Monday, March 9, 2026
More
    spot_img
    Homeသတင်းကော့ကရိတ်ဒေသတစ်ဝိုက် လေကြောင်းဖြင့် ကင်းထောက်မှု နေ့စဉ်လုပ်ဆောင်

    ကော့ကရိတ်ဒေသတစ်ဝိုက် လေကြောင်းဖြင့် ကင်းထောက်မှု နေ့စဉ်လုပ်ဆောင်

    -

    ကရင်ပြည်နယ်၊ ကျုံဒိုး၊ ကော့ကရိတ်ဒေသတို့တွင် စစ်ကောင်စီတပ်နှင့် မွန်၊ကရင်တော်လှန်ရေး ပူးပေါင်းတပ်တို့ကြား ယနေ့ဧပြီ ၂၉ ရက်နေ့ မနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကာ တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ကျေးရွာတို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့တို့ လေကြောင်းမှတစ်ဆင့် နေ့စဉ်နီးပါး ကင်းလှည့်ပျံဝဲနေဆဲဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ကော့ကရိတ်-ကျုံဒိုးကားလမ်းမတစ်လျှောက်နှင့် ကော့ကရိတ်မြဝတီအာရှလမ်းပိုင်းတို့၌ KNLA မဟာမိတ်ပူးပေါင်းတပ်များက စိုးမိုးထားပြီး၊ စစ်ကောင်စီတပ်က မြို့တွင်းတပ်ရင်းနေရာများတွင် ခံစစ်ပြင်တိုက်ခိုက်မှုများဖြင့် ယနေ့အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်။

    တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ကမ်းနီးကျေးရွာတစ်ဝိုက်တွင် စစ်ကောင်အဖွဲ့မှ ဒရုန်း၊ တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်များဖြင့် ကင်းလှည့်ပျံဝဲနေဆဲဖြစ်သဖြင့် စစ်ဘေးမရှောင်ဘဲ ရွာအတွင်းကျန်နေသည့် ဒေသခံတို့ နေ့စဉ်အသံလာရာကို နားစွင့်နေကြရပြီး ခိုင်ခံသည့် အဆောက်အအုံတွင် ပုန်းခိုနေထိုင်နေရကြောင်း သိရသည်။

    ကမ်းနီးဒေသခံတစ်ဦးက “ရွာထဲမှာက တော်လှန်ရေးသမားတွေရော၊ စစ်သားတွေရော ရှိနေတယ်။ လေယာဉ်ကလည်း နေ့တိုင်းဝဲ နေတော့ ရွာမှာကျန်တဲ့လူတွေက မပြန်လာကြနဲ့အုံးတဲ့။ ဟိုနေ့ကလည်း ဗုံးကျလို့ နောက်တစ်ယောက် ထပ်ထိသွားတယ်။ ခြေထောက်ပြတ်သွားတယ်လို့ ကြားတာပဲ” ဟု သူက ပြောသည်။

    ကင်းထောက်ပျံဝဲမှုတို့ကို နေ့စဉ်လုပ်ဆောင်နေကြောင်းနှင့် တိုက်ပွဲဖြစ်ပွားမှုရှိပါက ဝေဟင်မှ ဗုံးကြဲချတိုက်ခိုက်နေကြောင်း ဒေသခံက ဆိုသည်။

    ပြီးခဲ့သည့်ဧပြီလ ၂၆ ရက်နေ့က ကမ်းနီကျေးရွာအတွင်းသို့12qaAဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅၀ ဝန်းကျင်အရွယ်ရှိသည့် အမျိုးသားတစ်ဦး ခြေထောက်ထိမှန်ခဲ့သည့်အပြင် နေအိမ်ပါ ပျက်စီးသွားခဲ့ရသည်ဟု သိရသည်။

    အဆိုပါအခြေအနေတို့ကြောင့် ကမ်းနီ၊ အောက်ဘိုတဲ၊ ကမ္မရိုက်၊ ရင်ကွဲတောင်၊ ရေးလူးကုန်း၊ ကိုးတိုင် စသည့်ကျေးရွာမှ ဒေသခံအများစုတို့သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ယနေ့ထိ နေရပ်မပြန်ရဲသေးကြောင်း အထက်ပါသူက ဆက်ပြောသည်။

    “စစ်ရှောင်တွေလည်း တိုးလာနေတယ်။ မနေ့ကဆို သုံးလေးယာက် ထပ်ရောက်လာတယ်။ အခြေအနေက သိပ်မကောင်းသေးတော့၊ ပြီးတော့ ဒီမှာရှိတဲ့သူတွေကလည်း ပြန်ဖို့ မလွယ်သေးဘူး၊ ပြန်ရင်လည်း သူတို့အတွက် လုံခြုံမှုက မရှိသေးဘူးလေ”ဟု ပြောသည်။

    ၎င်းဒေသဘက်မှ စစ်ဘေးရှောင် ၁၅၀၀ ဝန်းကျင်တို့သည် ဘေးလွတ်ရာဖြစ်သည့် ဘုန်းကြီးကျောင်း၊ မော်လမြိုင်မြို့ပေါ်နှင့် ဘားအံမြို့နှင့်နီးစပ်ရာတို့တွင် တိမ်းရှောင်နေကြရသည်။

    ထိုဒေသဘက်သို့ စစ်ကောင်စီတပ်မှ တစ်ပတ်ကျော်ကြာ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၆ ဦးသေဆုံးကာ ၂၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း၊ လူနေအိမ်၊ ပလီ စသည့် အဆောက်အအုံများလည်း ပျက်စီးသွားသည်ဟု သတင်းအရင်းအမြစ်များအရ သိရသည်။

    စစ်ကောင်စီမှ အပစ်အခတ်ယာယီရပ်စဲကြောင်း ကြေညာထားသည့်ကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး- ကေအဲန်ယူထိန်းချုပ်ရာနယ်မြေတွင် လေကြောင်းတိုက်ခိုက်မှုအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း (၁၁၀) အကြိမ်ထက်မနည်း ကျူးလွန်ခဲ့ကြောင်း ဧပြီ ၂၇ ရက်နေ့တွင် ကေအဲန်ယူမှ ထုတ်ပြန်ပြောဆိုထားသည်။

    ကျုံးဒိုးတိုက်ပွဲတွင် ပြည့်သူ့ကာကွယ်ရေးတပ် PDF၊ မွန်ပြည်သစ်ပါတီ-AD နှင့် မွန်ပြည် လွတ်မြောက် ရေးတပ် MLA တို့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့်အတူပူးတွဲပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks