spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းအကျဉ်သားများကို လက်နက်တပ်ဆင်ပြီး စစ်ကောင်စီက စစ်ရေးအရ ခိုင်းစေနေသည်ဟု PPNM ထုတ်ပြန်

    အကျဉ်သားများကို လက်နက်တပ်ဆင်ပြီး စစ်ကောင်စီက စစ်ရေးအရ ခိုင်းစေနေသည်ဟု PPNM ထုတ်ပြန်

    -

    စစ်ရေးပဋိပက္ခပြင်းထန်သည့် ဒေသရှိ အကျဉ်းထောင်များမှ အကျဉ်းသားများကို စစ်ကောင်စီက အတင်းအဓမ္မ လက်နက်တပ်ဆင်ပေးပြီး စစ်ရေးအရ ခိုင်းစေလာနေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။

    တစ်နိုင်ငံလုံး အထူးသဖြင့် တိုက်ပွဲပြင်းထန်သည့်နေရာအတွင်းရှိ နှစ်ရှည် အကျဉ်းချခံနေသည့် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားများကို စစ်ကောင်စီလက်အောက်ခံအဖွဲ့တို့က ထောင်တွင်းခံစစ်အဖြစ် လက်နက်တပ်ဆင်ပေးပြီး ကင်းစောင့်ခိုင်းစေခြင်းအပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ လာရောက် တိုက်ခိုက်ပါက စစ်သားများနှင့်အတူ ခုခံကာကွယ်ရန် အတင်းအဓမ္မ အမိန့်ပေးစေခိုင်းလာသည်ဟု PPNM တာဝန်ခံ ကိုသိုက်ထွန်းဦးက ပြောသည်။

    “ကျနော်တို့ စိစစ်တဲ့အခါမှာ ဒါကို တွေ့ရှိလာတာ ဖြစ်တယ်။ အထူးသဖြင့်တော့ ကချင်ပြည်နယ် တိုက်ပွဲတွေမှာ ထောင်နဲ့နီးစပ်တဲ့နေရာမှာ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေမျိုးတွေ၊ ထောင်ကို လာရောက်တိုက်ခိုက်တဲ့အခြေအနေမျိုးတွေမှာ စစ်တပ် ဒါမှမဟုတ် ရဲကနေ ဖမ်းဆီးခံထားရတဲ့ ရာဇဝတ်အကျဉ်းသားတွေကို ပြန်လည်အသုံးပြုတာတွေ လုပ်တယ်။ ဒါအပြင် အကျဉ်းထောင်ထဲမှာ နှစ်ကြီးသမား နှစ်အများကြီး ချခံထားရတဲ့သူတွေကို လက်နက်ပေးပြီးမှ ဒီလိုတိုက်ပွဲတွေမှာ ဝင်တိုက်ခြင်းအားဖြင့် အမှုတွေကို ဖြေလျှော့ပေးမယ်ဆိုတဲ့ စည်းရုံးမှုတွေအပြင် ဘာမှမပြောဘဲနဲ့ အမိန့်ပေးစေခိုင်းနေတာမျိုးတွေလည်း ဖြစ်လာနေပါတယ်” ဟု ကိုသိန်းထွန်းဦးက ပြောသည်။

    ၎င်းပြင် စစ်စည်းကမ်း၊ ရဲစည်းကမ်း ဖောက်ဖျက်မှုကြောင့် အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကိုလည်း လက်နက်တပ်ဆင်ပေးပြီး တော်လှန်ရေးတပ်ဖွဲ့များ လာရောက်တိုက်ခိုက်ချိန်တွင် ဗိုလ်အဆင့်ဖြင့် အကျဉ်းထောင်တွင် ဖမ်းဆီးခံရသူများကို တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ပါက ကျခံနေရသည့် ပြစ်ဒဏ်များကို ဖျက်သိမ်းပြီး မူလရာထူးကို ပေးသွားမည့်ဆို သည့် စည်းရုံးမှုများလည်း ရှိနေသည်ဟု ဆိုသည်။

    “၂၀၂၅ မှာ ပိုပြီး ဆိုးဝါးလာတဲ့အခြေအနေလို့ ပြောလို့ရတယ်။ တစ်လေးလုံး(၁၁၁၁) စစ်ဆင်ရေးမှာ လည်း စစ်တပ်ကနေပြီးတော့ ဖမ်းဆီးထားတဲ့ အရာရှိတွေ၊ ဖမ်းခံထားရတဲ့သူတွေကို တိုက်ပွဲတွေမှာ ပြန်လည်ဝင်ရောက်တိုက်ခိုက်ခိုင်းတာမျိုးတွေ ရှိလာတယ်။ ဒီလိုဝင်ရောက်တိုက်ခိုက်ပေးတဲ့အတွက်လည်း အကျဉ်းထောင်ထဲမှ ရှိနေတဲ့ ဖမ်းခံထားတဲ့ အရာရှိတွေကလည်း ပြန်လွတ်မြောက်ပေးတာ ရှိတယ်။ လွတ်မြောက်တယ်ဆိုတာက တိုက်ပွဲတွေမှာ ဝင်ပါခြင်းအာဖြင့် နဂိုရာထူးတွေကို ပြန်လည် ပေးအပ်လိုက်ပြီးမှ အကျဉ်းသားအဖြစ် မသတ်မှတ်တော့ဘဲ ပုံမှန်လူတစ်ယောက်၊ ပုံမှန်အရာရှိ တစ်ယောက်လိုမျိုး သတ်မှတ်ပေးတာမျိုးတွေ လုပ်လာနေတာ တွေ့ရတယ်” ဟုလည်း ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။

    စစ်ကောင်စီအနေဖြင့် အကျဉ်းသားများကို စစ်ရေးအရ အတင်းအဓမ္မစစ်မှုထမ်းခိုင်းခြင်း၊ လက်နက်တပ်ဆင်ပေးခြင်း၊ ဖမ်းဆီးအကျဉ်းချခံထားရသည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို ပြစ်ဒဏ်လွတ်ငြိမ်မှုရရန် စစ်တပ်တွင် တာဝန်ထမ်းဆောင်စေခြင်းများသည် တရားမဝင်လုပ်ရပ်များကို ပေါ်ပေါ်တင်တင် ကျူးလွန်ပြီး စစ်အင်အားဖြည့်တင်းလာမှုကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက် ကြောင်းလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks