Tuesday, March 31, 2026
More
    spot_img
    Homeသတင်းကွမ်းသီးနုဈေးကောင်းမရ၍ အသီးခူးဆွတ်သူနည်း

    ကွမ်းသီးနုဈေးကောင်းမရ၍ အသီးခူးဆွတ်သူနည်း

    -

    ကွမ်းသီနုရာသီပေါ်စတွင် ပြည်ပမှ ဝယ်လိုအားမရှိ၍ ဈေးကောင်းမရသဖြင့် ကွမ်းသီးအဓိကစိုက်ပျိုးသည့် ရေးမြို့နယ်တွင် အသီးခူးဆွတ်မှု နည်းနေကြောင်း သိရသည်။

    ယခင်နှစ် ကွမ်းသီးနုရာသီ ဈေးကောင်းရစဉ် ပွဲစားတို့ကိုယ်တိုင် ရေးမြို့နယ်အထိ အပင်တက်သမားတို့ကို ခေါ်ဆောင်ကာ တစ်ခြံဝင်တစ်ခြံထွက် လိုက်လံဝယ်ယူနေကြောင်း သိရသည်။

    မိချောင်းခေါင်းဟုခေါ်သည့် ခေါင်းချွန်သီးနှင့် အရည်တည်ကာစ အရွယ်အသီးတို့ကိုသာ လက်ရှိ တရုတ်ကုန်သည်တို့က ရွေးချယ်ဝယ်ယူသော်လည်း ဈေးကောင်းမပေးသဖြင့် ကွမ်းသီးတောင်သူတို့ အသီးခူးဆွတ်ခြင်းမလုပ်ဆောင်တော့ကြောင်း ရေးမှကွမ်းသီးရောင်းဝယ်နေသူတစ်ဦးက ဆိုသည်။

    “ဒီနှစ်‌တရုတ်တွေ ဝယ်လိုအားမရှိဘူး၊ ကွမ်းသီးနု ဈေးမကောင်းတော့ သူများတွေ အနုမခူးတော့ဘူး ၊ နောက်ပြီးတော့ ကွမ်းသီးခြောက်လဲ ဈေးကောင်းနေတယ်ဆိုတော့ သူများ‌တွေ အမှည့်ထားမယ်၊ မဟုတ်ရင် အခြောက်လုပ်မှာပေါ့”ဟု ကွမ်းသီးနုအရောင်းအဝယ်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

    ယခင်နှစ်တွင် တရုတ်မှ ဝယ်လိုအားများခဲ့သဖြင့် ကွမ်းသီးနုတစ်ပိသာ ၁ သောင်းကျော်အထိဈေးကောင်ရနေပြီး လက်ရှိတွင် တစ်ပိသာ ၇၀၀၀ ကျပ်သာပေါက်ဈေးရှိနေသည်။

    ကြိုတင်မခန့်မှန်းနိုင်သည့် တိုက်ပွဲအခြေအနေ၊ သူခိုးရန်နှင့် မဖြစ်မနေခူးဆွတ်ရသည့်အခြေအနေတွင်သာ ဒေသခံတောင်သူအချို့ ကွမ်းသီးနုတို့ကို ခူးဆွတ်ရောင်းချနေကြောင်းလည်း ကွမ်းသီးစိုက်တောင်သူတစ်ဦးက ဆိုသည်။

    “အခုကွမ်းသီးနုခူးတဲ့သူက ၅ ပုံ ၁ ပုံ လောက်ပဲရှိတယ် ခူးနေရတဲ့သူတွေက သူတို့ခြံဝေးလို့ စောင့်ပေးမဲ့သူမရှိရင် သူခိုးတွေခိုးနေလို့ သူတို့ခူးရတာ အလိုဖြစ်နေတယ် နောက်ပြီးတော့ အသီးကြွေးတာတွေရှိတယ် အဲတာမကြွေးခင် သူတို့ခူးလိုက်တာ ကြွေးမဲ့တူတူ ခူးလိုက်ရင် ပိုက်ဆံရတာပေါ့” ဟု ဆိုသည်။

    သို့သော် ယမန်နှစ်တွင် ကွမ်းသီးခြောက် သိုလှောင်ထုတ်လုပ်မှု နည်းပါးနေသဖြင့် ကွမ်းသီးခြောက်လိုအပ်ချက်ကြောင့် ယခုနှစ်တွင် ဈေးနှုန်းများ ဈေးကောင်းလျှက်ရှိကာ စျေးနှုန်း ဆက်လက်မြင့်တက်ရန် ရှိနေသည်ဟုလည်း ခန့်မှန်း‌နေကြသည်။

    ရေးမြို့နယ်တွင် ကွမ်းသီးနှင့် အခြားဥယျာဉ်ခြံလုပ်ငန်း အဓိကလုပ်ကိုင်ပြီး ဇွန်၊ဇူလိုင်လခန့်တွင် ကွမ်းသီးလှိုင်လှိုင်စသီးနေကြောင်း သိရသည်။ သို့သော် အချို့ကွမ်းသီးတို့ကို ရင့်မှည့်ချိန်အထိ မရောက်ရှိဘဲ အရည်သောက်အနေအထားဖြင့် ရောင်းချလိုက်သည့်အတွက် ကွမ်းသီးခြောက်ထွက်ရှိမှုနှုန်း ကျဆင်းလျှက်ရှိသည်။

    တရုတ်နိုင်ငံမှ ကွမ်းသီးအရည်သောက်ဝယ်ယူသည့် နောက်ဆက်သွယ်ကြောင့် လက်ရှိ ၂၀၂၅ ခုနှစ်၏ ကွမ်းသီးခြောက်ဈေးကွက် စံချိန်တင်မြင့်တက်ခဲ့ရာ ကွမ်းသီးလုပ်ငန်းလုပ်ကိုင်သူတို့ကိုယ်တိုင် ကွမ်းသီးခြောက်ဝယ်ယူစားသောက်နေကြောင်း သိရသည်။

    တနိုင်ငံလုံးအတိုင်းအတာဖြင့် ကွမ်းသီးစိုက် ဧက ၂၅၃၃၇၀ ရှိပြီး နှစ်စဉ် တန်ချိန် နှစ်သိန်းသုံးသောင်းခန့် ထွက်ရှိကာ မွန်ပြည်နယ်တွင် စိုက်ဧက ၅၆၅၀၈ ဧက ရှိပြီး တန်ချိန် ကိုးသောင်းဖြင့် အများဆုံး ထွက်ရှိနေကြောင်း မြန်မာနိုင်ငံကွမ်းသီးစိုက်ပျိုးထုတ်လုပ်၊ တင်ပို့ ရောင်းချသူများမှအသင်းမှ အချက်အလက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks