spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းလိုင်စင်မဲ့ကားရှိသည့် နေအိမ်တစ်အိမ် ကျပ်တစ်သိန်းကောက်ခံရာမှ ပြန်လည်ရပ်နား

    လိုင်စင်မဲ့ကားရှိသည့် နေအိမ်တစ်အိမ် ကျပ်တစ်သိန်းကောက်ခံရာမှ ပြန်လည်ရပ်နား

    -

    ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအတွင်းရှိ စစ်ကောင်စီ အုပ်ချုပ်ရေးဖွဲ့တို့မှ လိုင်စင်မဲ့ကားရှိသည့် နေအိမ်တို့ကို ကျပ်တစ်သိန်းကောက်ခံနေရာမှ  ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြန်လည်ရပ်နားခဲ့ရသည်ဟု  ဒေသခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည် မတ်လ ၉ ရက်နေ့တွင် အာယုတောင် အုပ်ချုပ်ရေးမှုးအဖွဲ့နှင့် နီးစပ်သူတို့က လိုင်စင်မဲ့ကား မောင်းနှင်အသုံးပြုနေသည့် နေအိမ်တစ်အိမ်လျှင် အာယုတောင်အခြေစိုက် ခမရ-၃၄၃ တပ်သို့  ငွေကျပ်တစ်သိန်း သွားရောက်ပေးဆောင်ရမည်ဟု တစ်အိမ်တက်တစ်အိမ်ဆင်း လာရောက်ပြောကြားထားကြောင်း ဒေသခံတို့မှ သိရသည်။

    ငွေကြေးကောက်ခံနေသည့်ကိစ္စကို  အထက်တာန်ဝန်ရှိသူတို့၏ ခွင့်ပြုချက်မရှိဘဲ မဆင်မခြင်လုပ်နေသဖြင့် ‌ ပြန်လည် ရပ်ဆိုင်းသွားရသည်ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

    ” လိုင်းမဲ့ကား တစ်သိန်း ကောက်နေတာကို အခုမကောက်တော့ဘူး ဘာလို့ဆို သူတို့အရာရှိတွေက မသိဘဲနဲ့ ကောက်ချင်ရာကောက်နေတော့ မဖြစ်သင့်ဘူးဘာညာပေါ့ အဲ့ကြောင့်သူတို့ရပ်လိုက်တာ ပေးပြီးတဲ့သူတွေက ပြန်ရလာမရလာတော့ မသိဘူး ” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ထို့အပြင် ငွေကြေးကောက်ခံမှုကို ရပ်နားထားသော်လည်း ခမရ-၃၄၃ ထံ ငွေကြေးသွားရောက် ပေးဆောင်ထားသူတို့လည်း ရှိနေပြီး ပြန်လည်မရရှိနေကြောင်း ဆက်ပြောသည်။

    အာယုတောင်ဒေသခံ အများစုတို့ လိုင်စင်မဲ့ကားများကို ခြံလုပ်ငန်းနှင့် ရွာနှင့် အနီးတစ်ဝိက်နေရာတို့တွင် အသုံးပြုမောင်းနှင်လျှက်ရှိသော်လည်း ယခုကဲ့သို့ အာမခံချက် တစ်စုံတစ်ရာမပေးဘဲ တရားလက်လွတ် ငွေကြေးကောက်ခံ နေသည့်အပေါ်  မဖြစ်သင့်ကြောင်း ဒေသခံ ယာဉ်မောင်းတစ်ဦးက ဆိုသည်။

    ”  ဒီတစ်သိန်းကိုပေးရင် လိုင်စင်မရှိပဲနဲ့ သွားလို့ရလား မွန်ပြည်နယ် မပြောနဲ့ ရေးမြို့နယ်‌လောက်ပဲထားတော့ သူတို့ဘယ်လိုအာမခံပေးမှာလဲ ဟုတ်တယ်မလား မဖြစ်သင့်တဲ့ဟာတွေ ပြီးတော့ ကောက်မယ်ဆိုရင်လဲ ရွာအများနဲ့ကောက်ဘာမဖြစ်ဘူး အခုကအာယုတောင်မှာပဲကောက်နေတာ” ဟု လိုင်းစင်မဲ့ကားပိုင်ရှင်တစ်ဦးက ပြောသည်။

    အာယုတောင်အခြေစိုက် ခမရ-၃၄၃ အဖွဲ့နှင့် အုပ်ချုပ်ရေးမှုတို့မှ ဒေသခံတို့ထံ ရွာအတွင်းအထိ အကြောင်းမဲ့ စစ်ဆေးမှုပြုလုပ်ခြင်း၊ ငွေကြေးကောက်ခံခြင်းနှင့် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုတို့ကို မကြာခဏ လုပ်ဆောင်လျှက်ရှိသည်။

    လက်ရှိတွင်လည်း အာယုတောင်အခြေစိုက် ခမရ-၃၄၃ အဖွဲ့တို့သည် ကွမ်းဒူး၊ တောင်ဘုံ၊ သောင်ပြင်၊ အာယုတောင်စသည့် ရွာအတွင်းအပြင်နှင့် ရွာချင်းဆက်လမ်းတို့တွင် စစ်ဆေးရေးဂိတ်တိုးချဲ့ဖွင့်လှစ်ထားပြီး စားနပ်ရိက္ခာသယ်ဆောင်ခွင့် ကန့်သတ်ခြင်း၊ ဖြတ်သန်းသွားလာခွင့် ကတ်သတ်ခြင်း၊ လိုင်စင်မဲ့ ယာဉ်များကို သိမ်းဆည်းခြင်းတို့ကို အဓိက လုပ်ဆောင်နေကြောင်း သိရသည်။

    ထို့သို့ ကျေးရွာလမ်းပိတ်ဆို့ကာ စစ်ဆေးမှုလုပ်ဆောင်နေချိန်တွင်လည်း ရေးဘီးလူးအဖွဲ့နှင့် မကြာခဏတိုက်ခိုက်ခံနေရပြီး ယခုလအတွင်း တောင်းစွန်းရွာထိပ်နှင့် ကွန်ဒူးရွာရှိ စစ်ကောင်စီအဖွဲ့တို့ကို   ရေးဘီလူးမှ ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks