spot_img
Sunday, June 1, 2025
More
    spot_img
    Homeသတင်းအကောက်အခွန်ကိစ္စကြောင့် ဆီဘောက်ဆာယာဉ်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု NMSP-AD ဆို

    အကောက်အခွန်ကိစ္စကြောင့် ဆီဘောက်ဆာယာဉ်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု NMSP-AD ဆို

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းမကြီးအကြားရှိ ကလိုင်ပဒေါနှင့် ရွာသာအေး ကျေးရွာအကြားတွင် အကောက်ခွန်ကြေးကိစ္စညှိနှိုင်းမှု မပြေလည်သည့် ကျော်ဆန်းစက်သုံးဆီဆိုင်မှ ဆီဘောက်ဆာယာဉ်တစ်စီးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု NMSP-AD မှ လွတ်လပ်သောမွန်သတင်းအေဂျင်စီကို ပြောသည်။

    ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က သံဖြူဇရပ်မြို့မှ ရေးမြို့ဘက်သို့ မောင်းနှင်လာသည့် ကျော်ဆန်းစက်ဆုံးဆီဆိုင်ပိုင် ဆီဘောက်ဆာကားတစ်စီးကို NMSP-AD အဖွဲ့တို့က အခွန်ကိစ္စညှိနှိုင်းပြောဆိုရန် တားဆီးရပ်တန့်ခဲ့ကြောင်း သိရသည်။

    အဆိုပါကျော်ဆန်းဆီဆိုင်မှ လုပ်ငန်းရှင်တို့သည် နယ်မြေဖြတ်သန်းခွင့်အကောက်အခွန်ကို တစ်ကြိမ်တစ်ခါမှ မပေးဆောင်ထားသည့်အပြင် ဖုန်းဖြင့်ဆက်သွယ်သည့်အချိန်တွင်လည်း ဂရုမစိုက်ခြင်းနှင့် ထီမဲ့မြင်ပြုလုပ်နေသဖြင့် ကားနောက်တွဲတွင် ပါလာသည့် ဆီဘောက်ဆာကို ဘေးလွတ်ရာနေတွင်ထားရှိစေကာ ကားခေါင်းပိုင်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောသည်။

    ” တစ်နှစ်ကို သိန်း ၅၀ ဝန်းကျင်ကြားပေးဖို့ ကုမ္ပဏီပိုင်ရှင်နဲ့ ဆက်သွယ်နေတာရှိတယ်၊ ဒါမဲ့ ဂရုမစိုက်ဘူး။ မပေးချင်ဘူး။ ဆိုတော့ ကျနော်တို့လူတွေက ပညာပေးတဲ့သဘောပါ၊ အန္တရာယ်မဖြစ်အောင် ဆီကို တစ်နေရာရာမှာချလိုက်တယ်။ ပြီးတော့ ကားခေါင်း ကို ဖြုတ်လိုက်တယ်။ သွားလို့မရအောင်သဘောပါပဲ။ ဒါပေမဲ့ လုပ်လိုက်တဲ့အခါမှာ ကားကမီးလောင် သွားတယ်။ ကျွန်တော်တို့လူတွေပဲ အကောင်အထည် ဖော်ခဲ့တယ်လို့ပဲ ပြောရမှာဖြစ်ပါတယ် ” ဟု သူကဆိုသည်။

    NMSP-AD မှ ကျော်ဆန်းဆီလုပ်ငန်းရှင်တို့ထံ နယ်မြေဖြတ်ကျော်ခွင့် အကောက်ခွန်ကြေး ကျပ်သိန်း ၂၀၀ တောင်းခံနေသည့်သတင်းသည် မဟုတ်မမှန်ကြောင်းနှင့် တစ်နှစ်စာအခွန်ကြေး သိန်း ၅၀ ဖြင့် သတ်မှတ်တောင်းခံထားကြောင်း ပြန်လည်တုံ့ပြန်ထားသည်။

    ထို့အပြင် ဆီဘောက်ဆာယာဉ်အပေါ် ပါလာသည့် အသက် ၄၅ နှစ်ရှိ ယာဉ်မောင်း ကိုသူရိန်ဝင်း၊ ဇနီးဖြစ်သူ ဒေါ်နော်စေးဖော်နဲ့ ကလေးငယ်နှစ်ဦး၊ အသက် ၃၀ နှစ်အရွယ် ယာဉ်နောက်လိုက် ကိုအောင်မျိုးထွန်းတို့ကို ဖမ်းဆီးထိန်းသိမ်းခြင်းမရှိဘဲ ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

    တော်လှန်ရေးတပ်ဖွဲ့တို့ ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဖြတ်သန်းသွားလာနေသည့်ယာဉ်တို့၏ လုပ်ငန်းအမျိုးအစားအလိုက် အကောက်ခွန်ကြေးတောင်းခံနေခြင်းသည် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး ) NMSP-AD ၏ လုပ်ငန်းစဉ်ဖြစ်ကြောင်း ဆက်ပြောသည်။

    ” ဒါက ကျွန်တော်အဖွဲ့ရဲ့ လုပ်ငန်းစဉ်ဖြစ်တယ်။ တော်လှန်ရေးလုပ်တဲ့အချိန်မှာ အကောက်ခွန်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရသင့်တာတွေ၊ ဥပမာဆို ကျွန်တော်တို့ထိန်းချုပ်ထားတဲ့ မွန်ရွာတွေမှာ ကျွန်တော်တို့ နယ်မြေကို ဖြတ်မယ်ဆို အကောက်ခွန်အသေးအမွှားကအစ ကားအသေး ဆိုလည်း ကားအသေးအလိုက်၊ အကုန်လုံးပေးကြရတာပဲလေ”” ဒါက ကျွန်တော်အဖွဲ့ရဲ့ လုပ်ငန်းစဉ်ဖြစ်တယ်။ တော်လှန်ရေးလုပ်တဲ့အချိန်မှာ အကောက်ခွန်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရသင့်တာတွေ၊ ဥပမာဆို ကျွန်တော်တို့ထိန်းချုပ်ထားတဲ့ မွန်ရွာတွေမှာ ကျွန်တော်တို့ နယ်မြေကို ဖြတ်မယ်ဆို အကောက်ခွန်အသေးအမွှားကအစ ကားအသေး ဆိုလည်း ကားအသေးအလိုက်၊ အကုန်လုံးပေးကြရတာပဲလေ”ဟု ဆက်ပြောသည်။

    အဆိုပါ စက်သုံးဆီတင် နောက်တွဲယာဉ်ပေါ်တွင် ဒီဇယ်ဆီ (၁၄၀၀၀) လီတာ၊ ပရီးမီးယာ ဒီဇယ်ဆီ (၇၀၀၀) လီတာ၊ ဓါတ်ဆီ (၁၄၀၀၀) လီတာ တင်ဆောင်လာကြောင်းနှင့် MNSP-AD အဖွဲ့မှ စက်သုံးဆီတင် နောက်တွဲယာဉ်အား ဝဲခမိကျေးရွာဘက်သို့ ဆွဲယူလာခဲ့ပြီးနောက် စက်သုံးဆီများ ယူဆောင်သွားကြောင်းနှင့် ယင်းနောက်တွဲယာဉ်အား ဝဲခမကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်းအချိန်အထိ တွေ့ရှိနေရကြောင်းလည်း ဒေသခံတို့ကြားပြောဆိုလျှက်ရှိသည်။

    ထို့အပြင် ဆီဘောက်ဆာကားမီးရှို့ခံရသည့် သံဖြူဇရပ်မြို့နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းမကြီးအကြားရှိ နယ်မြေအတွင်း လှုပ်ရှားမှုရှိနေသည့် မွန်ပြည်တော်လှန်ရေးအဖွဲ့ MSRF ကလည်း ဒီဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ဧပြီလ ၆ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

    အမှတ် (၈) ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ သံဖြူဇရပ် – ရေးကားလမ်းပိုင်းတွင် တော်လှန်ရေးအဖွဲ့အစည်းများမှ နယ်မြေစိုးမိုးမှုရယူထားပြီး မော်တော်ယာဉ်များ စစ်ဆေးခြင်းများမကြာခဏ လုပ်ဆောင်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,800SubscribersSubscribe
    spot_img

    Latest posts