Sunday, March 8, 2026
More
    spot_img
    Homeသတင်းကော့ကရိတ်မြို့အတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်ပြီး စားသောက်ကုန်ဈေးနှုန်းမြင့်တက်

    ကော့ကရိတ်မြို့အတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်ပြီး စားသောက်ကုန်ဈေးနှုန်းမြင့်တက်

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့များက စစ်ရေးအခြေအနေကိုအကြောင်းပြပြီး မြို့အဝင်အထွက်လမ်းကြောင်းများအားလုံးကို ပိတ်ပင်ထားသဖြင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ပုံမှန်ပေါက်ဈေးထက် နှစ်ဆနီးပါးမြင့်တက်လာကြောင်း ဒေသတွင်းသတင်းရင်းမြစ်တို့်မှ သိရသည်။

    ကော့ရိတ်မြို့ပတ်လည် ၅ နေရာထက်မနည်းကို စစ်ကောင်စီတို့က လုံခြုံရေးတင်းကြပ်ကာ စစ်ဘေးရှောင်ဖြတ်သန်းသွားလာသူတို့နှင့် ကုန်စည်တင်သွင်းမှုတို့ကို အဆိုပါမြို့အဝင်အထွက်နေရာတို့တွင်း လုံးဝဖြတ်သန်းခွင့်မပြုနေကြောင်း မြို့ခံတို့က ဆိုသည်။

    ထို့အကြောင့် လက်ရှိတွင် ကြက်ဥတစ်လုံး ၁၄၀၀ ကျပ်၊ စားသုံးဆီတစ်လီတာ ၁၅၀၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိသာ ၉၀၀၀ ကျပ်နှင့် ကြက်သွန်ဖြူတစ်ပိသာ ၂၀၀၀၀ ကျပ်အထိရှိပြီး ဆန်များကို လိုက်ဝယ်၍မရသည့်အထိ ဖြစ်နေသည်ဟု သိရသည်။

    “ကုန်ဈေးနှုန်းကတော့ သိတဲ့အတိုင်းပေါ့ မြို့ထဲမှာ ဈေးနှစ်ဆလောက်တက်နေတယ်။ စီးပွားရေးသမားကတော့စီးပွားရေးဆန်ဆန်ကျင့်သုံးနေတယ်။ လောလောဆယ်ဆန်ကဝယ်လို့မရသေးဘူး” ဟု ကော့ကရိတ်ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

    ကုန်သည်တချို့တို့ ကြိုတင်သိုလှောင်ထားသည့် ကုန်ပစ္စည်းများဖြင့်ရောင်းချ ပေးနေသော်လည်း ကုန်စ္စည်းအသစ် တင်သွင်းနိုင်ခြင်းမရှိသဖြင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုများစွာဖြစ်ပေါ်လာနေသည်ဟု သိရသည်။

    ထို့အပြင် ထိုင်းနယ်စပ်မှ အသားငါးတင်သွင်းသယ်ယူရောင်းချမှုတို့လည်း မရှိတော့သဖြင့် ပြည်တွင်းလက်ကျန်ကုန်စည်ပစ္စည်းများနှင့် ဒေသထွက်အသီးအရွက်တို့သာ ရှာဖွေစားသောက်မှုလုပ်ဆောင်နေရသည်မှာ ရက်သတ္တပတ်ကျော်ကြာမြင့်ခဲ့ပြီးဖြစ်ကြောင်း ဆိုထားသည်။

    “ဒီမြို့ပိတ်ပင်လိုက်တာကြောင့် လူထုအပေါ်သက်ရောက်မှုဖြစ်နေတယ် ဈေးနှုန်းကလဲတက်၊ ကုန်လက်တင်သွင်းမှုကလည်း မရှိဘူး။ ပြည်သူတွေက ငြိမ်းချမ်းဖို့မပြောနဲ့ နေ့စဉ်စားသောက်ရဖို့ ဝယ်ယူဖို့တောင် မနည်းရုန်ကန်နေရတယ်” အခြားဒေသခံတစ်ဦးက ဆိုသည်။

    လက်ရှိအချိန်အထိ စစ်ကောင်စီတပ်က ကော့ကရိတ်မြို့တွင်းရှိ ဘုန်းကြီးကျာင်း၊ဘုရားစေတီနှင့်စာသင်ကျောင်းများတွင်အထိုင်ချတပ်စွဲထားပြီး စစ်ဘေးမရှောင်ဘဲ ကျန်ရစ်နေခဲ့ဒေသခံများ လုံခြုံရေးအခြေအနေပါ စိုရိမ်းနေကြရသည်။

    ကော့ကရိတ်တိုက်ပွဲသည် ပြီးခဲ့တဲ့ သင်္ကြန်အကျနေ့ မတ်လ ၁၄ ရက်နေ့မှစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်သည့် တော်လှန်ရေးအင်အားစုမျာနှင့် စစ်ကောင်စီတပ်တွေအကြား နေ့စဉ်နီးပါး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့သည်။

    နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကမ်းနီ၊ သရက်တော၊ ရေပူစသည့်ကျးရွာတွေအပြင် ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းက ဒေသခံပြည်သူထောင်ချီ စစ်ရှောင်နေရပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေယာဉ် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်တာအပြင် ဒရုန်းတိုက် ခိုက်မှုတွေကြောင့် ကျေးရွာနေ ဒေသခံပြည်သူများ ၂၀ ကျော် သေဆုံးခဲ့ရသည်ကိုလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks