Wednesday, March 11, 2026
More
    spot_img
    Homeသတင်းထိုင်း-ကမ္ဘောဒီးယား ပစ်ခတ်မှုအပြီး၊ နှစ်ဖက်နိုင်ငံခေါင်းဆောင်များ ဆက်သွယ်ဆွေးနွေးကာ နယ်စပ်တည်ငြိမ်ရေးအတွက် သဘောတူညီမှုရရှိ

    ထိုင်း-ကမ္ဘောဒီးယား ပစ်ခတ်မှုအပြီး၊ နှစ်ဖက်နိုင်ငံခေါင်းဆောင်များ ဆက်သွယ်ဆွေးနွေးကာ နယ်စပ်တည်ငြိမ်ရေးအတွက် သဘောတူညီမှုရရှိ

    -

    ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသရှိ အူဘွန်ရာချာဌာနီပြည်နယ်၊ ချွန်းဘော့နယ်စပ်ဂိတ်တွင် မေလ ၂၈ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက်နိုင်ငံခေါင်းဆောင်တို့ ဆက်သွယ်ဆွေးနွေးခဲ့ပြီး နယ်စပ်တည်ငြိမ်ရေးအတွက် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

    ထိုင်းတပ်ဖွဲ့များ၏ ပြောဆိုချက်အရ ကမ္ဘောဒီးယားတပ်များသည် ထိုင်းသတ္တုအရင်းအမြစ်တစ်ခုအနီး ရှာဖွေရေးများပြုလုပ်နေစဉ် နယ်စပ်မျဉ်းဖြတ်ကျော်ဝင်လာခဲ့ပြီး ထိုင်းဘက်မှ တာဝန်ရှိသူများက ငြိမ်းချမ်းစွာ ဆွေးနွေးရန် ဝင်ရောက်ရာကနေ နားလည်မှုကွဲလွဲမှုကြောင့် ၁၀ မိနစ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

    ပစ်ခတ်မှုဖြစ်ပွားပြီးနောက်တွင် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နဝတ် (Paetongtarn Shinawatra) နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်းမာနက် (Hun Manet) တို့ ချက်ချင်းဆက်သွယ်မှုပြုလုပ်ခဲ့ပြီး နယ်စပ်ဒေသ၏ တည်ငြိမ်ရေးကို ထိန်းသိမ်းရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

    ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က “နယ်စပ်တွင် တိုက်ပွဲဖြစ်ပွားခြင်းကို တင်းမာမှုဖြစ်စေခြင်းမလိုအပ်ကြောင်းနှင့် ထိန်းချုပ်မှုအရေးကြီးကြောင်း” ယမန်နေ့က ထိုင်းသတင်းဌာနတို့တွင် ပြောကြားခဲ့သည်။

    ထို့အပြင် ကမ္ဘောဒီးယားဘက်မှလည်း သံတမန်အဆင့် ညှိနှိုင်းမှုဆောင်ရွက်ရန် အဖွဲ့များ ဖွဲ့စည်းထားကြောင်း သိရသည်။ဒါ့အပြင် ကမ္ဘောဒီးယားသည် ၎င်းတို့ပိုင်နက်ကနယ်မြေကို ကာကွယ်ရန် လိုအပ်သမျှနည်းလမ်းများသုံး၍ ကာကွယ်သွားမည်ဟုလည်းပြောဆိုထားသည်။

    သို့သော် ပစ်ခတ်မှုတွင် ကမ္ဘောဒီးယားဘက်မှ တပ်သားများ ကာလရှည်ကြာတပ်စွဲထားသည့် စခန်းအတွင်း တာဝန်ထမ်းဆောင်နေစဉ် ထိုင်းဘက်မှ တိုက်ခိုက်မှုခံရခြင်းကြောင့် စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

    ယမန်နေ့ မေလ ၈ ရက်နေ့က ထိုင်း-ကမ္ဘာဒီးယားနှစ်ဖက်နယ်စပ်တွင် လုံခြုံရေးတိုးမြှင့်ထားသည့်အပြင် လေယာဉ်ပစ်စက်သေနတ်နှင့် ယာဉ်တင်အမြှောက် ၄၀ ပါသည့် ယာဉ်တန်းတို့ဖြင့် စစ်ရေးပြင်ဆင်မှုများလုပ်ဆောင်ခဲ့သော်လည်း လက်ရှိတွင် နှစ်နိုင်ငံပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် သဘောတူထားကြောင်း သိရသည်။

    အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နယ်မြေသည် နယ်နမိတ်မသတ်မှတ်ထားရသည့် ဒေသဖြစ်ပြီး နှစ်နိုင်ငံအကြား အမြဲတမ်းအငြင်းပွားမှု ရှိနေသည့် နယ်မြေဖြစ်သည်။

    ထိုင်-ကမ္ဘောဒီးယားနယ်စပ်တွင်၂၀၁၃ ခုနှစ်က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှ Preah Vihear ဘုရားကျောင်းနယ်မြေကို ကမ္ဘောဒီးယားအပိုင်အဖြစ် ဆုံးဖြတ်ပြီးနောက်ပိုင်းတွင် နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှုများဖြစ်ပွားလာခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks