Wednesday, March 11, 2026
More
    spot_img
    Homeသတင်းဒေါနစစ်ကြောင်း (၃) နှင့် မွန်၊ ကရင်၊ ထားဝယ် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးအရ မဟာမိတ်အဖြစ် ပူးပေါင်းသည်ဟု ထုတ်ပြန်

    ဒေါနစစ်ကြောင်း (၃) နှင့် မွန်၊ ကရင်၊ ထားဝယ် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးအရ မဟာမိတ်အဖြစ် ပူးပေါင်းသည်ဟု ထုတ်ပြန်

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း ဝင်ရောက်နေသည့် စစ်ကောင်စီ စစ်ကြောင်းများကို ထိရောက်စွာ ဟန့်တားနိုင်ရန်နှင့် စစ်ရေးအရ အချိတ်အဆက်မိမိ အရှိန်မြှင့် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ပြီး ဒေါနစစ်ကြောင်း (၃) နှင့် မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များက စစ်ရေးအရ မဟာမိတ်အဖြစ် ပူးပေါင်းသည်ဟု ယနေ့ ဧပြီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။

    တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် ဒေါနစစ်ကြောင်း ၃ (တပ်ခွဲ-၄၊ တပ်ခွဲ-၆၊ တပ်ခွဲ-၇)၊ KNU တပ်မဟာ ၆ တပ်ရင်း ၂၇၊ မွန်ပြည်သစ်ပါတီ (AD)၊ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ABSDF တပ်ရင်း-၁၊ ထားဝယ်တပ်တော် DNLA တို့်က ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။

    “ကျနော်တို့ တနင်္သာရီတိုင်းမှာကျတော့ စုစည်းမှုအား လိုနေတယ်ဆိုတာကတော့ အားလုံးအသိပဲ ဖြစ်တယ်။ အခု ထားဝယ်ခရိုင်ဘက်မှာဆိုလည်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ကနေပြီးတော့ စုစုစည်းစည်းနဲ့ အောင်မြင်မှုရအောင် ကြိုးစားလုပ်ဆောင်နေကြတာလည်း တွေ့နေရတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ဒီရေဖြူမြို့နယ်ဘက်မှာလည်း ရေဖြူမြို့နယ်မှာ အခြေစိုက်နေတဲ့ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ကျနော်တို့တွေ ပူးပေါင်းပြီး တော့ လိုအပ်တဲ့ စစ်ဆင်ရေးတွေကို အရှိန်မြှင့်တင် ဖော်ဆောင်နိုင်ဖို့ ပူးပေါင်းခဲ့တာ ဖြစ်တယ်။ ရေးမြောက်ပိုင်းကနေ ရေဖြူမြို့နယ်ကြားမှာ စစ်ဆင်ရေးလုပ်သွားဖို့ ရှိနေပါတယ်” ဟု ရေဖြူအခြေစိုက် ကံပေါက်တော်လှန်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာဠာဝ က ပြောသည်။

    ထိုပြင် မွန်၊ ကရင်တပ်ဖွဲ့များနှင့် PDF တပ်ဖွဲ့များအကြား အပြန်အလှန် ထိန်းကြောင်းနိုင်ရေးနှင့် လိုအပ်သည့် အကူအညီများ အပြန်အလှန်ပေးအပ်နိုင်ရန်လည်း ပူးပေါင်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

    လက်ရှိတွင် ပူးပေါင်းထားသည့် တော်လှန်ရေးတပ်ဖွဲ့များက ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ မင်းသားကျေးရွာအုပ်စုအတွင်း တိုက်ပွဲများ စတင်ဖော်ဆောင်နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks