spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းမြေငလျင်ဒဏ်သင့် မွန်ဘုန်းကြီးကျောင်းများသို့ မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယပရဟိတအဖွဲ့မှ သွားရောက်ထောက်ပံ့

    မြေငလျင်ဒဏ်သင့် မွန်ဘုန်းကြီးကျောင်းများသို့ မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယပရဟိတအဖွဲ့မှ သွားရောက်ထောက်ပံ့

    -

    မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယပရဟိတအဖွဲ့မှ မွန်သံဃာတော်တို့ဦးဆောင်ပြီး မြေငလျင်ဒဏ်သင့်ထားသည့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းမှ မွန်ဘုန်းတော်ကြီးကျောင်းများ ပြန်လည်ထူထောင်မှု လုပ်ဆောင်နိုင်ရေးအလှူငွေနှင့်ပစ္စည်းများကို ယနေ့ဧပြီ ၂၂ ရက်နေ့တွင် ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

    အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် နေပြည်တော်ရှိ မွန်ဘုန်းကြီးကျောင်း ၂ ကျောင်း၊ မန္တလေးအတွင်း ၆ ကျောင်း၊ စစ်ကိုင်းရှိ မယ်သီလရှင် ၁ ကျောင်း စုစုပေါင်း ၉ ကျောင်းတို့အပြင် ဒေသခံပိုင်အဆောက်အအုံနှင့် သာသနိက အဆောက်အအုံများစွာ ပြိုကျပျက်စီးခဲ့ရပြီး အကူအညီများ လိုအပ်လျှက်ရှိသည် 

    ထို့ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ အလျင်အမြန်ပြီးမြောက်နိုင်ရန် ရည်ရွယ်၍ မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယပရဟိတအဖွဲ့မှ အနယ်နယ်အရပ်ရပ်ရှိ မွန်သံဃာတော်အဖွဲ့စည်းနှင့်ချိတ်ဆက်ပြီး အလှူငွေကောက်ခံကာ ယနေ့တွင် ငလျင်သင့် မွန်ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကို လှူဖွယ်ဝတ္တ ုများအပါအဝင် ငွေကျပ်သိန်း ၁၀၀ စီ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

    ” အလှူငွေတွေကိုပဲ အဓိကထားပြီးလှုဒါန်းဖြစ်တယ်။ အခုလှုဒါန်းနေတာက မွန်ဘုန်းကြီးကျောင်းတစ်ခုတည်းတော့မဟုတ်ဘူးပေါ့။ မန္တလေးမှာရှိတဲ့ မွန်လူမျိုးတွေ အိမ်ခြေ ၁၀၀ လောက်မြေငလျင်ဒဏ်ထိသွားတယ်လို့ သတင်းရထားတဲ့အတွက် အဲ့တာတွေကိုလည်း အဓိကလှူသွားဖို့ရှိပြီးတော့ ဆေးရုံက အကူညီလိုအပ်နေတဲ့လူနာတွေကိုလည်း လှူဒါန်းသွားဖို့ရှိပါတယ်” ဟု မိန့်သည်။

    လမ်းပိုင်းပျက်စီးမှုကြောင့် သွားလာရေးအနည်းငယ် အခက်ခဲရှိခဲ့ကြောင်းလည်း ရာမညနိကာယ ပရဟိတအဖွဲ့မှ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

    အလားတူ မိသားစုဆုံးရှုံးခဲ့ရသည့် ကလေးငယ်များ၊ နေအိမ်ပြန်လည်တည်ဆောက်ရန်ခက်ခဲသည့် လက်လုပ်လက်စားများနှင့် မသန်စွမ်းဖြစ်ခဲ့ရသူတို့ကို ကူညီမှုပြုလုပ်နိုင်ရန အလှူငွေတို့ကို ဆက်လက် လက်ခံနေဆဲဖြစ်ကြောင်း ဆက်လက်မိန့်ကြားသည်။

    ငလျင်ဒဏ် အဆိုးဆုံးခံခဲ့ရသည့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဘုရားစေတီ ၅၄၀၀ ကျော်၊ ဘုန်းကြီးကျောင်း ၄၈၄၁ ကျောင်း၊ သီလရှင်ကျောင်း ၁၈၇ ကျောင်း ပျက်စီးခဲ့ပြီး ရဟန်း ၁၅၉ ပါးနှင့် သီလရှင် ၅၅ ပါး ပျံလွန်တော်မူခဲ့ကြောင့် စစ်ကောင်စီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အချက်အလက်အရ သိရသည်။

    ထို့အပြင် မြေငလျင်ဒဏ်သင့်ပြည်သူများကို ထောက်ပံမှုပြုလုပ်ပေးနေစဉ် စစ်ဘေးကြောင့် နေရပ်မှစွန့်ခွာထွက်ပြေးနေရသည့် မွန်၊ကရင် ဒေသခံများအတွက်လည်း ကူညီထာက်ပံ့မှုပြုလုပ်ရန် မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယ ပရဟိတအဖွဲ့အနေဖြင့် စီစဉ်ဆောင်ရွက်နေကြောင်း  စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသည့် မွန်သံဃာတော်တစ်ပါးမှ ဆက်လက်မိန့်ဆိုထားသည်။ 

    ” လောလောဆယ်က မြေငလျင်အတွက်တစ်ခုထဲပါပဲ။ ဒါပေမဲ့စစ်ဘေးသင့်ထားတဲ့ ပြည်သူတွေအတွက်လည်း စီစဉ်နေတာရှိတယ်။  လှူဒါန်ငွေမပေးရသေးဘူး။ တစ်ချို့က ကိုယ့်မြို့နယ်နဲ့ကိုယ်သီခြားလှူနေတဲ့အဖွဲ့တွေတော့ရှိတာပေါ့။ မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယအဖွဲ့နဲ့တော့ မလှူရသေးဘူး။” ဟုဆိုသည်။ 

    စစ်ကောင်စီအနေဖြင့် မြေငလျင်ဒဏ်ကြောင့်ပြည်သူများဝမ်းနည်းကြေကွဲနေရသည့်အခိုက်တန့်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ယာယီအပစ်ရပ်မည်ဟု တရားဝင်ကြော်ငြာစာများ ထုတ်ပြန်ထားခဲ့သည်။ 

    သို့သော် မြေပြင်အခြေနေတွင် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရမည့်အစား မြေငလျင်ဒဏ်သင့်ဒေသများပါမရှောင် သင်္ကြန်ကာလတွင် ဒေသခံနေရပ်ရွာဒေသထဲကို လေယာဉ်နှင့်ဗုံးကျဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကို နေ့စဉ်ပစ်ခတ်နေကြောင်း ဒေသခံတို့မှတစ်ဆင့်သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks