spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းရွေးကောက်ပွဲကို ဒီဇင်ဘာလတွင် ကျင်းပမည်ဟု UEC ထုတ်ပြန်

    ရွေးကောက်ပွဲကို ဒီဇင်ဘာလတွင် ကျင်းပမည်ဟု UEC ထုတ်ပြန်

    -

    မြန်မာနိုင်ငံဒေသအချို့တွင် ငလျင်ဘေးဒဏ် ဆိုးရွာစွာကြုံတွေ့နေရသော်လည်း စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလတွင် ကျင်းပသွားမည်ဟု ထုတ်ပြန်ကြေညာသည်။

    နိုင်ငံရေးပါတီများ အနေဖြင့် ပါတီမှတ်ပုံတင် အသစ်လျှောက်ထားလိုပါက မေလ ၉ ရက်နေ့ နောက် ဆုံးထား လျှောက်ထားရမည်ဟု UEC က ယနေ့ ဧပြီ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။

    ရွေးကောက်ပွဲကော်မရှင် အနေဖြင့် နိုင်ငံရေးပါတီတည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း၊ ပါတီများ ပူးပေါင်းလျက် ပါတီတစ်ခုတည်းအဖြစ် တည်ထောင်ခြင်း လုပ်ငန်းများ ‌ရွေးကောက်ပွဲအမီ ဆောင်ရွက်နိုင်ရန် မေလ ၉ ရက် နောက်ဆုံးထား ပါတီမှတ်ပုံတင်လျှောက်ထားရမည်ဟု ဖော်ပြထားသည်။

    ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ရစ်(ခ်)တာစကေး ၇ ဒသမ၇ အဆင့်ရှိ ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ ရှမ်းပြည်နယ် အစရှိသည့်ဒေသတို့တွင် လူထိခိုက်သေဆုံးမှု၊ အဆောက်အဦးထိခိုက်ပျက်စီးမှု များပြားခဲ့သည်။

    ငလျင်ကြောင့် ဧပြီလ ၈ ရက်နေ့အထိ သေဆုံးသူ ၃၆၀၀ ကျော်၊ ထိခိုက်ဒဏ်ရာရသူ ၅၀၀၀ ကျော်ရှိနေပြီး ပြိုကျအဆောက်အဦးများထဲတွင် ပိတ်မိနေသူ ရာနှင့်ချီ ရှိနေဆဲချိန်တွင် စစ်ကောင်စီက ငလျင်အတွက် ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူရေးထက်ကို ရွေးကောက်ပွဲကျင်းပရေးအတွက်သာ လုပ်ဆောင်နေခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks