spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီ လွတ်ငြိမ်းခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၂၂ ဦး ပါဝင်

    စစ်ကောင်စီ လွတ်ငြိမ်းခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၂၂ ဦး ပါဝင်

    -

    စစ်ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသည့် အကျဉ်းသားထဲတွင် ကနဦးရရှိထားသည့်စာရင်းအရ နိုင်ငံရေးအကျဥ်းသား ၂၂ ဦးသာ ပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။

    လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၂၂ ဦးတွင် ပေါင်းတည်ထောင်မှ ကျား ၂ ဦး၊ ထားဝယ်ထောင်မှ ကျား ၁ ဦးနှင့် မ ၁ ဦး၊ ပြည်ထောင်မှ ကျား ၅ ဦး၊ မ ၄ ဦး၊ ညောင်ဦးထောင်မှ ကျား ၂ ဦးနှင့် မ ၂ ဦး၊ ပခုက္ကူထောင်မှ ကျား ၄ ဦးနှင့် မ ၁ ဦးတို့ ပါဝင်သည်ဟု ဆိုသည်။

    မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် အကျဉ်းထောင်/ အချုပ်ထောင်စခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသူ၊ အကျဉ်းသား ၄၈၉၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်တွင် နိုင်ငံရေးအကျဉ်းသားပါဝင်မှု လွန်စွာနည်းပြီး
    အချို့အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများ လုံးဝ မပါဝင်သည်ကိုလည်း ကနဦးတွေ့ရှိရသည်ဟု PPNM က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks