spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းကျုံဒိုး- ကော့ကရိတ်တွင် စစ်တပ်မှအင်အားဖြည့်တင်းပြီး ခံစစ်ပြင်ဆင်မှုများအထူးလုပ်ဆောင်

    ကျုံဒိုး- ကော့ကရိတ်တွင် စစ်တပ်မှအင်အားဖြည့်တင်းပြီး ခံစစ်ပြင်ဆင်မှုများအထူးလုပ်ဆောင်

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်- ကျုံဒိုးမြို့တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းပြီး ခံစစ်ပြင်ဆင်နေသည့်အပြင် စစ်ကြောင်းထိုးမှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် လေယာဉ်ဖြင့် ကင်းထောက်မှုများကိုဆက်တိုက်လုပ်ဆောင်နေသည်ဟု သတင်းအရင်းအမြစ်များအရသိရသည်။

    ယမန်နေ့ ဧပြီ ၃၀ ရက်နေ့မနက်ပိုင်းတွင် နွားခြံကုန်းရွာ၊ လေးတိုင်၊ ရေပူကြီး၊ ကော့ဝါလဲ၊ နောင်တမံရွာဘက်တွင် ကျုံဒိုးမြို့အခြေစိုက် (ခမရ )၅၄၅တပ်ရင်း ၊(ခမရ) ၅၄၆ တပ်တို့မှ လက်နက်ကြီး တစ်လှည့်စီပစ်ထုတ်နေသည်ဟု ကျုံဒိုးတိုက်ပွဲအတွင်းပါဝင်နေသည့် တော်လှန်ရေးတပ်သားတစ်ဦးက ဆိုသည်။

    “ကျုံဒိုးကမနက်ကတည်းတိုက်ပွဲဖြစ်တယ်၊အင်အားလည်းအဆက်ဆက်ဖြည့်နေတယ် တနေ့တုန်းကဆိုလည်း ကား ၃ စီး အင်အား အပြည့် ထိုင်သွားတယ်၊ လက်နက်ကြီးတွေ တစ်လှည့်စီပစ်ထုတ်နေတယ် ကျုံဒိုး အ.ထ.က ကျောင်းက ဒရုန်းတပ်ဖွဲ့က ထောက်လှမ်းဖို့အတွက် အုန်းတပင်နဲ နွားခြံကုန်းဘက်ကို မနက် ၇နာရီခွဲမှာ ထွက်သွားတယ်” ဟု၎င်းက ပြောသည်။

    တော်လှန်ရေးပူးပေါင်းအဖွဲ့တို့မှ ကျုံဒိုးမြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဘားအံမြို့ဘက်သို့ စစ်ကူဝင်လာမည်ကိုစိုးရိမ်ပြီး စစ်ကောင်စီမှ ဘားအံမြို့ဘက်တွင်လည်း လုံးခြုံရေး တင်းကြပ်ထားကြောင်း သိရသည်။

    “ ဘားအံကို ခံစစ်အနေနဲ့ထိုင်ဖို့ နယ်မြေတွေမှာ စစ်ရေးတင်းမာမှုတွေ ဆက်ဖြစ်နေဦးမယ်၊ အခု ကရင်တပ် တပ်မဟာ ၅ နဲ့ PDF တွေ ပူးပေါင်း တိုက်နေတယ်၊ ကော့ကရိတ်ကိုသိမ်းပိုက်ဖို့အတွက်ပေါ့ ကျုံဒိုးကိုလည်းဖြတ်မယ် အဲ့ကနေ ဘားအံ ဘက်ဝင်ဖို့ရှိနိုင်တယ်ဆိုတော့”ဟု၎င်းကပြောသည်။

    လက်ရှိ တော်လှန်ရေးအဖွဲ့တို့စစ်ရေးဖော်ဆောင်နေသည့်နေရာသည် နယ်စပ်ကိုအပြည့်အဝထိန်းချုပ်ရန်အတွက် အရေးပါသည့်မြို့များကိုတိုက်ခိုက်နေကြောင်း၊ ကော့ကရိတ်- ကျုံဒိုးကိုထိန်းချုပ်နိုင်ပါက မြဝတီမြို့ကို လွယ်လင့်တကူသိမ်းပိုက်နိုင်မည်ဟု စစ်ရေးလေ့လာသူတစ်ဦးသုံးသပ်ပြောဆိုထားသည်။

    “သူတို့ကနယ်စပ်ကိုအပြည့်အဝထိန်းချုပ်ဖို့ဆိုရင် အရေးကြီးတဲ့မြို့ တွေကို တိုက်နေတယ် အနန်းကွင်း တွေကိုအချိန်ယူပြီးတိုက်နေတယ်၊ အဲ့လိုမျိုးပဲ သူတို့က အနန်းကွင်းကို သိမ်း လိုက်နိုင်ရင် ဘုရားသုံးဆူကို လွယ်လွယ်နဲ့သိမ်းလိုက်နိုင်တယ်၊ ကော့ကရိတ် ဆိုရင်လည်း သူတို့ရလိုက်ရင် မြဝတီ ကိုသူတို့ အလွယ် တကူ သိမ်းလို့ရတယ်၊ မြို့တွေသိပ်မပျက်စီးစေဘူး၊ ဒါမဲ့ သူတို့တပ်တွေ အားလုံး မပူးပေါင်း နေတော့ နည်းနည်းတော့ခက်စေတယ်၊ နယ်စပ်အားလုံးကိုထိန်းချုပ်ဖို့ပဲ”ဟု ၎င်းကပြောသည်။

    လက်ရှိတွင် ကော့ကရိတ်- ကျုံဒိုးကားလမ်းဘေးရှိ ကရင်ရွာနှင့်မွန်ရွာမှ စစ်ရှောင် ၂ သောင်းနီးပါးခန့် ဘားအံမြို့ဘက်တွင် တိမ်းရှောင်နေကြသဖြင့် အဆိုပါဒေသတွင် နယ်မြေစစ်ရေးတင်းမာမည်ကို ဒေသခံ တို့စိုးရိမ်ကြသည်။

    ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဌာနချုပ်နှင့် တပ်စခန်းများကို ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က စတင်တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၁၄ ရက်နေ့ကစပြီးနှစ်ဖက်တိုက်ပွဲပြင်းထန်လာခဲ့သည်။

    လက်ရှိတွင်ကော့ကရိတ်မြို့နယ်၊ကျုံဒိုးမြို့အနီးနားတဝိုက်ကို ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့်တော်လှန်ရေးပူးပေါင်းတပ်တို့က ဝန်းရံပိတ်ဆို့ထားသည့်အတွက် ကော့ကရိတ်နှင့် ကျုံဒိုးမြို့ကိုခံစစ်ပြင်ဆင်ထားသည့်စစ်ကောင်စီတို့က ကျေးရွာများကိုလက်နက်ကြီးများ၊ လေယာဉ် များဖြင့်ပစ်ခတ်တိုက်ခိုက်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks