Sunday, March 8, 2026
More
    spot_img
    Homeသတင်းကော့ကရိတ်မြို့နယ် ကျုံးဒိုးအနီးတစ်ဝိုက်တွင် နေ့စဉ်ဗုံးကြဲတိုက်ခိုက်ခံနေရဆဲ

    ကော့ကရိတ်မြို့နယ် ကျုံးဒိုးအနီးတစ်ဝိုက်တွင် နေ့စဉ်ဗုံးကြဲတိုက်ခိုက်ခံနေရဆဲ

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံးဒိုးမြို့ဒေသတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့်တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ အနီးတစ်ဝိုက်ရှိကျေးရွာများ လေယာဉ်နှင့်နေ့စဉ်ဗုံးကျဲတိုက်ခိုက်ခံနေရဆဲဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တို့မှ သိရသည်။

    ကော့ကရိတ်-ကျုံဒိုးကားလမ်းမတစ်လျှောက် ဧပြီလဒုတိယအပတ်မှစ၍ ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် စစ်ကောင်စီမှ ကမ်းနီ၊ အောက်ဘိုတဲ၊ ကမ္မရိုက်၊ ရင်ကွဲတောင်၊ ရေးလူးကုန်း၊ ကိုးတိုင် စသည့်ကျေးရွာထဲသို့ ယနေ့အထိ လေယာဉ်၊ ဒရုန်း အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်လျှက်ရှိသည်။

    စစ်ကောင်စီမှပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဧပြီ ၂၁ ရက်နေ့က ကမ်းနီဒေသရှိ ဗလီအဆောက်အုံတစ်ခု ပျက်စီးသွားခဲ့ပြီးနောက် ဧပြီလ၂၂တွင်လည်း လေကြောင်းရန်ကြောင့် ကမ္မရိုက်ဒေသခံ နှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ကမ်းနီဒေသခံတစ်ဦးက ဆိုသည်။

    “တစ်နေ့မှာအနည်းဆုံး ၅ ခေါက်လောက် လေယာဉ်နဲ့သူတို့လာတယ်။ ညပိုင်းပါ အပါဝင်ဆို တစ်နေ့ ၉ခေါက်လောက်ရှိတယ်။ လာတဲ့အခါတိုင်းလည်း သူတို့ဗုံးကြဲတယ်။ လူနေတဲ့အိမ်ထဲတော့မဟုတ်ပေမဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံတွေအပေါ် ဗုံးကြဲပြီးမှ သူတို့ပြန်တယ်။ နေ့တိုင်းပါပဲ ” ဟုဆိုသည်။

    ၎င်းအပြင် ဧပြီလ၂၃ ရက်နေ့တွင်လည်း ထိုဒေသတစ်ဝိုက်အတွင်း ဒရုန်းဖြင့်တိုက်ခိုက်မှု ၈ကြိမ်ထက်မနည်းရှိခဲ့ကြောင်းဆိုသည်။

    အရပ်သားပြည်သူများ၏ နေအိမ်အဆောက်အဦးအပြင် စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းအများစုပျက်စီးသွားခဲ့ရပြီး စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားရာနေရာ အပြင် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ကျေးရွာအတွင်းသို့ပါ ဗုံးကြဲပစ်ခတ်နေကြောင်း ဒေသခံတို့ကဆိုသည်။

    အဆိုပါအခြေအကြောင့် ဒေသခံ ၁၅၀၀ နီးပါးတို့ကဘေးလွတ်ရာ မော်လမြိုင်မြို့ပေါ်နှင့် ဂျိုင်းမြစ်တစ်ဖက်ကမ်းရှိကော့ကရိတ်နှင့်ကျုံးဒိုးဒေသခံအများစု ဘားအံနှင့်နီးစပ်ရာကို ရောက်ရှိနေပြီးဖြစ်သော်လည်း လေကြောင်းရန်ကြောင့် နေရပ်တွင် ပိတ်မိနေသည့် ဒေသခံများလည်း ရှိနေသေးကြောင်း သိရသည်။

    မော်လမြိုင်မှ စစ်ဘေးရှောင် ကူညီနေသူတစ်ဦးက “နေ့တိုင်း တဖြည်းဖြည်းနဲ့တော့ ထွက်လာနေကြတယ်၊ ငွေကြေးတတ်နိုင်ပေမဲ့ ကားနဲ့သွားကြိုရဲတဲ့သူတွေ မရှိဘူးလေ၊ ဓမ္မသက အလယ်မှာခံ နေတော့သွားလာရ ခက်တယ်၊ ထွက်လာရဲတဲ့ ကားတွေရှိရင်တော့ထွက်လာကြတယ်၊ တိုက်ပွဲတွေ ပစ်ခတ်သံတွေမကြားတဲ့အချိန်မှ ထွက်လာရဲကြတယ်”ဟု ၎င်းကပြောသည်။

    စစ်ကောင်စီမှအပစ်အခတ်ရပ်စဲထားကြောင်းပြောဆိုထားသော်လည်း မြေပြင်တွင် စစ်ကြောင်းထိုးမှုများဆက်လက်လုပ်ဆောင်နေသည့်အတွက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု တော်လှန်ရေးအဖွဲ့တို့ကဆိုသည်။

    ကျုံးဒိုးတိုက်ပွဲတွင် ပြည့်သူ့ကာကွယ်ရေးတပ် PDF၊ မွန်ပြည်သစ်ပါတီ-AD နှင့် မွန်ပြည်လွတ်မြောက်ရေးတပ် MLA တို့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့်အတူပူးတွဲပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks