spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းစာသင်ကြားမှုထိရောက်နိုင်ရေး စာသင်ဆောင်များ တိုးချဲ့တည်ဆောက်ရန်များစွာလိုအပ်နေ

    စာသင်ကြားမှုထိရောက်နိုင်ရေး စာသင်ဆောင်များ တိုးချဲ့တည်ဆောက်ရန်များစွာလိုအပ်နေ

    -

    မွန်အမျိုးသားပညာရေးဌာနလက်အောက်ရှိ မွန်အမျိုးသားကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ များပြားလာသည်နှင့်အမျှ ပညာရေးအရည်အသွေးမြှင့်တင်ရေးနှင့် သင်ကြားရေးပိုမိုထိရောက်နိုင်ရန်အတွက် စာသင်ခန်းများ လုံလောက်စွာ တည်ဆောက်ရန် လိုအပ်လာနေကြောင်း မွန်အမျိုးသားကျောင်းမှ ကျောင်းဆရာ၊ ဆရာမများက ပြောသည်။

    မွန်အမျိုးသားမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျာင်းအများစုတို့တွင် စာသင်ဆောင်အခန်းများမလုံလောက်မှုကို နှစ်ရှည်ရင်ဆိုင်နေရပြီး စာသင်ခန်းတစ်ခုနှင့်တစ်ခုကြား အသံမလုံသည့် အခန်းစည်းများဖြင့် စုပြုံသင်ကြားနေကြရသဖြင့် စာသင်ကြားရေးခက်ခဲသည့်ပြဿနာ များစွာရင်ဆိုင်နေရကြောင်း ကျောင်းဆရာ/မတို့၏ ပြောပြချက်အရ သိရသည်။

    မွန်အမျိုးသားပညာရေးကော်မတီအပါအဝင် သက်ဆိုင်သည့် ရပ်ကျေးအဖွဲ့တို့မှ ပါဝင်ကူညီခြင်း အားနည်းနေသေးသဖြင့် လာမည့်ပညာသင်နှစ်တွင်လည်း ကျောင်းသားကျောင်းသူများ နေရာထိုင်ခင်းအခက်အခဲ ရင်ဆိုင်ရအုံးမည်ဖြစ်ကြောင်း မွန်အမျိုးသားကျောင်းမှ ကျောင်းအုပ်ကြီးတစ်ဦးက ဆိုသည်။

    ” ဒီစနစ်သစ်ပညာရေးမှာ လက်တွေ့လေကျင့်ခန်းတွေနဲ့ ပိုသွားရတယ်။ အဲဒီတော့ စာသင်ခန်းက မရှိဘူးဆိုရင် လေကျင့်ခန်းတွေလုပ်ဖို့လည်း မလွယ်ဘူး။ ကိုယ်အခန်းနဲ့ကိုယ်ဆိုမှ ပိုပြီးအဆင်ပြေမယ်။ ဒါကြောင့် ပညာရေးဖွံ့ဖြိုးဖို့ဆို ကျောင်းဆောင်တွေလိုအပ်တယ်” ဆက်ဆိုသည်။

    စာသင်ခန်းအခက်အခဲကြောင့် ဆရာမနှင့် ကျောင်းသားကျောင်းသူတို့ကြား လွတ်လပ်စွာ ပြောဆိုဆက်သွယ်မှုမရှိခြင်း၊ လက်တွေ့လေ့ကျင့်ခန်းများကို ထိထိရောက်ရောက်မပြုလုပ်ပေးနိုင်ခြင်း၊ တစ်ခန်းထဲတွင် လူအများအပြားနေရခြင်းကြောင့် သင်ကြားရေးပိုင်း နစ်နာမှုရှိနေကြောင်းလည်း မွန်အမျိုးသားကျောင်းဆရာမတစ်ဦးက ဆိုသည်။

    “ကျွန်မတို့အလယ်တန်ကျောင်းဆို နေရာမရှိတော့ Grade 5,6,7,9 က တစ်နေရာထဲမှာပြုံနေတယ်။ တစ်တန်းဆို အယောက် ၃၀ လောက်ရှိတယ်။ တစ်တန်းနဲ့တစ်တန်း ဘာမှမခြားထားဘူး တစ်နေရာထဲစုနေတယ်။ အဲဒီမှာ တော်တော်ဆူညံတယ်။ ဟိုဘက်သင်ရင် ဒီဘက်ကြားရတယ်၊ ဒီဘက်သင်ရင် ဟိုဘက်ကြားရတယ်။ ကျယ်ကျယ်လဲ မသင်နိုင်ဘူး အားနာရတယ်” ဟု သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာမွန်အမျိုးသားလယ်တန်းကျောင်းမှ ဆရာမတစ်ဦးက ပြောသည်။

    နှစ်စဉ် ကျောင်းသားအရေအတွက် တိုးလာနေသဖြင့် ကျောင်းဆောင်အခန်းမလုံလောက်မှုကြောင့် စာသင်ကြားချိန် ကန့်သတ်နေရသည့်အပြင် ကျောင်းသား/ကျောင်းသူအချို့ မိမိကျေးရွာနှင့် နီးစပ်ရာကျောင်းများကို မတက်နိုင်ဘဲ အခြားကျောင်းများ တွင် ပြောင်းရွှေ့သင်ကြားနေရသည်။

    ထို့ကြောင့် ပညာရေးဖွံ့ဖြိုးရေးအတွက် အဓိကပံ့ပိုးမှုဖြစ်သောကျောင်းဆောင်များကို တိုးချဲ့တည်ဆောက်နိုင်ရန် လှူဒါန်းမှုနှင့် ပြည်သူ့ပံ့ပိုးမှုများ မရှိမဖြစ်လိုအပ်နေကြောင်း မွန်အမျိုးသားကျောင်းတာဝန်ရှိသူများက ဆိုထားသည်။

    တစ်ဖက်တွင် မွန်အမျိုးသားစာသင်ကျောင်းများတွင် စားဝတ်နေရေးအခြေအနေများကြောင့် သင်ကြားရေးဝန်းထမ်းအဖြစ် တာဝန်ထမ်းဆောင်လိုသူ နည်းပါးလာနေပြီး ကျောင်းသားနှင့် ဆရာဦရေးမမျှတမှုနှင့် ရင်ဆိုင်လာရနိုင်ကြောင်း မွန်အမျိုးသားပညာရေးဌာနနှင့် နီးစပ်သူက ဆိုသည်။

    မွန်အမျိုးသားပညာရေးဌာနလက်အောက်တွင် မွန်အမျိုးသား မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း စုစုပေါင်း ၁၄၈ ကျောင်းဝန်းကျင်တွင်ရှိပြီး ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသားအမစု ကျောင်းထွက်နှုန်းများနေသည့်အပြင် စားဝတ်နေရေးနှင့် နိုင်ငံရေးအခြေအနေအရပ်ရပ်ကြောင့် ပြည်ပထွက်ခွာမှုများပြီး ကျောင်းထွက်နှုန်းမြင့်တက်နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks