spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ တစ်ဖက်သတ် အပစ်ရပ်ကာလ တစ်လ ထပ်တိုး

    ညီနောင်မဟာမိတ် ၃ ဖွဲ့၏ တစ်ဖက်သတ် အပစ်ရပ်ကာလ တစ်လ ထပ်တိုး

    -

    ငလျင်နောက်ဆက်တွဲ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တဖက်သတ် အပစ်ရပ်ကာလကို နောက်ထပ် ၁ လ သက်တမ်း ထပ်တိုးကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က မေလ ၁ ရက်နေ့က ထုတ်ပြန်ကြေညာသည်။

    မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် လူနေတိုက်တာအဆောက်အဦးများ၊ သာသနိကအဆောက်အဦးများနှင့် သမိုင်းဝင်အမွေအနှစ်များကို ရှင်းလင်းဖယ်ရှားရန်၊ အသက်ရှင် ကျန်ရစ်နေသော လူနှင့် အိမ်မွေးတိရစ္ဆာန်တွေကို ရှာဖွေကယ်ဆယ်ရေးလုပ်နိုင်ရန် လူသားချင်းစာနာထောက်ထားမှုအရ ညီနောက်မဟာမိတ် ၃ ဖွဲ့က ဧပြီ ၁ ရက်မှ ၃၀ ရက်နေ့အထိ တစ်ဖက်သတ် အပစ်ရပ်ခဲ့သည်။

    ငလျင်ကြောင့် နိုင်ငံအနှံ့အပြားရှိ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများကို ရှင်းလင်းဖယ်ရှားသည့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ၁ လတာကြာသည့်တိုင်အောင် ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်းမရှိသေးသည်ကို တွေ့ရှိရသည်ဟု ညီးနောက်မဟာမိတ် ၃ ဖွဲ့က ဆိုထားသည်။

    ထိုကြောင့် ငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့် ဆက်စပ်သော လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် အချိန်ထပ်မံလိုအပ်နေမည်ဖြစ်သောကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တစ်ဖက်သတ်အပစ်ရပ်ကာလကို မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ သက်တမ်းတိုးလိုက်ခြင်းဖြစ်သည်။

    ထုတ်ပြန်ကြေညာလိုက်သည့်အချိန်မှစ၍ ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများတွင် မိမိကိုယ်မိမိ ခုခံကာကွယ်သော တုံ့ပြန်မှုမျိုးမှလွဲပြီး မိမိတို့ဘက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုး ပြုလုပ်မည်မဟုတ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

    မတ် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်နှင့် နောက်ဆက်တွဲငလျင်များကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနှင့် နေပြည်တော်အပါအဝင် နေရာအနှံ့အပြားတွင် လူထိခိုက်သေဆုံးမှု၊ ပျောက်ဆုံးမှုအပြင် လူနေတိုက်တာများ၊ သာသနိကအဆောက်အအုံတွေ၊ သမိုင်းဝင် အမွေအနှစ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရသည်။

    စစ်ကောင်စီ၏ မေလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ငလျင်ကြောင့် သေဆုံးသူ ၃၈၀၀ ကျော်ရှိပြီး၊ ပျောက်ဆုံးသူ ၁၀၅ ဦးရှိကာ ထိခိုက် ဒဏ်ရာရသူက ၅၀၀၀ ကျော်ရှိသည်။

    ငလျင်လှုပ်ခတ်ပြီး တစ်လကြာလာသည်အထိ သေဆုံးသူစာရင်း ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။

    ၎င်းပြင် ငလျင်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ် ၁၀ ခုတို့တွင် နေအိမ်ပေါင်း ၆၃၈၅၄ လုံး ပျက်စီးခဲ့ရပြီး လူဦးရေ ၆၂၉၂၀၀ ကျော် ငလျင်ဘေးဒဏ်ခံခဲ့ရသည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks