spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုတွင် စစ်ကောင်စီစစ်ကြောင်းက နေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူ

    ကျိုက်ထိုတွင် စစ်ကောင်စီစစ်ကြောင်းက နေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းက နေအိမ်များကို ဖောက်ထွင်းပြီး တန်းဖိုးကြီးပစ္စည်းများ ခိုးယူသွားခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်အောက်က အင်အား ၂၀၀ ကျော်ရှိ စစ်ကြောင်း နှစ်ကြောင်းနှင့် အမှတ် ၄၄ ခြေမြန်တပ်မဌာနချူပ် လက်အောက်ခံရှိ ခမရ-၂၀၇ မှ အင်အား ၁၅၀ ကျော်ရှိ စစ်ကြောင်း နှစ်ကြောင်း စုစုပေါင်း စစ်ကြောင်း လေးကြောင်းတို့က မေ ၁၄ ရက်နေ့ကစပြီး ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သည်။

    အဆိုပါစစ်ကြောင်းများသည် ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာအုပ်စုဘက်သို့ မေလ ၁၈ ရက်နှင့် ၁၉ ရက်နေ့ ဝင်ရောက်လာပြီးနောက် နေအိမ်များကို ဖောက်ထွင်းကာ တန်းဖိုးကြီးပစ္စည်းများ ခိုးယူပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ဆိုသည်။

    “ကျိုက်ထိုမြို့နယ်အတွင်းကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတယ်။ အဲစစ်ကြောင်းတွေက မေလ ၁၈ နဲ့ ၁၉ ရက်နေ့မှာ ဝင်းကံကျေးရွာအုပ်စုဘက်ကို တပ်စွဲထားတယ်။ ၁၉ ရက်နေ့ ညမှာပဲ ပြန်ဆုတ်ခွာသွားကြတယ်။ ဆုတ်ခွာပြီးတော့ ကျနော်တို့ ဝင်ရောက်စစ်ဆေးတဲ့အချိန်မှာ ဝင်းကံရွာမှာ အိမ်ခြေ ၂၀၀ လောက်ရှိတာကို အိမ်ကြီး၊ အိမ်ကောင်းအများစုကို ဖောက်သွင်းထားတာ တွေ့ရတယ်။ ရောင်းစားလို့ရတဲ့ ပစ္စည်းတွေဆို အကုန်ယူသွားတာ တွေ့ရတယ်။ ဝင်းကံဘုန်းကြီးကျောင်းက မီးခံသေတ္တာကိုလည်း သူတို့ ရိုက်ဖျက်ပြီးတော့ ကျောင်းပြုပြင်ဖို့အတွက် ထားထားတဲ့ သိန်း ၁၀၀ ကိုလည်း ခိုးယူသွားတာ ရှိတယ်” ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

    ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာအုပ်စုအတွင်းကို စစ်ကောင်စီက မေလ ၁၄ ရက်နေ့ကစပြီး လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အပြင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်က ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာအုပ်စုအတွင်းရှိ ဝင်းကံ၊ ဘောကထ၊ ကျောက်ရေတွင်း၊ ကလောမြောင်၊ ရှမ်းစုနှင့် အညာစုကျေးရွာတို့မှ အိမ်ခြေ ၆၅၀ ကျော်မှ လူဦးရေ ၂၇၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

    ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရချိန် စစ်ကောၚ်စီစစ်ကြောင်းများ ကျေးရွာထဲဝင်လာပြီး နေအိမ်များ ဖောက်ထွင်းပြီး ပစ္စည်းများ ခိုးယူသည့်အပြင် နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားသည်လည်း ရှိနေသည်။

    ကျိုက်ထိုမြို့နယ်အတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်လာနေသည့်အတွက် ဒေသတွင်း တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်းမှုများလည်း ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks