spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်သွားမည်ဟု (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့သဝဏ်လွှာတွင် မင်းအောင်လှိုင်ပြောကြား

    ရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်သွားမည်ဟု (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့သဝဏ်လွှာတွင် မင်းအောင်လှိုင်ပြောကြား

    -

    စစ်ကောင်စီအဖွဲ့မှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရကို နိုင်ငံတော်တာဝန်လွှဲအပ်ပေးမည်ဟု ယနေ့ မတ်လ ၁၉ ရက်နေ့ (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့အတွက် ပေးပို့သည့် သဝဏ်လွှာတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

    စစ်ကောင်စီအဖွဲ့တို့အနေဖြင့် ပြည်သူလူထု၏ ဆန္ဒဖြစ်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ပေါ်ရေးအတွက် နည်းလမ်းကျ မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး သန္နိဌာန် ချမှတ်ဆောင်ရွက်လျှက်ရှိကြောင်း ဆိုသည်။

    အဆိုပါ ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် အစိုးရကို နိုင်ငံတော်တာဝန်လွှဲအပ်ပေးမည်ဖြစ်ခြင်းကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မွန်တိုင်းရင်းသား အပါအဝင် ပြည်သူအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးရန်လည်း စစ်ခေါင်းဆောင်မှ ၎င်း၏သဝဏ်လွှာတွင် တိုက်တွန်းထားပါသေးသည်။

     ယခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ကျင်းပသွားရန် စီစဉ်ထားကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၇ ရက် ဘယ်လာရုခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

    စစ်ကောင်စီအဖွဲ့မှ ပြုလုပ်သည့် ရွေးကောက်ပွဲကို အယုံအကြည်မရှိသည့်အပြင် အာဏာသိမ်း ၄ နှစ်တာကာလအတွင်း ၇ ကြိမ်အထိ အရေးပေါ်ကာလ သက်တမ်းတိုးနေသည့် စစ်ခေါင်းဆောင်၏စကားကို အယုံအကြည်မရှိကြောင်း မွန်လူငယ်တစ်ဦးက ဆိုသည်။

    "ဒါကတော့ ယုံစရာအကြောင်းကို မရှိဘူးပေါ့ဗျား၊ ဒီလောက်အာဏာမက်တဲ့အဖွဲ့ကလုပ်တဲ့ ရွေးကောက်ပွဲကို ပါဝင်ဖို့မရှိသလို သူတို့ဆီက လာတဲ့စကားတွေဆိုလည်း ပြည်သူတွေကို လိမ်ညာနှိပ်စက်ဖို့နဲ့ တိုင်းရင်းသားလူမျိုးတွေကို နှိမ်ချဖို့တွေချည်းပါပဲ"ဟု ဆိုသည်။

    ထို့အပြင် (၁၉) ကြိမ်မြောက် မွန်ပြည်နယ်နေ့ စစ်ခေါင်းဆောင်၏ သဝဏ်လွှာတွင် ယနေ့ဖြစ်ပေါ်နေသည့် လက်နက်ကိုင် တိုက်ပွဲများအတွင်း ပါဝင်လုပ်ဆောင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတော်အန္တရာယ် ကျရောက်မည့်လုပ်ရပ်များကို ရပ်တန့်ကြရန်လည်း ဖော်ပြထားသေးသည်။

    (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့ကို အထိမ်းအမှတ်ပြခန်းများ၊ ဒေသထွက်ထုတ်ကုန်များ၊ ရိုးရာအစားအစာအရောင်းဆိုင်များဖြင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မတ်လ ၁၈ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ သမိန်ဗရမ်းဘက်စုံသုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    အဆိုပါဖွင့်ပွဲအခမ်းအနားသို့ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့များဖြစ်သည့် ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် အဖွဲ့များ၊ စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးတို့အပြင် ပြည်နယ်ဝန်ကြီးအဖွဲ့တို့  ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

    ထို့ကြောင့် ယမန်နေ့ မွန်းလွဲပိုင်းမှစ၍ မော်လမြိုင် လေဆိပ်နှင့် အနီးဝန်းကျင်တို့ကို အသွားအလာကန့်သတ်ထားသည့်အပြင် မြို့ပေါ် လမ်းဆုံနေရာနှင့် အခမ်းအနားကျင်းပသည့်နေရာအနီးတစ်ဝိုက်တို့တွင် လုံခြုံရေးတင်းကြပ်သဖြင့် မြို့ခံတို့ အသွားအလာခက်ခဲလျှက်ရှိသည်။

    အဆိုပါ မွန်ပြည်နယ်နေ့ အခမ်းအနားကို စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းနှင့် အသေးစားစီးပွားရေးလုပ်ငန်းရှင်တို့မျှတာ တက်ရောက်လျှက်ရှိပြီး မွန်လူမျိုးအများစု စိတ်ဝင်စားမှုမရှိပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks