spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းထားဝယ်၊ ဟားလီးကွေ့စခန်းသိမ်းတိုက်ပွဲတွင် ဗိုလ်ကြီး ၁ ဦးသေ၊ ၁၆ ဦး အရှင်ဖမ်းမိ

    ထားဝယ်၊ ဟားလီးကွေ့စခန်းသိမ်းတိုက်ပွဲတွင် ဗိုလ်ကြီး ၁ ဦးသေ၊ ၁၆ ဦး အရှင်ဖမ်းမိ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး မောင်မယ်ရှောင်ရွာအနီးရှိ စစ်ကောင်စီ ဟားလီးကွေ့တပ်စခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်ကြီး ၁ ဦး သေဆုံးပြီး၊ ၁၆ ဦး အရှင်ဖမ်းဆီးရမိခဲ့သည်ဟု ဒူရကစစ်ကြောင်းက ထုတ်ပြန်သည်။

    ထားဝယ်မြို့နယ်၊ ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပေါ်ရှိ စစ်ကောင်စီ ဟားလီးကွေ့တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တို့က ဧပြီလ ၂၆ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    “စခန်းတစ်ခုလုံးကိုတော့ သိမ်းလိုက်တယ်။ ဒါပေမဲ့ တော်တော်လေးလည်း လုပ်လိုက်ရပါတယ်။ သူတို့က ခုခံတိုက်ခိုက်တယ်။ အကုန်လုံးနီးပါးက ပြန်ဖြည့်ဖို့ ကျည်မရှိတော့လို့ လက်နက်ချသွားကြတာ။ သူတို့က တစ်နေ့ကုန် တောင့်ခံတယ်။ သူတို့တောင့်ခံတယ်ဆိုတာကလည်း အဲအနီးတစ်ဝိုက်မှာ သူတို့အဖွဲ့တွေ ရှိတယ်။ ဒါပေမဲ့ ကြည့်ပဲ ကြည့်နေကြတာ။ ဒီမှာလည်း သူတို့အဖွဲ့ လာကယ်မှာကို စောင့်နေတယ်ပေါ့။ အဲကြောင့် သူတို့က ကျည်ကုန်တဲ့အထိကို ကျနော်တို့ကို ပစ်ခတ်ခုခံခဲ့တယ်။ ဒါပေမဲ့ သူတို့အဖွဲ့တွေက သူတို့ကို လာကူညီဖို့နေနေသာသာ သူတို့ဟာ သူတို့ ဟိုလျှောက်၊ ဒီလျှောက်လုပ်နေတာ။ ဒီဘက်မှာလည်း တိုက်ပွဲအကြီးအကျယ်ဖြစ်နေတာ။ သူတို့အချင်းချင်း တောင် အဲလောက်ထိကို သိက္ခာပျက်ပြားနေပြီ” ဟု ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားနေစဉ် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အပြင်လေကြောင်းတိုက်ခိုက်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    ဟားလီးကွေ့စခန်း တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီး ၁ ဦး သေဆုံးပြီး၊ ၁၆ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။

    “၁၆ ယောက်ကတော့ အရှင်ဖမ်းမိရတယ်။ အဲထဲမှာ ဆေးတပ်က ဗိုလ်ကြီးတစ်ယောက်လည်း မိထားတယ်။ ခြေမြန်တပ်က ဗိုလ်ကြီးကတော့ ထိထားတယ်။ သူတို့စစ်ကူတွေက စခန်းနဲ့နီးနီးပဲဆိုတော့ လာလိမ့်မယ်လို့ ထင်နေတာပေါ့။ နောက်ဆုံး ဘယ်သူမှ လာမကယ်တော့လို့ သူ့တပည့်ပဲ သူ့ကို ရှင်းလိုက်ရတယ်။ ရှင်းပြီးတော့ အကုန်လုံး ထွက်လာကြတယ်။ ထွက်ပြေးလွတ်မြောက်သွားတာလည်း ရှိတယ်။ သေသွားတာရော အကုန်လုံးဆိုရင် ၂၀ ယောက်လောက်ရှိမယ်။ အရှင်မိတာက ၁၆ ယောက်ပေါ့။ အဲ ၁၆ ယောက်က လက်နက်ချဖို့ တိုင်ပင်ထားကြပြီးသား သဘောရှိတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

    ၎င်းပြင် MA1 ၉ လက်၊ MA2 ၁ လက်၊ MA3 ၆ လက်၊ MA4 ၁ လက်၊ MA11 ၁ လက်၊ BA 100 ၁ လက်နှင့် ဆက်စပ်ပစ္စည်းများလည်း တော်လှန်ရေးတပ်ဖွဲ့တို့က သိမ်းဆည်းရရှိခဲ့သည်။

    စစ်ကောင်စီ ဟားလီးကွေ့တပ်စခန်းကို ဓဝယ်အမျိုးသားလွတ်မြောက် ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း ဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ KNU တပ်မဟာ (၄) တပ်ရင်း (၁၂) တပ်ခွဲ (၅)၊ ဥသြစစ်ကြောင်း၊ Dawei Guerrilla Revolutionary Force (DGRF)၊ Yavoy People Liberation Force (TPLF)၊ ဒေါနတပ်ခွဲ (၇)၊ Sky Ghost Drone Force၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

    စစ်ကောင်စီက အချိန်မရွေး လေကြောင်းအသုံးပြု တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည့်အတွက် စစ်ရေးအထူး သတိထား သွားလာနေထိုင်ကြပါရန် တနင်္သာရီဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တို့က တိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks