spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းဘီးလင်းမြို့နယ်၊ မင်းစောရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

    ဘီးလင်းမြို့နယ်၊ မင်းစောရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ မင်းစောကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

    ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က စစ်ကောင်စီက မင်းစောကျေးရွာ ဘုန်းကြီးကျောင်းထဲကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုန်းကြီးကျောင်းတွင် ရှိနေသည့် အမျိုးသမီးနှစ်ဦး သေဆုံးသွားခဲ့ပြီး သံဃာတော်နှစ်ပါးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    မင်းစောကျေးရွာဘုန်းကြီးကျောင်း လေကြောင်း တိုက်ခိုက်ခံရမှုအတွင်း လူ၊ ရဟန်းသံဃာတော်များ ထိခိုက်သေဆုံးမှုရှိသည့်အပြင် ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးသွားကြောင်း ဆိုသည်။

    စစ်ကောင်စီက အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းများနှင့် စစ်ရှောင်ပြည်သူများ နေထိုင်ရာ နေရာများကို လက်နက်ကြီးများ ပစ်ခတ်နေသည့်အပြင် လေယာဉ်များဖြင့်လည်း ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေသည်ဟု KNU ဗဟိုက ယနေ့ ဧပြီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။

    ထိုကြောင့် အရပ်သားပြည်သူများအနေဖြင့် စစ်ကောင်စီတပ် ပစ်မှတ်ထား တိုက်ခိုက်နိုင်သည့် အဆောက်အဦးများနှင့် အဝေးတွင် နေထိုင်ကြရန်နှင့် တိုက်ပွဲဖြစ်ပွားရာ ဒေသများသို့ အရေးပေါ် အကြောင်းကိစ္စမရှိဘဲ သွားလာခြင်းမပြုရန် KNU ဗဟိုက အသိပေး ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks