spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းပေါင်မြို့နယ်အတွင်းက ဘေးတွဲဆိုင်ကယ်များကို စတင်ဖမ်းဆီးနေ

    ပေါင်မြို့နယ်အတွင်းက ဘေးတွဲဆိုင်ကယ်များကို စတင်ဖမ်းဆီးနေ

    -

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ယနေ့ ဧပြီလ ၇ ရက်နေ့ကစပြီး လမ်းသွား လမ်းလာ ဘေးတွဲဆိုင်ကယ်များကို စတင်ဖမ်းဆီးနေကြောင်း သိရသည်။

    ပေါင်မြို့နယ် ယာဉ်အန္တရာယ်ကင်းရှင်းရေးကော်မတီက ဘေးတွဲဆိုင်ကယ်များကို အရေးယူရန်အတွက် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလကစပြီး ပညာပေးမှုများ လုပ်ဆောင်နေခဲ့သည်။

    ဘေးတွဲဆိုင်ကယ်ကြောင့် ယာဉ်မတော်တဆမှု များလာသည်ဆိုပြီး ဘေးတွဲဆိုင်ကယ်များကို ဖမ်းဆီးခြင်းဖြစ်သည်ဟု ပေါင်ဒေသခံတို့က ပြောသည်။

    “ဒီနေ့စဖမ်းပြီ။ ပေါင်မှာ ဘေးတွဲကြောင့် ယာဉ်တိုက်မှု များလာလို့ဆိုပြီတော့ ဖမ်းတယ်။ ဆက်မောင်းခွင့် ရချင်ရင်တော့ ရဲစခန်းတွေမှာ ပိုက်ဆံသွားပေးကြရတယ်” ဟု ပေါင်ဒေသခံတစ်ဦးက ပြောသည်။

    လက်ရှိ ပေါင်မြို့နယ်အတွင်းရှိ သပြေကုန်း၊ အလှပ်၊ ညောင်ကုန်းလေး၊ ထန်ပင်ချောင် စသည့်ကျေးရွာတို့တွင် ဘေးတွဲဆိုင်ကယ်မောင်းခွင့်ရရန် သက်ဆိုင်ရာရဲစခန်းများထံ လစဉ်ကြေးပေးဆောင်နေကြရသည်ဟု ဆိုသည်။

    “ကျနော်တို့ဘက်မှာတော့ အခု ဒီဘေးတွဲဆိုင်ကယ်တွေကို ဆက်မောင်းခွင့်ချင်တယ်ဆိုရင် ရဲစခန်းတွေမှာ လစဉ်ကြေး အရင်ပေးသွင်ကြရတယ်။ မောင်းခွင့်ရအောင် ပိုက်ဆံပေးရတယ်ဆိုတဲ့ သဘောမျိုးပေါ့။ တစ်ချို့က ၅ ထောင်၊ တစ်ချို့က တစ်သောင်း ပေးနေရတယ်လို့ ကြားထားတယ်။ ပေါင်မှာက ရဲစခန်းနှစ်ခု ရှိတယ်။ တစ်ခုထဲကိုပဲ သွားပေးလို့ မရဘူး။ အလှပ်ရဲစခန်းရော၊ ထန်ပင်ချောင်ရဲစခန်းရော နှစ်ခုစလုံး သွားပေးကြရတယ်။ ဒီမုတ္တမနဲ့ မော်လမြိုင်ဘက်ကကျတော့ မပေးရဘူး” ဟု အထက်ပါ ပေါင်ဒေသခံက ပြောသည်။

    လက်ရှိတွင် ဘေးတွဲဆိုင်ကယ်များကို ဖမ်းဆီးရာတွင် ပေါင်မြို့မရဲစခန်းတွင် ၆ စီး၊ ဇင်းကျိုက်နယ်မြေရဲစခန်းတွင် ၉ စီး၊ မုတ္တမနယ်မြေရဲစခန်းတွင် ၆ စီး ဖမ်းဆီးရမိထားကြောင်း သိရသည်။

    ကနဦးအနေဖြင့် ဖမ်းဆီးရမိသည့် ဘေးတွဲဆိုင်ကယ်များကို ဘေးတွဲဖြုတ်ပြီး ဆိုင်ကယ် ပြန်ပေးကြောင်း နောက်တခါ ဘေးတွဲဖြင့် ထပ်မံဖမ်းဆီးရမိပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည့် မော်တော်ယာဉ်ဥပဒေဖြင့် ဖမ်းဆီးရေးယူသွားမည်ဟု မြို့နယ် ယာဉ်အန္တရာယ်ကင်းရှင်းရေးကော်မတီက ပြောဆိုထားသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks