spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းKIA နှင့် TNLA ကြား ညှိနှိုင်းမှုများ စတင်

    KIA နှင့် TNLA ကြား ညှိနှိုင်းမှုများ စတင်

    -

    ကချင်လွတ်လပ်ရေး တပ်မတော် (KIA/KIO) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့ကြား ဆွေးနွေးပွဲအတွက် ရှေ့ပြေး ညှိနှိုင်းမှုများ စတင်နေပြီဟု KIA/KIO မှ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ယနေ့ ဧပြီလ ၉ ရက်နေ့က ရေးသားထားသည်။

    သက်ဆိုင်ရာဒေသတွင်းရှိ မိဘပြည်သူများ နားလည်ကူညီပေးကြရန်နှင့် Online သုံးစွဲသူများ၊ မီဒီယာများ၊ အကြံပေးထောက်ပြလိုသူများထံမှ အပြုသဘောဆောင်သော ကူညီပံ့ပိုးမှုများကို မျှော်လင့်သည်ဟုလည်း ရေးသားထားသည်။

    ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA နှင့် KIA တို့အကြား နယ်မြေအငြင်းပွားမှုကြောင့် နှစ်ဖက်အောက်ခြေတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခများ မကြာခဏဖြစ်ပွားခဲ့သည်။

    မတ်လ ၇ ရက်နေ့ကလည်း ကွတ်ခိုင်မြို့ရှိ KIA ဆက်ဆံရေးရုံးကို TNLA က လာရောက်ဖယ်ရှားရာမှ နှစ်ဖက် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သေးသည်။

    TNLA နှင့် KIA အကြား ပွတ်တိုက်မှုကို ဖြေရှင်းနိုင်ရေး ဗဟိုအဆင့် တွေ့ဆုံညှိနှိုင်း ဖြေရှင်းနိုင်ရေး လုပ်ဆောင်နေသည်ဟု TNLA ဘက်က မတ်လအတွင်းက ပြောဆိုခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks