင်၊ နရုန်မစ်လမ်း ၁ အနီးတွင် ညဆိုင်းအလုပ်သားများကို တင်ဆောင်လာသည့် ကားတစ်စီးသည် ရထားသံလမ်းဖြတ်ကူးချိန် ကားပေါ်မှ အလုပ်သမားများ ထိန့်လန့်ရာ ခုန်ချခဲ့ပြီး ရထားကြိတ်ခံရသဖြင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ထိုင်းသတင်းအချက်အလက်များအရ သိရသည်။

    ကားသည် ရထားသံလမ်းပေါ်မှ အချိန်မီဖြတ်ကူးနိုင်ခဲ့၍ ရထားနှင့် မတိုက်မိခဲ့သော်လည်း ခုန်ချခဲ့သည့် အလုပ်သမားများအနက် အသက် ၂၇ အရွယ် သံဖြူဇရပ်မြို့နယ် ပင ရွာဒေသခံ မွန်အမျိုးသမီးမှာ သေဆုံးခဲ့ရသည်။

    သေဆုံးခဲ့ရသည့် မွန်အမျိုးသမီး၏ ဇျာပနကို မဟာချိုင်တွင်ပြုလုပ်သွားမည်ဟုလည်း မိသားစုနှင့် နီးစပ်သူတို့၏ပြောပြချက်အရ သိရသည်။

    နှစ်ဦးနှစ်ဖက်ပေါ့ဆမှုကြောင့် မြန်မာလုပ်သားတစ်ဦးသေဆုံးခဲ့ရသည်ဟု လူမှုကွန်ရက်ပေါ်မှ မြန်မာလုပ်သားအရေးဆောင်ရွက်သူတို့ ပြောဆိုလျှက်ရှိပြီး လက်ရှိတွင် ယာဉ်မောင်းကို တာဝန်ရှိသူတို့ စစ်ဆေးမေးမြန်းမှုလုပ်ဆောင်နေကြောင်း သိရသည်။

    အဆိုပါရထားလမ်းသည် ရပ်ကွက်အတွင်း ဖြတ်သန်းသည့်ရထားလမ်းဖြစ်ပြီး အကာအရံထားရှိထားခြင်းမရှိခြင်းကြောင်း မတော်တဆမှု မကြာခဏဖြစ်ပွားနေကြောင်း သိရသည်။

    စမွတ်စခွန်ခရိုင် ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ မေ ၃၁ ရက် မနက် ၈ နာရီခွဲတွင် မဟာချိုင်ဘူတာကို ဆိုက်ရောက်မည့် ရထားကြိတ်မိခြင်းကြောင့် အသက် ၂၇ အရွယ် မြန်မာလုပ်သား တစ်ဦးဖြစ်သည့် မဖြူဖြူသေဆုံးသွားခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks