spot_img
Sunday, January 25, 2026
More
    spot_img
    Homeသတင်းတစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာ ခြောက်ဦးတွေ့ရှိ

    တစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာ ခြောက်ဦးတွေ့ရှိ

    -

    စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်- ၁၉ ရောဂါ စောင့်ကြည့်လေ့လာခြင်း အချက်အလက်အရ ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့မှ ၂၅ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဓါတ်ခွဲနမူနာ စုစုပေါင်း(၂၇၅၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်အတည်ပြုလူနာသစ် ၆ ဦးထပ်မံတွေ့ရှိထားကြောင်း သိရသည်။

    ကိုဗစ်ပိုးတွေ့လူနာ ခြောက်ဦးတို့သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်မှ နှစ်ဦး၊ အင်းစိန်မြို့နယ်မှ တစ်ဦး၊ သာကေတမြို့နယ်မှ တစ်ဦး၊ ကော့မှုးမြို့နယ်မှ တစ်ဦးနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မှ တစ်ဦးတို့ဖြစ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

    လက်ရှိတွင် ရောဂါပို့တွေ့ရှိမှုရာခိုင်နှုန်းသည် (ဝ ဒသမ ၂၂) ရာခိုင်နှုန်းဖြစ်ပြီး ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသပေးရသည့် လူနာနှင့် သေဆုံးလူနာမရှိသေးကြောင်း သိရသည်။

    လက်ရှိ အိမ်နီးချင်းနိုင်ငံတို့တွင် ကူးစက်မှုဖြစ်ပွားနေသော ကိုဗစ်-၁၉ အိုမီခရွန် ဗီဇပြောင်း ရောဂါပိုးများသည် XBBနှင့် JN.1 တို့မှ မျိုးရိုးဗီဇပြောင်းလာသည့် ရောဂါပိုးများဖြစ်ပြီး ရောဂါပြင်းထန်မှုနှင့် ပိုမိုသေဆုံးမှုမရှိကြောင်း သိရသည်။

    ထို့ကြောင့် အိမ်နီးချင်းနိုင်ငံတို့တွင် ရာသီတုပ်ကွေးနှင့် ကိုဗစ်- ၁၉ ရောဂါကူးစက်မှုမရှိစေရေး ကာကွယ် ထိန်းချုပ်မှုများ ပြုလုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များတွင် စောင့်ကြည့်နေကြောင်း စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောဆိုထားသည်။

    ယင်းအပြင် မိုးရာသီကာလ စိုစွတ်သည့်အခြေအနေကြောင့် အသက်ရှုလမ်းကြောင်းမှ ကူးစက်တတ်သည့် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုများကို ပိုမိုအားဖြည့် စောင့်ကြပ်ကြည့်ရှု့ရမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

    စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာမှ ကိုဗစ်ကာကွယ်ဆေးအမျိုးအစား ၈ မျိုးကို အသုံးပြု၍ အသက်ငါးနှစ်နှင့်အထက်ရှိသည့် ပြည်သူ ၃၆ ဒသမ ၃၆ သန်းကို ကာကွယ်ဆေးအကြိမ်ရေအပြည့်ထိုးနှံနိုင်ခဲ့ပြီး ထပ်ဆောင်းကာကွယ်ဆေး ၂ ဒသမ ၂၅ သန်းကို does ထိုးနှံပေးနိုင်ခဲ့သည်ဟု စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနမှ အချက်အလက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts