Wednesday, March 11, 2026
More
    spot_img
    Homeသတင်းမင်းစောဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုတွင် ကိုရင် ၁ ပါးနှင့် အရပ်သား ၂ ဦးသေဆုံး

    မင်းစောဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုတွင် ကိုရင် ၁ ပါးနှင့် အရပ်သား ၂ ဦးသေဆုံး

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ၊ မင်းစောကျေးရွာ ဘုန်းတော်ကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကိုရင် ၁ ပါးနှင့် အရပ်သား ၂ ဦး သေဆုံးကြောင်း KNU သထုံခရိုင်က ထုတ်ပြန်သည်။

    ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာထဲကို စစ်ကောင်စီက ဧပြီလ ၁၉ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်က Jet Fighter ဖြင့် ပေါင် ၅၀၀ ဗုံးသီး ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

    စစ်ကောင်စီမှ Jet Fighter ဖြင့် ကြဲချသည့် ဗုံးသည် မင်းစောကျေးရွာဘုန်းကြီးကျောင်း ဆွမ်းစားကျောင်းဆောင်ပေါ် ကျရောက်ပေါင်ကွဲခဲ့သည်။

    စစ်ကောင်စီ Jet Fighter ဖြင့် ဗုံးကြဲသည့်အချိန်သည် ဘုန်းတော်ကြီးများ ဆွမ်းစား‌ချိန်ဖြစ်သည့်အတွက် ကိုရင် ရှင်‌ကေလာသ အသက် ၁၀ နှစ်နှင့် ဆွမ်းကပ်လှူနေသည့် ကျောင်းဒါယိကာမ အသက် ၆၅ နှစ်အရွယ် နော်လှမြင့် အသက် ၆၀ နှစ် နော်မဝဲတို့ ထိမှန်သေဆုံးသွားခဲ့သည်။

    ၎င်းပြင် ဝါတော် ၅ ဝါရှိ ဦးဇင်းဦးဥတ္တရ၊ ဝါတော် ၂ ဝါရှိ ဦးဇင်း ဥူးကိတ္တိ၊ ဝါတော် ၁ ဝါရှိ ကိုရင်ကြီး ရှင်မာနိတနှင့် အသက် ၂၆ နှစ်အရွယ် နော်မုကို့၊ အသက် ၇၀ နှစ်အရွယ် စောမောင်ရွှေ၊ အသက် ၆၂ နှစ်ရှိ စောဂွတို၊ အသက် ၂၇ နှစ်အရွယ် နော်မမိုး၊ အသက် ၂၈ နှစ်အရွယ် စောမောင်နူ၊ အသက် ၄၄ နှစ်အရွယ် စောကျော်ကေ့တို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် မင်းစောရွာဘုန်းကြီးကျောင်း ဆွမ်းစားကျောင်းဆောင်၊ ဓမ္မာရုံနှင့် ကျောင်းစောင်းတန်းလည်း ပျက်စီးသွားခဲ့သည်။

    စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိသည့် မင်းစောကျေးရွာဘုန်းတော်ကြီးကျောင်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု KNU သထုံခရိုင်က ထုတ်ပြန်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks