spot_img
Monday, January 26, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်-ရန်ကုန်ရထားလမ်းပိုင်း မိုင်းခွဲခံရပြီး၊ ရထားခရီးစဉ်များ ယာယီရပ်ဆိုင်း

    မော်လမြိုင်-ရန်ကုန်ရထားလမ်းပိုင်း မိုင်းခွဲခံရပြီး၊ ရထားခရီးစဉ်များ ယာယီရပ်ဆိုင်း

    -

    မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာအနီး ရန်ကုန်- မော်လမြိုင် ရထားလမ်းပိုင်းတွင် ကျောက်တင်ရထားတစ်စင်း မိုင်းထောင်ဖောက်ခွဲခဲ့ရပြီး ရထားခရီးစဉ်များ ယာယီရပ်ဆိုင်းထားကြောင်း မော်လမြိုင်ဘူတာထံမှ သိရသည်။

    မေလ ၂၅ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ပေါင်မြို့နယ်၊ သဲဖြူကုန်းဘူတာမှ တောင်ငူဘက်သို့ ထွက်ခွာလာသည့် ခေါင်းတွဲအပါအဝင် တွဲ ၁၉ တွဲပါသည့် အစုန်ကျောက်ရထား တစ်စင်းသည် သထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာအနီး ရထားမိုင်တိုင်အမှတ် (၁၂၄/၃) အနီးတွင် မိုင်းထောင်ဖောက်ခွဲခံရသည်။

    မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် ကျောင်တင်ရထားတွဲ ၄ တွဲ လမ်းချော်သွားသည့်အပြင် ရထားသံလမ်းလည်း ပြတ်ထွက်သွားသည်ဟု မော်လမြိုင်ရထားဘူတာ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “ကျောက်တင်ရထား အတွဲအမှတ် (၄/၅/၆/၇) လမ်းချော်ကျသွားတယ်။ နောက် နားနေတွဲနဲ့ အတွဲအမှတ် (၈) က တိမ်းစောင်းသွားတယ်။ နောက်ပြီး ရထားသံလမ်း ဘယ်ညာ ပေ (၂၀၀) ခန့် ပြတ်ထွက်သွားတယ်လို့ ကနဦး သိရပါတယ်” ဟု ၎င်းက ပြောသည်။

    ကျောက်တင်ကုန်ရထား မိုင်းထောင်ဖောက်ခွဲခံရခြင်းကြောင့် ရန်ကုန် – မော်လမြိုင်ရထားခရီးစဉ်များ ယာယီရပ်နားထားရကြောင်း ဆိုသည်။

    လက်ရှိတွင် မိုင်းထောင်ဖောက်ခွဲခံရမှုကြောင်း ထိခိုက်ပျက်စီးသွားသည့် ရထားလမ်းပိုင်းကို မြန်မာ့မီးရထား တာဝန်ရှိဝန်ထမ်းများမှ အမြန်ဆုံးပြုပြင်နိုင်အောက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။

    ပြီးခဲ့သည့် မေလ ၆ ရက်နေ့ နံနက်ကလည်း ဘီးလင်းမြို့နယ်၊ ကော့ကဒွတ်ကျေးရွာအုပ်စု သင်တောကြီးကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ရထားလမ်း၊ နှင်းပုလဲဘူတာနှင့် တောင်စွန်းဘူတာကြားရှိ ရထားချောင်းကူးတံတားတစ်စင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး တံတား ပေ ၄၀ ခန့် ပြိုကျပျက်စီးသွားခဲ့သည်။

    ထိုရထားချောင်းကူးတံတား မိုင်းခွဲခံရမှုကြောင့် ရန်ကုန် – မော်လမြိုင် အစုန်၊ အဆန်ရထားခရီးစဉ်များ မေလ ၆ ရက်နေ့ကနေ မေလ ၁၀ ရက်နေ့အထိ ယာယီရင်ဆိုင်းခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts