spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းနိုင်ငံတော်တည်ငြိမ်ရေး စစ်ကောင်စီနှင့် ပူးပေါင်းမည်ဟု NDAA ပြော

    နိုင်ငံတော်တည်ငြိမ်ရေး စစ်ကောင်စီနှင့် ပူးပေါင်းမည်ဟု NDAA ပြော

    -

    ဒေသတွင်းနှင့် နိုင်ငံတော်တည်ငြိမ်ရေး စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မိုင်းလား ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့က ပြောသည်။

    မေလ ၂၅ ရက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် NDAA ကိုယ်စားလှယ်အဖွဲ့တို့ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တွင် တွေ့ဆုံစဉ် NDAA) မိုင်းလား ဒုတိယဥက္ကဋ္ဌ အထက်ပါအတိုင်း ပြောကြားခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

    ဦးစန်ပေ့က “မိမိတို့ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့် မည်သည့်နိုင်ငံရေး အဖွဲ့အစည်းကိုမျှ လက်ခံထားခြင်း မရှိကြောင်း၊ မိမိတို့အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းရေး လုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စစ်ကောင်စီအနေဖြင့် မိမိတို့ဒေသအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြား ဆောင်ရွက်ပေးစေလိုကြောင်း” ပြောသည်။

    NDAA အနေဖြင့် နှစ် ၃၀ ကျော် ကျင့်သုံးလာခဲ့သည့်အတိုင်း နိုင်ငံတော်မှ ချမှတ်ထားသည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မဲရေး စသည့် တို့တာဝန်အရေးသုံးပါးအတွက် အဓိကထား ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

    တွေ့ဆုံမှုတွင် စစ်ခေါင်းဆောင်က စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုစနစ်ကို လျှောက်လှမ်းနေကြကြောင်း၊ ထို့ကြောင်း တိုင်းရင်းသားညီအကိုတွေအားလုံး စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကို ဖော်ဆောင်သွားနိုင်ရန် လိုအပ်ကြောင်း ပြောသည်။

    ထို့အတူ တည်ငြိမ်အေးချမ်းရေးတို့ကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒေသတစ်ခု နိုင်ငံ့တစ်ခု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာတတ်လူသားအရင်းအမြစ်များ ပေါကြွယ်ဝရေး မဖြစ်မနေ လုပ်ဆောင်ရမည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။

    အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မိုင်းလားက ရှမ်းပြည်အရှေ့ပိုင်း မြန်မာ – တရုတ်နယ်စပ်ရှိ မိုင်းလား၊ ဆီလူး၊ နမ့်ပန်းဒေသ‌များကို အထူးဒေသ (၄) အဖြစ် သတ်မှတ်ထိန်းချုပ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks