spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းကျိုက်ထို စစ်ဘေးရှောင်ရာနှင့်ချီ အရေပြားနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေ

    ကျိုက်ထို စစ်ဘေးရှောင်ရာနှင့်ချီ အရေပြားနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေ

    -

    တိုက်ပွဲနှင့် လက်နက်ကြီးနေ့စဥ်ပစ်ခတ်မှုဖြစ်ပွားနေသည့် မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်မှ စစ်ဘေးရှောင်ရာနှင့်ချီတို့ အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေသည်ဟု ဒေသတွင်းသတင်းအရင်း အမြစ်များအရ သိရသည်။

    ပြီးခဲ့သည့်ဧပြီလမှစ၍ တောတောင်အတွင်း မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရသည့်အပြင် ရာသီဥတုကြောင့် စစ်ဘေးရှောင်တို့ ယခုမိုးဦးစကာလအထိ အရေပြားနှင့် ဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်ပွားလျှက်ရှိသည်။

    အသက် ၅ နှစ်အောက် ကလေးငယ်အပါအဝင် စစ်ဘေးရှောင်နေရာတို့တွင် ရောဂါဖြစ်ပွားသူ ရာနှင့်ချီရှိနေပြီး ပြင်းထန်အဆင့်အထိ ဖြစ်ပွားမှုမရှိသေးကြောင်း ကျိုက်ထို စစ်ဘေးရှောင်စခန်းမှဆးကုသပေးနေသည့်ဆရာဝန်တစ်ဦးက ပြောသည်။

    “အဲ့လိုဖြစ်ပြီးဆို မိသားစုအလိုက်ဖြစ်ကြတာ။ အိမ်ထောင်စုတစ်စုမှာ ၅ ယောက်ရှိရင် သုံးယောက် လောက်ဖြစ်သွားတာမျိုး။ နောက်တစ်ခုက ချောင်းရေကို တူတူသုံးကြတော့ ဥပမာ ဒီရပ်ကွက်မှာ ၁၀ အိမ်ရှိရင် ၁၀ အိမ်လုံးဖြစ်သွားတယ်။ ဒါမဲ့ ခလေးတွေဖြစ်ရင် ပိုပြီးခံစားရတယ်”ဟု ၎င်းက ပြောသည်။

    နေထိုင်မှုပုံစံနှင့် ရာသီဥတုကြောင့် မိုးဦးစကာလပိုင်းတွင် ငှက်ဖျားရောဂါ ကူးစက်ခံရသူလည်း အနည်းငယ်ရှိပြီး ပုံမှန်ထက်ကိုယ်အပူအချိန်မြင့်၍ ချမ်းတုန်သည့်ရောဂါလက္ခဏာဖြင့် တွေ့ရှိရကြောင်း ဆိုသည်။

    စစ်ဘေးရှောင်တို့သည် စစ်ရှောင်နေစဉ်ကာလအတွင်း မိုးရွာသွန်းမှုကွာစားနပ်ရိက္ခာ မသန့်ရှင်းမှု၊ သောက်သုံးရေမသန့်ရှင်းမှုနှင့် ယင်လုံအိမ်သာ မလုံလောက်ခြင်းတို့ကြောင့် ဖြစ်ကြောင်းလည်း သိရသည်။

    “ဝမ်းရောဂါက အဓိကက အစားမသန့်၊ ရေမသန့်တာ အဆင်ပြေသလို ချောင်းရေသောက်လိုက် ရတယ်။ မကျိုချက်လိုက်ရဘူး။ အစားဆိုလည်း သေချာမဆေးကြောရဘဲနဲ့ အဆင်ပြေသလို စားရတယ်။ နောက်တစ်ခုက ယင်လုံအိမ်သာမလုံလောက်တာကြောင့်လည်း ပါတယ်။ အရေပြားရောဂါ ဆိုလည်း အဲ့လိုပဲ မိုးတွင်းဆို မိုးစိုတယ်။ အဝတ်စိုစိုတွေနဲ့ပဲ နေထိုင်ကြရတယ်။ အဝတ်က ပြန်မခြောက် တော့ စိုတဲ့အဝတ်တွေကိုပဲဝတ်ရတော့ မှိုစွဲတယ်။ ပွေးတို့လိုမျိုး အရေပြားရောဂါဖြစ်တယ်”ဟု အထက်ပါ သူက ဆက်ပြောသည်။

    စစ်ဘေးရှောင်သူတို့မှ လက်ရှိဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောသည် ကာလဝမ်းရောဂါပုံစံမဟုတ်ဘဲ ရိုးရိုးဝမ်းပျက်ဝမ်းလျှောသာဖြစ်ခြင်းကြောင့် စိုးရိမ်ရန် မလိုအပ်ကြောင်း ပြောသည်။

    အဆိုပါဒေသဘက်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ နှစ်စဉ်နှစ်တိုင်းဖြစ်ပွားနေခြင်းကြောင့် ကြိုတင် ပြင်ဆင်မှုအနေဖြင့် ယင်လုံအိမ်သာများဆောက်လုပ်ထားသော်လည်း စစ်ရှောင်လူဦးရေတစ်လထက်တစ်လ တိုးလာနေပြီး လုံလောက်မှုမရှိကြောင်း သိရသည်။

    လက်ရှိအချိန်အထိ ၎င်းရောဂါတို့နှင့်ပတ်သက်ပြီး ဆေးဝါးအခက်အခဲ မလိုအပ်သေးသော်လည်း ရောဂါဖြစ်ပွားမှုနှုန်းတိုးလာပါက ဆေးဝါးအခက်အခဲ ဖြစ်လာနိုင်ကြောင်း ဆိုသည်။

    ကျိုက်ထိုမြို့နယ်တွင် စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ရှိနေသည်ဟု KNU မှ ထုတ်ပြန်ထားပြီး စစ်ကောင်စီမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှု နေစဉ် လုပ်ဆောင်လျှက်ရှိသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks