Sunday, March 8, 2026
More
    spot_img
    Homeသတင်းဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

    ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ဇုတ်သုတ်ကျေးရွာနေ ဦးမြင့်စိုးဆိုသူက ကျေးရှိ Y2K လက်ဖက်ရည်ဆိုင်တွင် ရှိနေစဉ် သေနတ်သမား ၂ ဦး ဆိုင်ကယ်ဖြင့် ရောက်လာပြီး ဆိုင်ထဲ ဝင်ရောက် ပစ်ခတ်သွားခဲ့သည်။

    သေနတ်ဖြင့် ပစ်ခတ်ခံမှုကြောင့် ဦးမြင့်စိုးသည် ဦးခေါင်းနှင့် နားရွက်နားကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ရရှိသည့်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

    “ဦးမြင့်စိုးက ဦးခေါင်း သေနတ်ဒဏ်ရာ ၁ ချက်၊ နားရွက်နောက်နားမှာ ချက်ထိသွားတယ်။ သူ့ကို ဇုတ်သုတ်တိုက်နယ်ဆေးရုံကို ပို့ပြီး ဆေးကုသနေတဲ့အချိန်မှာဘဲ သေဆုံးသွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ဦးမြင့်စိုးကို မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်သတ်သွားသည်ကို မသိရှိရသေးကြောင်းလည်း ဆိုသည်။

    ဒေသခံအချို့တို့က ဦးမြင့်စိုးသည် ရဲသတင်းပေးအဖြစ် လုပ်ဆောင်နေသူတစ်ဦးဖြစ်သည်ဟု ပြောဆိုနေကြသော်လည်း အဆိုပါ ပြောဆိုချက်နှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

    မွန်ပြည်နယ်အတွင်း လုပ်ကြံသတ်ဖြတ်ခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားနေပြီး ယခု ဧပြီလအတွင်း၌ လုပ်ကြံသတ်ဖြတ်မှုများကြောင့် အမျိုးသား ၆ ဦးသေဆုံးခဲ့ပြီး၊ ၁ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks