Wednesday, March 11, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်တွင် ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရ

    မော်လမြိုင်တွင် ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရ

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကော့စိန်ကျေးရွာတွင် နေထိုင်သည့် အသက် ၁၃ နှစ် အရွယ် ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်း သတင်းအရင်း အမြစ်များမှ သိရသည်။

    အသက် ၁၃ နှစ်အရွယ် ကျောင်းသူတစ်ဦး ပြီးခဲ့သည့် မေ ၂၆ ရက်နေ့ နံနက် ၇ နာရီခန့်k ၎င်းကော့စိန်ရွာနေအိမ်မှ အုန်းသီးသွားကောက်ရန် ဆိုကာ ထွက်ခွာသွားပြီးနောက် ပြန်လည်မရောက်ရှိဘဲ ပျောက်ဆုံးနေခဲ့ကြောင်း သိရသည်။

     ပျောက်ဆုံးနေသည့် အဆိုပါကျောင်းသူကို  မေလ ၂၇ ရက်နေ့ နံနက် ၆ နာရီခွဲ အချိန်ခန့်က ဦးမောင်ဦးပိုင်ဆိုင်သည့် ကော့ပေါက်ကွင်းအုန်းခြံ၏ အိမ်ခြံဝင်းအတွင်း သေဆုံးလျှက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်ဟု စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    “ ဖြစ်နေတဲ့နေရာက မော်လမြိုင်နဲ့ နည်းနည်းဝေးနေတာဆိုတော့လေ၊ ကျွန်တော်တို့အနေနဲ့လည်း စုံစမ်းနေတုန်းပဲ”ဟု ၎င်းက ဆိုသည်။

    ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည့် ကျောင်းသူ၏ ရုပ်အလောင်းသည် အဓမ္မပြုကျင့်ခံထားရပြီး လည်ပင်းလေပြွန်ပြတ်ရှဒဏ်ရာ၊ ယာဘက်မျက်ခုံးပြတ်ရှဒဏ်ရာ၊ အပေါ်နှုတ်ခမ်းပြတ်ရှဒဏ်ရာတို့ဖြင့် မှောက်လျှက်သေဆုံးနေသည်ဟု ဆိုသည်။

    လက်ရှိတွင် ၎င်းအမှုနှင့်ပတ်သတ်မှုရှိသည်ဟု ယူဆရသည့် အမျိုးသားနှစ်ဦးကို သက်ဆိုင်ရာတို့က ယမန်နေ့က ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းမှု လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

    ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့ကလည်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာနေ  (၉)တန်းကျောင်းသူတစ်ဦးကို အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ရကြောင်း သိရသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတွင်း တရားဥပဒေစိုးမိုးပျက်ပြားမှုများလာသည်နှင့်တစ်ပြိုင်နက် ရပ်ရွာလူမှုပတ်ဝန်းကျင်တွင် လက်သည်မပေါ်သည့်သတ်ဖြတ်မှု၊ နောက်ခံအကြောင်းအရာကြောင့် သတ်ဖြတ်ခြင်းတို့ကို ပေါ်ပေါ်ထင်ထင်ကျူးလွန်နေကြကြောင်း လူ့အခွင့်ရေးလှုပ်ရှားသူတို့က ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks