spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်အကြောင်း မွန်ညီညွတ်ရေးပါတီ(MUP)မှ တရားဝင်အတည်ပြုပြောဆိုခြင်းမရှိသော်လည်း အလုပ်မှုဆောင်ကော်မတီမှ ပြောဆိုလာ

    ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်အကြောင်း မွန်ညီညွတ်ရေးပါတီ(MUP)မှ တရားဝင်အတည်ပြုပြောဆိုခြင်းမရှိသော်လည်း အလုပ်မှုဆောင်ကော်မတီမှ ပြောဆိုလာ

    -

    စစ်ကောင်စီအဖွဲ့၏ ၂၀၂၅ ခုနှစ်မကုန်မီကာလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီ(MUP)မှ ဝင်ရောက်ယှဉ်ပြိုင်ခြင်းရှိမရှိ အတည်ပြုပြောဆိုထားခြင်းမရှိသော်လည်း အလုပ်မှုဆောင်ကော်မတီဘက်မှ ရွေးကောက်ပွဲနှင့်ပတ်သတ်၍ ပြောဆိုလာနေသည်ဟု သိရသည်။

    လာမည့် ၂၀၂၅ ဒီဇင်ဘာလတွင်  ရွေးကောက်ပွဲကျင်းပရန် စစ်ကောင်စီမှ ပြင်ဆင်ဆောင်ရွက်နေပြီး မွန်ညီညွတ်ရေးပါတီ(MUP)မှ ရွေးကောက်ပွဲနှင့် ပတ်သတ်၍ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမလုပ်ဆောင်သော်လည်း နိုင်ငံရေးပါတီတို့၏ အသက်သွေးကြောသည် ရွေးကောက်ပွဲဖြစ်ကြောင်း အလုပ်မှုဆောင်ကော်မတီမှ ခေါင်းဆောင်ပိုင်းတွင် ပါဝင်နေသူတစ်ဦးက ဆိုသည်။

    "ဒီနှစ်မကုန်မီမှာ စကစ သူတို့ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရွေးကောက်ပွဲလုပ်မှာပဲ၊ ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ နိုင်ငံရေးပါတီတစ်ခု အနေနဲ့ ဒါကိုဖြတ်ကျော်ရမှာပဲ၊ မွန်ညီညွတ်ရေးပါတီအနေနဲ့လည်း ပါတီဆက်လက်အသက်ဝင်ဖို့ဆိုရင် ကောင်းကောင်းဆိုးဆိုး ဒီရွေးကောက်ပွဲအတွင်းကို ဖြတ်ရမှာပဲ ဒါကိုလည်း ဗဟိုကော်မတီကြားမှာလည်း ပြောဆိုထားပါတယ်" ဟု ပြောသည်။

    ရွေးကောက်ပွဲ မဖြစ်မနေကျင်းပမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်မှ ၎င်းတို့သတင်းမီဒီယာမှတစ်ဆင့် ဆက်တိုက်ပြောဆိုလာကြောင်းနှင့် မြေပြင်တွင်လည်း ပြင်ဆင်ဆောင်ရွက်မှုတို့ကို လုပ်ဆောင်လာသည်။

    စစ်ခေါင်းဆောင်တို့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တို့ ခပ်စိပ်စိပ်ဆောင်ရွက်လာသည့်အပေါ် မွန်ညီညွတ်ရေးပါတီ(MUP)မှ အစည်းဝေးခေါ်ယူခြင်း၊ စည်းရုံးရေးတို့လည်း လုပ်ဆောင်လာပြီး ရွေးကောက်ပွဲပြင်ဆင်မှုကို သွယ်ဝိုက်သောနည်းဖြင့် လုပ်ဆောင်လျှက်ရှိသည်။

     အလားတူ ကရင်ပြည်နယ်အတွင်းစည်းရုံးမည့် မွန်ညီညွတ်ရေးပါတီ(MUP) ကိုယ်စားပြုသည့် မွန်တိုးတက်ရေးပါတီမှလည်း ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနှင့် လှိုင်းဘွဲ့မြို့နယ်အတွင်းသို့ ပါတီရုံးဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး လက်ရှိ ကရင်ပြည်နယ်အတွင်း ပဋိပက္ခနှင့် တိုက်ပွဲတို့ကြောင့် အခြားပြင်ဆင်ဆောင်ရွက်မှုတို့ လုပ်ဆောင်ရန် ခက်ခဲနေကြောင်း ပါတီထိပ်ပိုင်းခေါင်းဆောင်တို့မှ သိရသည်။

    မွန်နိုင်ငံရေးပါတီတို့ ရွေးကောက်ပွဲအတွင်းပါဝင်မည့်အကြောင်းနှင့် ပတ်သတ်၍ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက"အကယ်လို့ ရွေးကောာက်ပွဲတကယ်ဖြစ်လာမယ်၊ မွန်ညီညွတ်ရေးပါတီအနေနဲ့လည်း ရွေးကောက်ပွဲမဖြစ်မနေဝင်ပါမယ်ဆိုရင်လက်ရှိ တော်လှန်ရေးကြားကာလမှာ ဒီအပြင်ဘက်ရောက်နေတဲ့သူတွေနဲ့ ကိုယ့်အချင်းချင်းကြား နားလည်မှုရှိရှိနဲ့ ရှေ့ဆက်ဖို့ အချင်းချင်းညှိုနှိုင်းဖို့လိုတယ်လို့ထင်တယ်၊ ဘာမှညှိနှိုင်းတာမရှိဘူး ကိုယ်ကြိုက်တာပဲကိုယ်လုပ်မယ်ဆိုရင် ပဋိပက္ခတွေဖြစ်လာမှာလည်း စိုးတယ်"ဟု ဆိုသည်။

     မွန်ညီညွတ်ရေးပါတီ MUP သည် စစ်ကောင်စီပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ ပါတီမှတ်ပုံတင်ခွင့်ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က ရရှိထားကြောင်း သိရသည်။

    စစ်ကောင်စီအဖွဲ့တို့  ပြင်ဆင်ဆောင်ရွက်နေသည့် ရွေးကောက်ပွဲအပေါ် မွန်နိုင်ငံရေးပါတီတို့ အားပေးအားမြှောက်ခြင်း မပြုရန် တော်လှန်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတို့ သတိပေးပြောဆိုမှု ဆက်တိုက်ရှိလာနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks