spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းရေးကမ်းခြေတစ်လျှောက် မကြာခဏဝင်ရောက်လာသည့် ရိုဟင်ဂျာလူအုပ်စုတို့ စစ်ကောင်စီအဖွဲ့နှင့်ဖမ်းဆီးခံနေရ

    ရေးကမ်းခြေတစ်လျှောက် မကြာခဏဝင်ရောက်လာသည့် ရိုဟင်ဂျာလူအုပ်စုတို့ စစ်ကောင်စီအဖွဲ့နှင့်ဖမ်းဆီးခံနေရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ် ကမ်းခြေတစ်လျှောက်တွင် ပွဲစားအဆက်အသွယ်ဖြင့် ရခိုင်ပြည်နယ်မှဝင်ရောက်လာသည့် ရိုဟင်ဂျာလူအုပ်စုတို့ ရေးအခြေစိုက် စစ်ကောင်စီတပ်သားနှင့်ရဲတပ်ဖွဲ့ဝင်တို့ထံ မကြာခဏ ဖမ်းဆီးခံနေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်မှ ပြောပြချက်အရ သိရသည်။

    ပြီးခဲ့သည့် ဧပြီလတွင် ရေးကမ်းခြေဘက်မှ ဝင်ရောက်လာသည့် ရိုဟင်ဂျာ ၁၈၅ ဦးကို စစ်ကောင်စီအဖွဲ့တို့က ဖမ်းဆီးထားပြီး ယခုမေလတွင် ရိုဟင်ဂျာ ၃၀၀ ကျော်အထိ ဝင်ရောက်လာခဲ့ရာ ၃ ဦးကို ဖမ်းဆီးရမိထားကြောင်း ရေးမှ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    ကျန်ရှိနေသည့် ရိုဟင်ဂျာလူအုပ်စုတို့ကို စစ်ကောင်စီတပ်ဖွဲ့တို့က အစင်၊ အံဒင်း၊ ဒူယာ၊ သောင်ပြင်၊ ကေ့ာဒွတ် စသည့်ကမ်းခြေတစ်လျှောက် လုံခြုံရေးတိုးမြှင့်ကာ လိုက်လံဖမ်းဆီးလျှက်နေသည့်အပြင် ဒေသခံများအနေဖြင့် အဆိုပါ ရိုဟင်ဂျာလူအုပ်စုတို့ကိုတွေ့ရှိပါက ၄င်းတို့ထံ အကြောင်းကြားရန် စစ်ကောင်စီအဖွဲ့တို့က ပြောဆိုထားကြောင်း သိရသည်။

    ပုံ – မြန်မာကမ်းလွန်ပြင်တစ်နေရာတွင် စက်လှေပျက်နေသည့် ရိုဟင်ဂျာတို့ကို တွေ့ရစဉ်။

    “ရိုဟင်ဂျာတွေက ခဏခဏဝင်လာနေတယ်၊ ဒီလက အစင်ဘက်မှာ ၃ ဦးဖမ်းမိတယ်။ စစ်ဆေးတော့ သူတို့အပါဝင် လူဦးရေ ၃၀၀ လောက် အတူပါလာတယ်။ ဒါပေမဲ့ ဒီ ၃ ဦးကိုပဲ ဖမ်းမိတယ်။ ကျန်တဲ့ သူကိုတော့ ရှာမတွေ့သေးဘူး” ဟု စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူကဆိုသည်။

    ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာလူအုပ်စုတို့ကို ရေးမြို့မရဲစခန်းတွင် စစ်ဆေးမေးမြန်းပြီးနောက်၊ မော်လမြိုင်အကျဉ်းထောင်သို့ပို့ဆောင်ထားကာ ထိုမှတစ်ဆင့် ရခိုင်ပြည်နယ်ဘက်သို့ ပြန်လည်ပို့ဆောင်နေကြောင်း ဆက်ပြောသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း ရေးမြို့မြောက်ပိုင်း၊ ကော့ဒွတ်- သောင်ပြင် ကျေးရွာအကြားရှိ ပင်လယ်ကမ်းခြေဘက်သို့ လှေဖြင့်ဝင်ရောက်လာသည့် ရိုဟင်ဂျာ လူတစ်စုတို့အနက် ၅ ဦးတို့ စစ်ကောင်စီအဖွဲ့နှင့် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။

    လက်ရှိတွင် ရေးမြို့နယ်အတွင်းရှိ ကမ်းခြေနှင့်နီးစပ်သည့်ရွာတို့တွင် ရိုဟင်ဂျာဟု ယူဆရသည့်မျက်နှာစိမ်းလူတို့ကို မကြာခဏတွေ့မြင်နေရပြီး မလေးရှာနိုင်ငံသို့ ခရီးဆက်ရန် အခက်ခဲမျိုးစုံရှိနေသဖြင့် ရေးမြို့နယ်တွင်သာ အခြေချနေထိုင်သွားမည်ကို ဒေသခံပြည်သူများက စိုရိမ်းနေကြသည်ဟု သိရသည်။

    “ဒီရိုဟင်ဂျာတွေ အခက်ကြုံပြီး ရေးမြို့မှာပဲ နေသွားမယ်ဆို တို့မွန်လူမျိုးတွေကို လွှမ်းမိုးလိုက်မှာ စိတ်ပူတယ်။ ဘာလို့လဲဆို သူတို့က သူတို့လူမျိုးတွေ တိုးပွားဖို့ပဲ လုပ်နေကြတယ်။ တစ်အိမ်ကနေ ၅ အိမ် ၁၀အိမ်ဖြစ်လာမယ်။ အဲလိုနဲ့ များသွားမှာစိုးတယ် ” ဟု ရေးမြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောသည်။

    အဆိုပါ ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်မှ လက်နက်ကိုင်အဖွဲ့တို့နှင့် ပတ်သတ်မှုရှိသည်ဟု ယူဆရသည့် ပွဲစားအဆက်အသွယ်ဖြင့် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ရန်သဘောတူထားပြီး ရေးမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ဝင်ရောက်ကာ ထိုမှတစ်ဆင့် မလေရှားနိင်ငံဘက်သို့ တရားမဝင်လမ်းဖြင့် ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝှမ်းတွင် အထောက်အထားမဲ့ ရိုဟင်ဂျာလူမျိုးများ ဖမ်းဆီးခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိသည့်အပြင် တရားခံမပေါ်ဘဲ လမ်းတွင်ပစ်သတ်ခံနေရသူတို့လည်း ရှိသည်။

    ၂၀၂၄ ခုနှစ်အတွင်း ပင်လယ်ပြင်အတွင်း ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသည့် ရိုဟင်ဂျာ ၆၅၇ ဦး သေဆုံးခဲ့ရကြောင့် UNHCR အချက်အလက်အရ သိရပြီး လက်ရှိတွင် ဆိုးရွားလာသည့် လူသားချင်းစာနာထောက်ထားမှုနှင့် ရန်ပုံငွေဖြတ်တောက်မှုတို့ကြောင့် ရိုဟင်ဂျာတို့၏ ဘဝအပေါ် သက်ရောက်မှုများစွာရှိနေကြောင်းလည်း ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks