spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းကော့ကရိတ်ဒေသခံများဘေးလွတ်ရာသို့ တိမ်းရှောင်ရန် အကူအညီလိုအပ်နေဆဲ

    ကော့ကရိတ်ဒေသခံများဘေးလွတ်ရာသို့ တိမ်းရှောင်ရန် အကူအညီလိုအပ်နေဆဲ

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့်အပြင် ကမ်းနီရွာကိုစစ်ကောင်စီမှ လေကြောင်းဖြင့် တိုက်ခိုက်နေသဖြင့် အဆိုပါကျေးရွာအနီးတစ်ဝိုက်ရှိ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နိုင်ရန် အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတို့မှ သိရသည်။

    ဧပြီဒုတိယအပတ်မှစ၍  ယမန်နေ့အထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ကော့ကရိတ်မြို့အဝင်အထွက်နေရာတွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ကျုံဒိုးနှင့် ကမ်းနီးကျေးရွာဘက်သို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျှက်ရှိသည်။

    ကော့ကျိုက်၊ ကော့ခိုက်၊ ကမ်းနီး၊ သရက်တော၊ တံတားဦးနှင့်  ကော့ဘော့အနီးနားကျေးရွာများမှ ဒေသခံ ၁၅၀၀ နီးပါးတို့သည် လေကြောင်းရန်ကြောင့် ဧပြီ ၁၅ ရက်နေ့က မော်လမြိုင်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြပြီး ဂျိုင်းမြစ်တစ်ဖက်ကမ်းရှိ ကော့ကရိတ်နှင့် ကျုံဒိုးဒေသခံအများစု ဘားအံနှင့် နီးစပ်ရာတွင် ရောက်ရှိနေကြောင်း မွန်ကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။ 

    သို့သော် ကျေးရွာအတွင်း ကျန်ရှိနေသည့် ဒေသခံတို့ကို ထပ်မံသယ်ယူပို့ဆောင်ရန် လေကြောင်းဖြင့် ပစ်ခတ်မှုများဆက်တိုက်ရှိနေသဖြင့် ကူညီကယ်ဆယ်မှုမလုပ်ဆောင်နိုင်ဘဲ လုံခြုံရေးအခြေအနေစောင့်ကြည့်နေရကြောင်း မော်လမြိုင်မြို့ပေါ်တွင် စစ်ဘေးရှောင်အရေး ကူညီကယ်ဆယ်နေသူတို့မှ သိရသည်။

    “နေ့တိုင်း တဖြည်းဖြည်းနဲ့တော့ ထွက်လာနေကြတယ်၊ ငွေကြေးတတ်နိုင်ပေမဲ့ ကားနဲ့သွားကြိုရဲတဲ့သူတွေ မရှိဘူးလေ၊ ဓမ္မသက အလယ်မှာခံ နေတော့သွားလာရ ခက်တယ်၊ ထွက်လာရဲတဲ့ ကားတွေရှိရင်တော့ထွက်လာကြတယ်၊ တိုက်ပွဲတွေ ပစ်ခတ်သံတွေမကြားတဲ့အချိန်မှ ထွက်လာရဲကြတယ်”ဟု ၎င်းကပြောသည်။

    ထို့အပြင် ကော့ကရိတ်မြို့မှတစ်ဆင့် တောလမ်းဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင် ၅၀ ခန့်ကို စစ်တပ်မှ တစ်ဦးလျှင်ဒဏ်ငွေ ၅ သောင်းယူဆောင်နေသည်ဟု ဘားအံမှ စစ်ဘေးရှောင်တို့နှင့်နီးစပ်နေသူတို့က ဆိုသည်။

    လက်ရှိ မော်လမြိုင်မြို့ပေါ်ရှိ မင်းရွာ(ရွာသစ်)ကျောင်းတွင် မွန်၊ကရင်ဒေသခံတို့ ရောက်ရှိနေကြောင်း၊ စစ်ဘေးရှောင်အများစုသည် သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးသူငယ်များဖြစ်ပြီး အရေအတွက်အားဖြင့် ရာဂဏန်းကျော်ရှိနေသည်။

    မော်လမြိုင်မြို့မှ စစ်ရှောင်ကူညီနေသူတစ်ဦးက “ မော်လမြိုင်မြို့ဘုန်းကြီးကျောင်းမှာလည်း ရှိတယ်၊ အသိအိမ်တွေမှာစုပြီးနေနေတာလည်းရှိတယ် အများစုက ကမ်းနီ၊ သရက်တော၊ ကော့ကျိုက်က သူတွေက မော်လမြိုင်ဘက်ကို လာပြီးတိမ်းရှောင်တယ်၊ နေရာထိုင်ခင်းနဲ့ အိပ်ယာခင်းတွေကို လာလှူရင်တော့ ပိုအဆင်ပြေပါတယ်၊ ယောကျာ်းလေးတွေဆိုရင် ရွာစောင့်ကျန်နေတာတော့ရှိတယ် အကုန်လုံးထွက်လိုက်ရင် ခိုးစိုးလုယက် တာလည်း စိုးနေရ တဲ့အခြေအနေပါပဲ”ဟု ပြောသည်။

    အဆိုပါ စစ်ဘေးရှောင်များအတွက် ဒေသတွင်းမွန်အဖွဲ့အစည်းများ၊ သံဃာတော်များ၊ မွန်ပြည်သစ်ပါတီမှ စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ မွန်လူငယ်အဖွဲ့အစည်းများအသီးသီးမှ အဖက်ဖက်မှဝိုင်းဝန်းကူညီထောက်ပံ့မှုများလုပ်ဆောင်လျှက်ရှိသည်။

    စစ်ကောင်စီမှကော့ကရိတ်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းနှင့် အရပ်သား နေထိုင်ရာကျေးရွာများသို့ ဧပြီ ၁၅ ရက်နေ့က လေကြောင်းနှင့်ဗုံးဆက်တိုက်ကြဲချတိုက်ခိုက်မှုကြောင့်သံဃာတော်များ အပါအဝင်ဒေသခံ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ရပြီး ၃၀ ကျော်ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရ သည်။ 

    ကျုံဒုံး- ကော့ကရိတ်မြို့နယ်အတွင်း ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ဒေသတွင်းရှိ ကျေးရွာ ၄၀ ရွာမှ ဒေသခံသောင်းကျော် တို့သည့် လက်ရှိ တွင်မော်လမြိုင်၊ ဘားအံ၊ မြဝတီမြို့ဘက်တွင်တိမ်းရှောင်နေကြရသည်ဟု သတင်းအရင်း အမြစ်များ အရသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks