spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုတွင် စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရ

    ကျိုက်ထိုတွင် စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရာနှင့်ချီသည့် ရော်ဘာပင်များ ပျက်စီးသွားသည်ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။

    ဧပြီလ ၂၄ ရက်နေ့ နေ့လည်အချိန်ခန့်က ကျိုက်ထိုအခြေစိုက် စစ်ကောင်စီတပ် အမှတ် ၃၁၀ အမြောက်တပ်မှ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ခရွဲရာနှင့် ကျောက်ပုံကြီးရွာဘက်ကို လက်နက်ကြီး ၉ လုံးခန့် ပစ်ခတ်ခဲ့သည်ဟု KNU ဗဟိုက ဆိုထားသည်။

    ထိုစစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးများသည် ခရွဲရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ခရွဲရွာ မွန်စုပိုင်းနေ အသက် ၃၄ နှစ်အရွယ် ကိုချက်ကြီးနှင့် အသက် ၄၇ အရွယ် ဒေါ်မိုး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

    အလားတူ မတ်လ ၂၇ ရက်နေ့ ညနေပိုင်းတွင်လည်း စစ်ကောင်စီက လေယာဉ်ဖြင့် ရွှေခဲရိုးရွာအနီးရှိ ရော်ဘာခြံကို ဗုံးကြဲခဲ့ရာ ‌ရော်ဘာအပင် ၁၀၀ ခန့် ထိခိုက်ပျက်စီးသွားခဲ့သည်။

    စစ်ကောင်စီက ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်နေသည့်အတွက် သထုံခရိုင်အတွင်းက ဒေသခံပြည်သူများ နေထိုင်သွားလာရေး၊ အလုပ် လုပ်ကိုင်ရာတွင် လွတ်လပ်မှုနှင့် လုံခြုံမှုမရှိတော့ဘဲ စိုးရိမ်ထိတ်လန့်မှုဖြင့် နေထိုင်နေကြရသည်ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks