spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမူးမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

    မူးမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

    -

    ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ၊ မူးမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU ဗဟိုက ယနေ့ မေလ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။

    စစ်ကောင်စီ ခလရ ၆၀၊ ခလရ ၇၃ ပူးပေါင်းတပ်ပေါင်းစုမှ ထိုးစစ်ဆင်ကာ ခြေကုတ်ယူထားသည့်နေရာများ ဖြစ်သည့် နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ရန်မျိုးအောင်၊ ရွာကြီးအင်းကျွန်းကုန်း(နိုကလော်)၊ တောင်စုကျေးရွာများ ကို KNLA ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်တို့က ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက် သိမ်းပိုက် ရှင်းလင်းနိုင်ခဲ့သည်ဟု ဆိုသည်။

    ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် အရန်ခံဗိုလ်တစ်ဦးကျဆုံးကာ အများအပြား ထိခိုက်သေဆုံးမှုရှိခဲ့ပြီး လက်နက်ခဲယမ်းများစွာလည်း သိမ်းဆည်းရမိခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ်များ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားခြင်းကြောင့် ဒေသခံများ ပိုင်ဆိုင်မှုများကို ထားခဲ့ကာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေကြရသည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks