Monday, March 9, 2026
More
    spot_img
    Homeသတင်းမွန်ဒေသထွက်သစ်သီးများ အထွက်နောက်ကျ၍ လက်ကားမရောင်းချနိုင်

    မွန်ဒေသထွက်သစ်သီးများ အထွက်နောက်ကျ၍ လက်ကားမရောင်းချနိုင်

    -

    မွန်ဒေသထွက် ရာသီပေါ်သစ်သီးများ ရာသီဥတုဖောက်ပြန်မှုကြောင့် အထွက်နောက်ကျနေပြီး လက်ကားတင်ပို့ရောင်းချရန် သစ်သီးလုံလောက်မှုမရှိသည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံ သစ်သီးစိုက် တောင်သူတို့မှ သိရသည်။

    အပူချိန်မြင့်မားမှုနှင့် အချိန်ခါမဟုတ်မိုးရွာသွန်းမှုသည် သီးနှံဖျက်ပိုးများ ပိုမိုဖြစ်ပွားစေသည့်အပြင် အသီးအထွက်နှုန်းလည်း ကျဆင်းနေသဖြင့် မွန်ဒေအတွင်း စိုက်ပျိုးထားသည့် မင်းဂွတ်၊ကြက်မောက်၊ဒူးရင်း၊တညင်းသီးများ ခူးဆွတ်၍ မရသေးကြောင်း သိရသည်။

    ထို့်ကြောင့် အနည်းငယ်ခူးဆွတ်ရရှိသည့် အသီးများ လက်လီဈေးကွက်တွင်သာ ကုန်ဆုံးသွားသဖြင့် ရန်ကုန်၊ မန္တလေးအဝယ်ဒိုင်ကြီးများနှင့် အဆက်သွယ်ပြတ်သွားမည်ကို စိုးရိမ်နေရကြောင်း မုဒုံမြို့မှ သစ်သီးပျိုးသည့်တောင်သူတစ်ဦးက ဆိုသည်။

    “လက်လီနဲ့ဝယ်တဲ့သူတွေ အရမ်းများတော့ အပေါ်ဘက်ကို လက်ကားပို့ဖို့မရှိဖြစ်နေတယ်။ အခုက လက်လီရောင်းဖို့တောင် မလောက်သလိုဖြစ်နေတယ်၊ အဲကြောင့် လက်ကားမပို့နိုင်ဘူး” ဟု ထိုသူက ဆက်ဆိုသည်။

    လတ်တလောဈေးကွက်တွင် ရေးဒေသထွက် ဒူးရင်းအလုံးသေးတစ်လုံး ၃ သောင်းကျပ် အလုံးကြီးတစ်လုံး ၁သိန်းခွဲကျော်၊ မင်းဂွတ်သီးတစ်လုံး တစ်ထောင်ကျပ်နှင့် ကြက်မောက်သီး တစ်ကီလိုဂရမ်လျှင် ၂ သောင်းကျော်ထိ ပေါက်ဈေးရှိပြီး ဈေးကောင်းရရှိနေကြောင်းလည်း မုဒုံမြို့ရှိ သစ်သီးစိုက်တောင်သူတစ်ဦးက ပြောသည်။

    လက်ရှိအသီးအထွက်နှုန်းနည်းချိန်တွင် ဈေးကောင်းရရှိသော်လည်း အသီးထွက်များချိန်ဖြစ်သည့် မေ၊ဇွန်နှင့် ဇူလိုင်လတို့တွင် ဈေးနှုန်းရရှိမှုနည်းမည်ဖြစ်ကြောင်း သီးနှံလက်လီရောင်းချနေသူတစ်ဦးက ပြောသည်။

    “အရင်နှစ်က ဒီအချိန်ဆို သစ်သီးတွေက ဈေးမရှိတော့ဘူး၊ အထွက်များနေပြီး၊ ဒီနှစ်က ရာသီကြောင့်ပဲ စထွက်တာ နောက်ကျနေတော့ ဈေးကောင်းတယ် ကြာလာရင်တော့ ဈေးလည်းမကောင်းဘူး၊ ဝယ်တဲ့သူတွေလည်းနည်းလာမယ်” ဟု ထိုသူက ဆက်ပြောသည်။

    မွန်ပြည်နယ်ထွက် ဒူးရင်းသီး၊ မင်းဂွတ်သီး၊ ကြက်မောက်သီး၊ နာနတ်သီး၊ ရေငံသီးတို့ကို ရန်ကုန်နှင့် မန္တလေးတွင် အဓိကတင်ပို့လေ့ရှိပြီး ပြည်နယ်အတွင်းရှိ မြို့နယ်များသို့လည့်ဖြန့်ဖြူးတင်ပိုးရောင်းချကာ ထိုင်းနယ်စပ်သို့လည်း တင်ပို့ရောင်းချလေ့ရှိသည်။

    ယမန်နှစ်တို့တွင်လည်း မွန်ဒေသထွက် သစ်သီးများ ဈေးကောင်းရသော်လည်း ဒေသတွင်း စစ်ရေးပဋိပက္ခများကြောင့် အရောင်းအဝယ်မကောင်းသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks